Wednesday, October 24, 2012

အဝေး ကွင်းတွင် ရှုံးနိမ့် ခဲ့ရ သည့် လက်ရှိ ချန်ပီယံ ရှာတာဒိုးနက် ၂ – ၁ ချဲလ်ဆီး

Wednesday, October 24, 2012
ဒွန်းဘန်စ် အာရီနာ ကွင်းတွင် ချန်ပီယံလိဂ် အုပ်စု အဆင့် တတိယမြောက် ပွဲစဉ် အဖြစ် အိမ်ရှင် ရှာတာ အသင်းနှင့် လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသ

င်းတို့ ယှဉ်ပြိုင် ကစားခဲ့ ကြသည်။ ယခု ၂သင်းမှာ Group E ၏ အုပ်စုတွင်း ရပ်တည်မှု အဖြစ် ၄မှတ်စီ ရရှိ ကာ အုပ်စု ပထမနှင့် ဒုတိယ ၂သင်း၏ တွေ့ ဆုံမှု လည်းဖြစ်သည်။ ယနေ့ ပွဲတွင် ချဲလ်ဆီး အသင်းမှ ပြည်တွင်း ပွဲပယ် ခံထား ရသည့် အသင်း ခေါင်ဆောင် ဂျွန်တယ် ရီ ပွဲထွက် ပါဝင် ကစားခဲ့သည်။အိမ်ရှင် အသင်းတွင် ဂိုး ပီယာတော့ ၊ နောက်တန်းတွင် ဆာနာ၊ ကူချာ၊ ရာကစ်စကီး၊ ရတ်၊ အလယ်တန်းတွင် ဟတ်ချပ်စ်မန်း၊ ဖာနန်ဒင်ဟို၊ အဲလက်စ်၊ တိုင်စီးရီးယားနှင့် တိုက်စစ်တွင် ဝီလျှံနှင့် အန်ဒရီယာနို တိုက် ပွဲထွက် လာခဲ့သည်။ထို့ အတူ ချန်ပီယံ ချဲလ်ဆီး အသင်းမှာလည်း ဂိုး ဆက်ခ်ျ၊ နောက်တန်းတွင် အိုင်ဗန်နိုဗစ်၊ တယ်ရီ၊ လူးဝစ်၊ ကိုးလ်၊ အလယ်တန်း တွင် အော်စကာ၊ ရာမီးရပ်စ်၊ မီခေးလ်၊ မာတာ၊ လမ်းပတ် တို့နှင့် အတူ တိုက်စစ်မှုး တောရက်စ် အား အထောင် တိုက်စစ်မှုး အဖြစ် ထားရှိကာ ပွဲထွက် လာခဲ့သည်။ပွဲကို ရှာတာ အသင်းမှ အပေးအယူ ပြုလုပ်ပြီး စတင် ခဲ့သည်။ ပွဲစလို့ ၃မိနစ် မှာပင် အိမ်ရှင် အသင်းမှ ဦးဆောင် ဂိုး ရရှိ သွားခဲ့သသည်။ ၄င်း ဂိုးကို တိုင်စီးရီးယားမှ လက်ပစ်ဘော မှ တဆင့် ရရှိသော အခွင့် အရေးအား အသုံးချပြီး ရှာတာ အသင်း အတွက် ဦးဆောင်ဂိုး သွင်းယူ ပေး ခဲ့ခြင်းဖြစ် ပါသည်။ ဂိုးပေး လိုက် ရသည့် အတွက် ချန်ပီယံ အသင်းမှာ ချေပဂိုး ရရှိရေး အတွက် တိုက်စစ်ကို မြှင့် ကစားလာ ခဲ့သည်။ ပွဲချိန် ၇မိနစ်တွင်
အော်စကာ၏ အဝေး ကန်သွင်းမှု ရှာတာ ဂိုးသမား ဖမ်းမိ သွားခဲ့သည်။ သို့သော် ချဲလ်ဆီး အသင်းမှ ဘောလုံး ကို စိတ်ကြိုက် ကိုင်ကစား ကာ ထိုးဖောက်နိုင် ခြင်း မရှိပဲ ရှာတာ အသင်း၏ အပြန် အလှန် ထိုးဖောက်မှုကို ခုခံ နေ ခဲ့ရသည်။ပွဲချိန် ၁၆မိနစ်တွင် ရှာတာ၏ အဓိက ကစားသမား ဝီလျှံ ချဲလ်ဆီး ဂိုး ဧရိယာ ထိပ်မှ အပိုင် ကန်သွင်းမှု ဂိုးဘားကျော် သွားခဲ့သည်။ ထို့နောက် ချဲလ်ဆီး ကွင်းလယ် ကစားသမား လမ်းပတ် ဒဏ်ရာ ရ ခဲ့သဖြင့် ဟာဇက် လူစားဝင် ကစားခဲ့သည်။ ပထမပိုင်း မိနစ် ၂၀ အထိ အိမ်ရှင် ရှာတာ အသင်းမှ ပိုမို ထိုးဖောက် တိုက်စစ်ဆင် ကစားနေ ခဲ့သည်။ ပွဲချိန် ၂၂ မိနစ်တွင် ချဲလ်ဆီး နောက်တန်းလူ ကိုးလ် ရှာတာ ဂိုးသမားအား တွန်းလှဲ သည့် အတွက် အဝါကဒ် ပြသ ခံခဲ့ ရသည်။ ရှာတာ တိုက်စစ် ကစားသမား ဝီလျှံမှာ ပထမပိုင်း တွင် ခြေစွမ်း ပြ ကစားနေ ခဲ့သည်။ပွဲချိန် ၂၅ မိနစ်တွင် ချဲလ်ဆီး တိုက်စစ်မှုး တောရက်စ် ဂိုးဧရိယာ အတွင် တစ်ကိုယ်တော် ထိုးဖောက် ကာ ချပေးသည့် ဘောလုံး ကို ပိတ်သွင်းမည့် သူ မရှိ သဖြင့် နစ်နာ ခဲ့ရသည်။ ထို့နောက် ရှာတာ အသင်းမှ ပင် ဆက်လက် ဖိကစားနေ ခဲ့ပြီး ချဲလ်ဆီး အသင်းမှာ တန်ပြန် တိုက်စစ်ကိုသာ အဓိကထား ကစားနေ ခဲ့သည်။ ရှာတာ အသင်းမှ စိတ်ကြိုက် ဖန်တီး ကန်သွင်းခွင့် များ ပြုလုပ် ခဲ့သော်လည်း အဆုံးသတ် မသေချာ သောကြောင့် ဂိုး ထပ်မံ မရရှိ ပဲဖြစ်နေ ခဲ့သည်။ ပွဲချိန် ၃၄ မိနစ်တွင် ကွင်းလယ်မှ အော်စကာ ချပေးသော ဘောလုံးကို ရှာတာ ဂိုးစည်း အတွင် တောရက်စ် ဆွဲဝင် ပြီး ကန်သွင်းရန် ကြိုးစား ခဲ့သော်လည်း ဂိုးသမား ဖမ်းယူနိုင် ခဲ့သည်။ပွဲချိန် ၃၈မိနစ် တွင် တာယန်၏ အနီးကပ် ကန်သွင်းမှု ကို ဂိုးသမား ဆက်ခ်ျ အစွမ်းပြ ပုတ်ထုတ် ကာကွယ် ခဲ့သဖြင့် ရှာတာ အသင်း ဒုတိယ ဦးဆောင်ဂိုး မရရှိ ခဲ့ခြင်း ဖြစ်သည်။ ၄င်း ထောင့် ကန်ဘောမှ တဆင့် ဟတ်ချပ်စ်မန်း၏ အနီးကပ် ကန်သွင်းမှု ကို ဂိုးသမား ဆက်ခ်ျ ထပ်မံ လက်စွမ်း ပြ ခဲ့ပြန်သည်။ ဂိုးသမား ဆက်ခ်ျ၏ လက်စွမ်းကြောင့် သာ ရှာတာ အသင်း အနေဖြင့် ပထမပိုင်း တွင် ဂိုးများ ရရှိမည့် သေချာပေါက် အခွင့်အရေး များအား ဂိုး မရရှိ ပဲဖြစ်နေ ခဲ့သည်။ ပွဲချိန် ၄၃မိနစ် တွင် ဖာနန်ဒင်ဟို ၏ အဝေး ကန်သွင်းမှု ကို ဆက်ခ်ျ ထပ်မံ ကာကွယ် ခဲ့ပြန်သည်။ ပထမပိုင်း တွင် ချဲလ်ဆီး အသင်းမှာ ဟာကွက် များစွာ ဖြစ်ပေါ်နေ ခဲ့ပြီး ဒုတိယ ပိုင်းတွင် နည်းပြ ဒီမက်တီယို အနေဖြင့် မည်သို့ ပြန်လည် ပြင်ဆင်မည်ကို စောင့်ကြည့် ရမည် ဖြစ်သည်။ ပထမပိုင်း တွင် ဟာဆက်၊ မာတာ၊ အော်စကာ တွဲလုံး များမှ အချိတ် အဆက် အားနည်း လွန်းလှ သည်ကိုတွေ့ ရသည်။ပွဲချိန် မိနစ် ၄၉တွင် ဘယ်ခြမ်းမှ ဟာဆက် ချပေးသည့် ဘောလုံးကို မာတာ အပိုင် ကန်သွင်းခွင့် ရခဲ့သော်လည်း ဂိုးဘား ကျော် သွားခဲ့သည်။ အိမ်ရှင် ရှာတာ အသင်း အတွက် ဒုတိယ ဦးဆောင်ဂိုး ကိုတော့ ပွဲချိန် ၅၂မိနစ်တွင် ဖာနန်ဒင်ဟို မှ သွင်းယူ သွားခဲ့ခြင်း ဖြစ်သည်။ ၄င်း ဂိုးမှာ ကွင်းလယ်တွင် ဟာဇက်၏ စူးစိုက်မှု အားနည်းသည့် ကစားပုံမှ တဆင့် အန်ဒရီယာနို ဘောလုံး ရကာ ဆွဲပြေးပြီး အသင့်ပါ လာသော ဖာနန်ဒင်ဟို အား ချပေးသည့် ဘောလုံးကို ဖာနန်ဒင်ဟိုမှ အနီးကပ် ဆက်ခ်ျ၏ ညာဘက်ထောင့် ထဲသို့ ကန်သွင်း ခဲ့ခြင်း ဖြစ်သည်။ပွဲချိန် ၅၇မိနစ်တွင် ရာမီးရက်စ် ၏ အဝေးကန် သွင်းမှု ရှာတာ ဂိုးသမား ပုတ်ထုတ် ကာကွယ် ခဲ့သည်။ ဆက်လက်ပြီး ရှာတာ အသင်းမှ ဖိကစားနေ ခဲ့ကာ ပွဲချိန် ၆၀မိနစ်တွင် ၏ အဝေးကန် သွင်းမှု လွဲချော် သွားခဲ့သည်။ ပွဲချိန် ၆၇မိနစ်တွင် တန်ပြန် တိုက်စစ်မှ ထိုးဖောက် လာသည့် ချဲလ်ဆီး ကစားသမား ဟာဆက်အား ကြမ်းတမ်းစွာ ကစားသည့် ရှာတာ ကစားသမား ကူချာ အဝါကပ် ပြသ ခံခဲ့ရသည်။ ၄င်း ပြစ်ဒဏ်ဘော ကို မာတာ ကန်တင်ပေးသော် လည်း ရှာတာ ကစားသမားများ ဖျက်ထုတ်နိုင် ခဲ့သည်။ ပွဲချိန် ၇၀မိနစ်တွင် ယနေ့ပွဲမှာ အထူးခြေ စွမ်းပြနေသည့် ရှာတာ ကစားသမား ဖာနန်ဒင်ဟို ၏ အဝေးကန် သွင်းမှု ဂိုးတိုင်ဘေးမှ ကပ်ထွက် သွားခဲ့သည်။ ထို့နောက် ချဲလ်ဆီး အသင်းမှ ခြေစွမ်း မပြနိုင်သော တိုက်စစ်မှုး တောရက်စ် အစား စတားရစ်ခ်ျ ဝင်ရောက် ကစားခဲ့သည်။ပွဲချိန် ၇၄မိနစ်တွင် တန်ပြန် တိုက်စစ်မှ တဆင့် ဟာဇက် ဂိုးဧရိယာ အတွင်း အနီးကပ် ကန်ခွင့် ရသော်လည်း ကန်ချက်ပျော့ကာ ဂိုးသမား ဖမ်းယူ သွားခဲ့သည်။ ပွဲချိန် ၇၉မိနစ်တွင် စတားရစ်ခ်ျ ချပေးသည့် ဘောလုံးမှ တဆင့် ဟာဇက် လွတ်ထွက် သွားပြီး ဂိုးသမားနှင့် တစ်ယောက်ချင်း အတွေ့ အပိုင် ကန်ခွင့် ရရှိသော်လည်း ဂိုး ဝင်အောင် မသွင်းနိုင် ခဲ့ပေ။ ပွဲပြီး ဆုံးခါနီး အချိန်တွင် ချဲလ်ဆီး အသင်းမှာ တန်ပြန် တိုက်စစ်ဆင်ခွင့် များ ရရှိ ခဲ့သော်လည်း လူပေး မှားယွင်းမှု များကြောင့် ထိရောက်မှု မရှိခဲ့ပေ။ ချဲလ်ဆီး အသင်း အတွက် ပထမ ချေပဂိုး ကိုတော့ ပွဲချိန် ၈၈မိနစ်တွင် ညာခြမ်းမှ အိုင်ဗန်နိုဗစ် ချပေးသည့် ဘောလုံးကို အော်စကာမှ အနီးကပ် အပိုင် ကန်သွင်း ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ချဲလ်ဆီး အသင်းမှာ ချေပဂိုး ရရှိရန် နာကျင် အချိန် ပို ၃မိနစ် အတွင်း အထူး ကြိုးစား ကစား လာခဲ့သော်လည်း ဂိုးထပ်မံ သွင်းယူနိုင် ခြင်း မရှိ ခဲ့ပေ။ထို့ကြောင့် ပွဲပြီးဆုံး ချိန်တွင် ချန်ပီယံ ချဲလ်ဆီး အသင်းမှာ အဝေး ကွင်းတွင် ရှာတာ အသင်းအား ၂ဂိုး ၁ဂိုးဖြင့် ရှုံးနိမ့် သွားခဲ့ ရသည်။ ယနေ့ပွဲတွင် ရှာတာ အသင်းမှ ဝီလျှံနှင့် ဖာနန်ဒင်ဟို တို့ အထူးခြေစွမ်းပြ ကစားသွား ခဲ့သလို ချန်ပီယံ ချဲလ်ဆီး အသင်းမှာ အသင်း လိုက်ရော၊ တစ်ဦးချင်း စွမ်းဆောင် မှု တွင်ပါ ရှာတာဒိုးနက် အသင်အား မယှဉ်နိုင် ပဲ အရှုံး ပေး ခဲ့ရခြင်း ဖြစ်သည်။ ချဲလ်ဆီး အသင်းမှာ ယနေ့ ပွဲတွင် အာရုံ စူးစိုက်မှု လျော့ကာ တိုက်ပွဲ ဝင်စိတ် အားနည်းနေ သည်ကို လည်းတွေ့ ခဲ့ရသလို ယနေ့ပွဲ အရှုံးကြောင့် အုပ်စုတွင်း ရပ်တည်မှု တွင် ဒုတိယနေ ရာကို ဆင်းပေးလိုက် ရပြီ ဖြစ်ပါသည်။

ဝင်ရိုး
Myanmar Striker

No comments: