Wednesday, October 24, 2012

တွင်ကျယ်လာတဲ့ တယ်လီဖုန်းနဲ့ အင်တာနက် သုံး၊ သတင်းပို့မှု

Wednesday, October 24, 2012
သတင်းထောက်တွေရဲ့သတင်းပို့နေရတဲ့ မြင်ကွင်းတ ခု ပါ။ သတင်းကတော့ မြန်မာ့ အလင်း သတင်းစာပါ သတင်းတခုဖြစ်ပါတယ်။ ယခု နေပြည်တော် ရေ ဆင်း မှာ ကျင်းပနေတဲ့ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ သတင်းတွေအတွက် သတင်းတွေကို အချိန်နဲ့ တပြေး ညီ သတင်းပို့နိုင်တယ်လို့ ရေးထားပါတယ်။ အကြောင်းကတော့ ရေဆင်းအနီးဝန်းကျင်မှာ ဆက် သွယ်ရေး တာဝါတိုင်တွေ လုံလောက်အောင် စိုက် ထူ ပေးထားလို့ GSM, CDMA, WCDMA တယ် လီဖုန်းတွေသုံးပြီးကွန်ပျူတာနဲ့ ချိတ်ဆက်ကာ အင် တာ နက် အသုံးပြုနိုင်တာကို ရေးသားဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ က သတင်းထောက်တော်တော်များ များ အဲဒီလို တယ်လီဖုန်းနဲ့ အင်တာနက်အသုံးပြုမှုက ပိုအဆင်ပြေနေတာမို့ သတင်းပေးပို့ရာမှာ အချိန်နဲ့ တပြေးညီ သတင်းပို့နိုင်နေတာ တွင်ကျယ်လာပေ မယ့် နေရာတိုင်းမှာတော့ မဟုတ်ပါဘူးတဲ့။ ဖုန်းလိုင်းမမိတဲ့ နေရာတွေမှာဆိုရင် အင်တာနက်လည်း မရကြဘူးလို့ ဆိုပါတယ်။ တယ်လီဖုန်းလိုင်းက လည်း တချို့နေရာတွေရောက် ရင် လူကြီးမင်းနဲ့ တွေ့ရ ကြုံရတာ များတယ်လို့ သိရပါတယ်။

irrawaddy


No comments: