Wednesday, October 24, 2012

နေပြည်တော်က ဘတ်ဂျက်၊ စီမံကိန်း၊ အခွန်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

Wednesday, October 24, 2012
လွှတ်တော်ဘတ်ဂျက်၊စီမံကိန်းနှင့်အခွန် အကောက် ဆိုင် ရာအလုပ်ရုံဆွေးနွေးပွဲ တခု ကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံမှာ ယမန်နေ့အောက် တိုဘာလ၂၃ရက်နေ့ကကျင်းပခဲ့ပါတယ်။ဥပဒေရေး
ရာနဲ့အထူးကိစ္စ ရပ်များဆိုင်ရာ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မတီဝင်ဦးစိုးသိန်းကဘတ်ဂျက်ရေး ဆွဲရာမှာ အခြေခံကျတဲ့ ကိစ္စတွေနဲ့ သိကောင်းစရာတွေကို ဆွေးနွေးသွားခဲ့ပါတယ်။ ဒီပွဲကို ပြည်သူ့ လွှတ်တော်တာဝန်ရှိသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်အပါ အ၀င် လွှတ်တော်အမတ်တွေလည်း တက်ရောက်ကြပြီး လွှတ်တော်အမတ် တွေက မရှင်းသည့်အကြောင်းများကိုလည်း မေးမြန်း ဆွေးနွေးမှုတွေ
လုပ်ခဲ့တယ်လို့ ကြေးမုံသတင်းစာမှာ ဖော်ပြပါတယ်။ ဒီမိုကရေစီခိုင်မာစေရေးအတွက် လွှတ်တော်ကိုယ်စား လှယ်တွေ အရည် အချင်း ပြည့်ဝစေဖို့ ရည်ရွယ်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပတယ်လို့ ဖော်ပြရေး သားပေမယ့် အသေးစိပ်ဆွေးနွေးချက်တွေကိုတော့ သတင်းစာမှာ ဖော်ပြမထားပါဘူး။

irrawaddy

No comments: