Monday, October 29, 2012
ဆီးကျိတ်ကင်ဆာရောဂါသည် အမျိုးသားတိုင်းတွင် မဖြစ်ပွားနိုင်သော်လည်း (ယောကျာ်းဖြစ်ခြင်း ဆီး ကျိတ်ပါရှိပြီးယောက်ျားဟော်မုန်းဓာတ်ရှိခြင်းကြောင့် အသက် ၅၀ကျော် လာပါက မလွဲမသွေ ရင်ဆိုင် ရဖွယ်ရှိနေသည်။အသိနှင့်သတိထားသင့်သောရော ဂါတစ်ခုဖြစ်ခြင်းကြောင့် အဆိုပါရောဂါ ၏ လက္ခ ဏာများ၊ ကုသမူအတွက် အထောက် အ ကူပြုနိုင်သော အစားအသောက် အနေ အထိုင်နှင့်ရှောင် ရန် ဆောင်ရန်အချက်များကို ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ဘုန်းမြင့်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး။ ။ ဆီးကျိတ်ကင်ဆာရောဂါကဘယ်လိုအသက်အရွယ်အပိုင်းအခြား မျိုးမှာ အဖြစ်များ တာကို တွေ့ရပါ သလဲ ?
ဖြေ။ ။ ဆီးကျိတ်ကင်ဆာက လွန်ခဲ့ဆယ်စုနှစ်လောက်ကထက် အခုနှစ် အပိုင်းအခြားမှာ ပိုမိုများပြား လာတာကို တွေ့ရပါတယ်။ အသက်အရွယ် အားဖြင့်တော့ အသက် (၅၀)ကျော် အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ် ပွားဖို့ အခွင့်အရေးပိုများလာတယ်။ ဆီကျိတ်ကင်ဆာက အသက် ၅၀ကျော် အသက်အရွယ်ပိုင်းမှာ ဖြစ်တာက အသက်ရွယ် ၈၀ကျော် အမျိုးသားတွေ ထက်ကို ၂ဆ ၃ဆ လောက် ပိုဖြစ်အများတာကို တွေ့ရပါတယ်…….။
မေး။ ။ ဆီးကျိတ်ကင်ဆာရောဂါလက္ခဏာကို (၂)မျိုးခွဲခြားတယ်လို့ သိရပါတယ်။ ဘယ်လိုရောဂါ လက္ခဏာမျိုးတွေပါလဲ ?
ဖြေ။ ။ ဟုတ်ပါတယ်။ ပိတ်ဆို့တဲ့ လက္ခဏာနှင့် လှုံ့ ဆော်တဲ့ လက္ခဏာ ဆိုပြီးရှိတယ်။ ပိတ်ဆို့ လက္ခဏာက ဆီးသွား လမ်းကြောင်းကို ပိတ်ဆို့ခြင်း၊ ဆီးပေါက်ရ ခက်ခြင်း၊ ဆီးလုံးသေးသွားခြင်း၊ ဆီးပန်း အားပျော့သွားခြင်း၊ ဆီးသွား ရင်ပြတ်တောင်း ပြတ်တောင်း ဖြစ်ခြင်း၊ ဆီးကျန်တာ များလာခြင်း၊ ဆီး အိမ်တင်းပြီး ဆီးမပေါက်နိုင်ခြင်းတို့ဖြစ်ပေါ်တက်ပြီးတော့ လှုံ့ဆော်တဲ့ လက္ခဏာကတော့ ဆီးသွား တဲ့အခါ အကြိမ်ပိုများလာခြင်း၊ ညပိုင်းဆီး သွားချိန် ပိုများလာခြင်း၊ တခါတလေ ဆီးမထိန်နိုင်ခြင်း၊ ဆီးယိုစိမ့်တာတို့ ဖြစ်ပါတယ်။
မေး။ ။ ရောဂါဖြစ်ပွားမှုရှိမရှိကို ဘယ်လိုလက္ခဏာမျိုးတွေက သိရှိနိုင် ပါသလဲ ?
ဖြေ။ ။ ဆီးကျိတ်ကင်ဆာကနေ ဘေးတွေကို အရိုးတွေဘာတွေပျံနှံသွားရင် နာကျင်ကိုက်ခဲတာ တွေ ခံစားရတက်တယ် ။ သွေးအားနည်းတဲ့ လက္ခဏာ။ အသက်ကြီးတဲ့ အမျိုးသားတွေ လိပ်ခေါင်း သွေးယိုတာတို့ တခြားအကြောင်း ကြောင့်သွေးထွက် စရာမရှိဘဲနဲ့ သွေးအားနည်းလာရင် သတိထားသင့်ပါ တယ်။ ကိုက်ခဲတာဖြစ်လာရင် ရိုးရိုးဒူလာကြောင့်မဟုတ်ပဲနဲ့ ဆီးကျိတ်ကင် ဆာကြောင့်ဖြစ်တဲ့ လက္ခဏာ ဖြစ်တယ်၊ ဒူလာလဲဖြစ်မယ် သွေးအားလည်း နည်းမယ် ဆိုရင်တော့ ဆီးကျိတ် ကင်ဆာဖြစ်မဖြစ်ကို အမြန်ဆုံးသိအောင် တတ်ကျွှမ်းနားလည်တဲ့ဆရာဝန်တွေနဲ့ တိုင်ပင် စမ်းသပ်မှု လုပ်ဖို့လိုပါတယ်။ အခြားလက္ခဏာတွေက ဆီးထဲမှာသွေးပါ လာခြင်း၊ တချို့ သောဆီးကျိတ်
ကင်ဆာမှာသုတ်ထဲ သွေးပါခြင်းများရှိပြီး၊ ရိုးရိုးဆီးကျိတ်ကြီးတာတွေ ကလည်း ဆီးထဲသွေးပါလာ တို့ ဖြစ်ပေါ်တက်တယ်။
မေး။ ။ ဘယ်လိုမျိုးတွေကြောင့် ဆီးကျိတ်ကင်ဆာအဖြစ်များတာကို တွေ့ရပါသလဲ။
ဖြေ။ ။ ရိုးရိုးဆီးကျိတ်ကြီးတာဖြစ်နိုင်သလို ဆီးကျိတ်ကင်ဆာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေက အသက် ၄၀ နှင့် ၆၀ ကြားရောက်လာရင် င်္ကျားဟော်မုန်းဓာတ် နည်းတယ်၊ နေလို့ ထိုင်လို့ကောင်းအောင် ယောကျာ်း ကိစ္စလေးပိုပြီး သန်စွမ်း လာစေချင် တဲ့ ရည်ရွယ်ချက် အမျိုးမျိုး ကြောင့်
ယောကျာ်းလေး ဟော်မုန်းဓာတ်တက်စထရိုထရုမ်းဓာတ် ပါတဲ့ ဆေးတွေ သောက်ကြတယ်၊ ထိုးကြတယ်၊ လူကိုအတိုင်းအတာ တစ်ခုအထိနေလို့ ထိုင်လို့ ကောင်းပေမဲ့ ဆီးကျိတ်ကင်ဆာဖြစ်ဖို့ အခွင့်အလမ်းပိုများတာကို တွေ့ရတယ်။
မေး။ ။ ရောဂါလက္ခဏာရှိမရှိကို ဘယ်လိုစမ်းသပ်စစ်ဆေးမူတွေနဲ့ သိရှိနိုင်ပါသလဲ ?
ဖြေ။ ။ ဆီကျိတ် လက္ခဏာဖြစ်လာလျှင် သွေးထဲမှာပါတဲ့PSA (Prostatic Speclfic Antigen) ဓာတ်ကို စစ်ရမယ်။ PSA ကနှစ်မျိုးရှိပါတယ်။ Total PSA နှင့် Free PSA ဆိုပြီးတော့ပေါ့။ PSA တက်လာလျှင် ဆီးကျိတ် ကင်ဆာဖြစ်နိုင်မူရှိပါတယ်။ PSA တက်နေတာ သေချာပြီဆိုရင် စအိုတွင်း လမ်းကြောင်း လက်နှိုက်ပြီးစမ်းသာရာတွင် ဆီးကျိတ်မှာ ဗြုတ်လေးတွေ ထနေမယ်။ အလုံး အကြိတ် အခဲတွေရှိနေမယ်။ မာခဲခဲကြီးတွေ စမ်းမိမယ် ဆိုရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေများမယ်။ အဲအတွက် ဆီးကျိတ်ရဲ့ အသားစကို အပ်နဲ့ယူပြီး ဓာတ်ခွဲခန်းမှာ စမ်းသပ်စစ်ဆေးပြီး ဆီးကျိတ် ကင်ဆာ ဖြစ်/မဖြစ်ကိုလည်း စစ်ဆေးနိုင်ပါတယ်။
မေး။ ။ အစားသောက်ပိုင်းမှာရော ဘယ်လိုရှောင်ရန် ဆောင်ရန် အချက်လေးတွေများရှိပါသလဲ ? ဖြေ။ ။ အတောင်ပံရှိတဲ့ သတ္တ၀ါတွေဖြစ်တဲ့ ကြက်၊ဘဲ၊ဘဲငန်း၊ကြက်ဆင် တို့ရဲ အရေပြားအောက်က အဆီပြင်တွေ စားသုံးခြင်းကလည်း ဆီကျိတ် ကင်ဆာဖြစ်ပွားနှူန်းပိုမြင့်မားတယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ စမ်းသပ်သုတေသနပြုချက်တွေမှာ ဖော်ပြထားတာတွေ့ရတယ်။ ပဲပုပ်၊ပဲပိစပ် တို့မှာထုတ်လုပ်တဲ့ အစား အစာ၊နို့တို့ကိုစားသောက်ခြင်းကတော့ ဖိုင်တို အီစတိုဂျင်ဓာတ် တွေပါတဲ့အတွက် ဆီးကျိတ်ကင် ဆာ ဖြစ်နိုင်ချေကို အတိုင်းအတာတခုထိကာကွယ်ပေးနိုင်ပြီး၊ ခရမ်းချဉ်သီးအစိမ်း တခုခု ပြင်ဆင်ထားသော ခရမ်းချဉ်သီးအခွံတွင်ပါသော လိုင်းကိုဖင်း (Lycopime) ဓာတ်က ဆီးကျိတ်ကင် ဆာဖြစ်နိုင်ချေလျှော့ ချပေးနိုင်တာကိုတွေ့ရပါတယ်။ ဆီးကျိတ် ကင်ဆာဖြစ်သူများတွင် စလေမီယမ် Selemium ဓာတ်နည်းနေတဲ့ အတွက်ကြောင့် Selemium ဓာတ်ပါတဲ့ ပန်းဂေါ်ဖီအစိမ်း တခြားဟင်းသီး ဟင်းရွက်တွေကို စားသုံးခြင်းဖြင့် ဆီးကျိတ်ကင်ဆာရောဂါကိုကာကွယ်မှူပေး နိုင်မလားဆိုတာကို သေချာအောင် စမ်းသပ်စစ်ဆေးမူတွေ လုပ်နေကြ ပါတယ်……….။
မေး။ ။ ရောဂါကုသမူတွေကရော ဘယ်လို ကုသမှုမျိုးတွေရှိပါသလဲ ?
ဖြေ။ ။ ဆီးကျိတ်ကင်ဆာရောဂါက သွေးကြောကနေတဆင့် တခြားနေရာ အစိတ်အပိုင်း တွေကို ပျံ့နှံ့မှူရှိမရှိပေါ်မှူတည်ပြီး ထုတ်ပယ်ဖို့ ခွဲစိတ်ကုသ ရပါတယ်။ အစိတ်အပိုင်းတစ်ခုခုကို တခြားပျံ့ သွားပြီး မသေချာတော့လျှင် လမ်းကြောင်းချဲ့  ခြင်း၊ ကင်ဆာဆေးများ၊ ဟော်မုန်းဆေးများ သွင်းကာ ကုသခြင်း ၊ ရောဂါအခြေအနေဆိုးလျှင်ဓာတ်ရောင်ခြည်ပြပြီးကုသလို့ရ ပါတယ်။
မေး။ ။ အခြား ကုသမူနည်းလမ်းတွေကရော ရှိပါသေးသလား ?
ဖြေ။ ။ ဝေဒနာရှင်အချို့က ခွဲစိတ်သင့်ပြီး ကျန်းမာရေးအခြေအနေအရ ခံနိုင်ရည်မရှိတာတွေ ကြောင့် မှန်ပြောင်းနှင့်ဆီးကျိတ်ကိုခြစ်ခြင်း၊လမ်းကြောင်းပွင့်အောင်လုပ်ခြင်း၊ ယောကျာ်း ဟော်မုန်းဓာတ်ကိုတိုက်ဖျက်
တဲ့ဆေးတိုက်ခြင်း တို့နဲ့ ရောဂါထိန်းနိုင်ပါတယ်။ ခက်ခဲနက်နဲတဲ့ ရောဂါ အခြေနေတွေမှာ အဆင့်လိုက်ကုသ မူတွေရှိပါ တယ်။ ဟော်မုန်းဓာတ်ကို ထိန်းတဲ့နေရာမှာ ဆေးနဲ့ထိန်းတာရှိသလို ကပ္ပယ်အိတ်မှာရှိတဲ့ ယောကျာ်း ဟော်မုန်း ဓာတ်ထုတ်တဲ့ အဆံလေးတွေကို ခြစ်ထုတ်ပစ်တဲ့ နည်းနဲ့လည်း
ဟော်မုန်းဓာတ်ကို နည်းသွားအောင် ထိန်းချုပ်လို့ရပါတယ်။
မေး။ ။ ဝေဒနာရှင်တွေများရှိခဲ့ရင် ဆရာအနေနဲ့ ကုသမူအတွက် ဘယ်လို တိုက်တွန်းအကြံပြုလို ပါသလဲ ?
ဖြေ။ ။ ဘယ်ရောဂါပဲဖြစ်ဖြစ် ရောဂါတစ်ခုဖြစ်ပွားခဲ့ပြီဆိုရင်တော့ ကုသဖို့၊ ထိန်းဖို့အတွက် ဆေးအမြဲ ရှိပါတယ်။ ဒါကြောင့် ရောဂါဖြစ်တယ်ဆိုရင် သက်ဆိုင်တဲ့ ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ကုသမှု တွေခံယူသင့် ပါတယ်။ ဆေးကုသမှုနည်း လမ်းတွေက ကောင်းကျိုးနဲ့ ဆိုးကျိုးအမြဲရှိတက် တဲ့အတွက် သက်ဆိုင်ရာ ဆရာဝန်များကလည်း လူနာကို နားလည်အောင် ရှင်းပြရမယ်။ လူနာအနေနဲ့ ဆရာဝန်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ဆေးကုသမူ ခံယူသင့်ပါတယ်လို့ အကြံပြုလိုပါတယ် ………။
(ဆီးကျိတ်ကင်ဆာအတွက် အချိန်ပေး၍ သိလိုသမျှ ဖြေကြားပေးခဲ့ပါသော ဆီးနှင့် ကျောက်ကပ်ခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာဘုန်းမြင့်အား အထူးပင်ကျေးဇူးတင်ရှိပါသည်)
Myit Makha Mediagroup

No comments:
Post a Comment