Monday, October 22, 2012

ဆွီဒင် Scania ကားတွေ မြန်မာပြည်မှာ တင်သွင်းဖြန့််ဖြူးမယ်

Monday, 22 October 2012
ဆွီဒင် နိုင်ငံ Scania ကား ကုမ္ပဏီက ကားတွေ မြန်မာနိုင်ငံကို တင်သွင်း ဖြန့်ဖြူးတော့ မှာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုနား ဟော်တယ်မှာ ဆွီဒင် Scania ကားကုမ္ပဏီ နဲ့ မြန်မာနိုင်ငံ က Ocatagon International Services Company တို့ကြား မြန်မာနိုင်ငံမှာ တင်သွင်းဖြန့်ဖြူးမှု တဦးတည်း ကိုယ်စားလှယ်အဖြစ် သဘောတူလက်မှတ် ထိုးလိုက်ကြတာပါ။မြန်မာ ကုမ္ပဏီဟာ ၂၀၀၇ ခုနှစ်ကတည်းက ဆွီဒင်ကားကုမ္ပဏီထံက ကား အစီးရေ ၅၀၀ လောက် တင်သွင်းခဲ့ဖူးပါတယ်။ အခုတော့ လျှပ်စစ်မီး အားပေးစက်တွေလည်း တင်သွင်းဖြန့်ဖြူးသွားမှာပါ လို့ နိုင်ငံပိုင် သတင်းစာက ဆိုထားပါတယ်။

No comments: