Monday, October 22, 2012

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းစံပြကျေးရွာတွင် မီးတိုက်မှုများဆက်ဖြစ်

Monday, 22 October 2012
၂၂.၁၀.၂၀၁၂ ရက် နံနက် ၆း၀၀ နာရီလောက်မှ စတင်ပြီး သရက်အုပ် ဘင်္ဂလီကုလားရွာ ဘင်္ဂလီကုလားများ သည် မိမိတို့ ကျေးရွာကို မီးရှိုးထွက်ပြေးနေသည်ဟု သိရှိရပါသည်။ အခြေအနေကို ဆက်လက် စုံစမ်းကြည့်ရာ မီးမှာ ဆက်လက် လောင်းကျွမ်းနေပါသည်။ စစ်တပ်နှင့် ရဲများမှ လုံခြုံရေးယူပြီး ဘင်္ဂလီကုလားများမှ ၂၁.၁၀.၂၀၁၂ ရက်နေ့ကမင်းပြားမြို့နား ပိုက်သည်ရွာတွင် အခင်းဖြစ်ပွားမှု ကို ကြောက်လန့်ပြီး ထွက်ပြေးကြခြင်းဖြစ်နိုင်သည်ဟု စုံစမ်းသိရှိရပါသည်။ ယခုအခါ ပန်းမြောင်းကျေးရွာမှ လူများသည် အခြေအနေကို စောင့်ကြည့်လျှက်ရှိကြပြီး ဘင်္ဂလီများသည် စက်လှေဘုတ် တို့ဖြင့် လေးမြို့မြစ်အတိုင်း ထွက်ပြေးလျှက်ရှိသည်ဟု မျက်မြင်သက်သေ တယောက်က အခိုင်အမာပြောပြ ပါသည်။

No comments: