Wednesday, October 24, 2012
ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် (၃) အဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် ပေါ်တူဂီ ကလပ် စပို့တင်း ဘရာဂါ တို့ အင်္ဂလန်နိုင်ငံ အိုးထရတ်ဖို့ဒ်ကွင်းတွင် ယှဉ်ပြိုင် ကစား ခဲ့ကြသည်။
ယနေ့ပွဲတွင် အိမ်ရှင် အသင်း သည် ၎င်းတို့၏ ထုံးစံ အတိုင်း ပြိုင်ဘက် အသင်းအား
ဦးဆောင် ဂိုးများ ပေးခဲ့ ရသည်ကို တွေ့ရပြီး ပွဲအပြီးတွင်မှ အနိုင် ရလဒ်
ရယူနိုင် ခဲ့သည်။ပွဲအစ မိနစ် (၂၀) အတွင်း မှာပင် ဧည့်သည် ဘရာဂါ အသင်းမှ အသင်းခေါင်းဆောင် အလန်၏ ဂိုးများဖြင့် ဦးဆောင်ဂိုး နှစ်ဂိုးဆက်တိုက် သွင်းယူခဲ့ကာ ရလဒ်ကောင်း ရယူရန် ကြိုးစား ခဲ့သော်လည်း အိမ်ရှင်အသင်း၏ တိုက်စစ်ကို မထိန်းချုပ်နိုင် ခဲ့ချေ။မန်ယူ အသင်း အတွက် ဂိုးများ ကို ပွဲကစားခွင့် ပြန်လည် ရရှိခဲ့သည့်
ချီချာရီတိုမှ နှစ်ဂိုး သွင်းယူပေး ခဲ့ကာ ကျန်တစ်ဂိုးကို နောက်ခံလူ အီဗန်က
သွင်းယူ ခဲ့ခြင်း ဖြစ်သည်။ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် (၃) အဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် ပေါ်တူဂီ ကလပ် စပို့တင်း ဘရာဂါ တို့ အင်္ဂလန်နိုင်ငံ အိုးထရတ်ဖို့ဒ်ကွင်းတွင် ယှဉ်ပြိုင် ကစား ခဲ့ကြသည်။
ဗျိုင်းအို
Myanmar Striker

No comments:
Post a Comment