Monday, October 22, 2012

တိုင်းရင်းသား လူနည်းစုများအတွက် ဂျပန်က ကန်ဒေါ်လာ ၃ သန်း ပေးမယ်

Monday, 22 October 2012ဂျပန် အစိုးရနဲ့ တွဲဖက်လုပ်နေတဲ့အ ကျိုးမမျှော် အဖွဲ့အစည်း တခုက မြန်မာနိုင် ငံက လက်နက်ကိုင် တိုင်းရင်း သား လူနည်းစု တွေအတွက် လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ အကူ အညီ အဖြစ် အမေရိကန် ဒေါ် လာ ၃ သန်းအကူအညီပေးမယ်လို့ ဂျပန်သတင်းတွေက ဆိုပါတယ်။ ဒါပေမယ့် မြန်မာ အစိုးရရဲ့ ထောက်ခံအတည်ပြုချက်လိုမျိုးတော့ လိုအပ်မယ်လို့ AP သတင်းတခုက ဆိုပါတယ်။ဂျပန်နိုင်ငံက The Nippon Foundation က ပြောတာမှာတော့ အစားအသောက် ၊ ဆေးဝါးအကူအညီတွေကို ပေးဖို့ ကြာ သပတေးနေ့ကတိုကျိုမှာ ကျင်းပပြုလုပ်တဲ့ တိုင်းရင်းသားအုပ်စု ၂၀ ရဲ့ ကိုယ်စားလှယ်တွေ ပါတဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ( UNFC) နဲ့ တွေ့ဆုံပွဲမှာကြေညာခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာတော့ အခုလက်ရှိ အစိုးရနဲ့ စစ်ပွဲတွေဖြစ်နေတဲ့ ကချင်
လွတ်မြောက်ရေးအဖွဲ့( KIO )အပါအ၀င် UNFC အဖွဲ့ပါ တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ထဲက ၁၀ ဦးက ကိုယ်စားလှယ်တွေအဖြစ်တက်ရောက်ခဲ့တာပါ။ဆွေးနွေးပွဲမှာတော့စာနပ်ရိက္ခာတွေကို တောင်တန်းဒေသတွေ
ကို ကျော်ပြီး ဘယ်လို ပို့ပြီးကူညီရမလဲဆိုတာလည်း ပါဝင်ပါတယ်။

No comments: