Monday, October 29, 2012

ကျောက်ဆည်ဆင်ပွဲတော် စည်စည်ကားကား ကျင်းပ

Monday, October 29, 2012
ကျောက်ဆည်မြို့ရွှေသာလျောင်း ဘုရား ဂေါပကအ ဖွဲ့နှင့် ခရိုင်အထွေထွေ  အုပ်ချုပ်ရေး တို့မှ ကြီးမှူး ကျင်းပသည့်ကျောက် ဆည်မြို့ဆင်ကအလှပြိုင်ပွဲ ဖွင့်ပွဲကိုယနေ့မနက်၈နာရီကမန်းလေးတိုင်းဒေသြ

ကီးအစိုးရအဖွဲ့ဝန်ကြီး ဦးရဲမြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းတို့မှ ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့သည်။ ပြိုင်ပွဲကို ၁၀နာရီဝန်းကျင်က စတင်ယှဉ်ပြိုင်နေပြီးသုံးနေရာခွဲကာဒိုင်အဖွဲ့ဝင် သုံး ဖွဲ့ဖြင့်ပြိုင်ပွဲဝင် ဆင်ကောင်ရေ ၂၂ကောင် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီးရိုးရာ ဆင် ပထမ ဆု ငွေကျပ် ၆ သိန်း၊ဒုတိယဆု ၅ သိန်းကျပ် ၊တတိယဆု ၄ သိန်းကျပ်၊ ဘော်ကျယ်ဆင် ပထမဆု ၅သိန်းကျပ်၊ဒုတိယဆု ၄ သိန်းကျပ်၊ တတိယဆု ၃ သိန်းကျပ်၊ ကလေးဆင်ပထမဆု ၃ သိန်းကျပ်၊ ဒုတိယဆု ၂ သိန်းကျပ်၊တတိယဆု ၁သိန်းကျပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ကျောက်ဆည်ဆင်ပြိုင်ပွဲအတွက် ငွေကျပ်သိန်း ၁၅၀ ကျော် ကုန်ကျရန်လျာထား ပြီး နှစ်စဉ်မ ပျက်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ယနေ့ည ၈နာရီတွင် ဆုများကို ချီးမြှင့်သွား မည် ဖြစ်ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ အဖွဲ့ဝင် ဦးအောင်သန်း က
ပြောသည်။

Popular Myanmar News Journal

No comments: