Tuesday, October 23, 2012
စလစ်ဈေးနှုန်းမြင့် တက်လာ မှုနှင့်အတူ ရန် ကုန်မြို့ကားဈေးကွက် အတွင် ကားဈေးနှုန်းများ (၁၅)ရာနှုန်းကျော် မြင့် တက်လာကြောင်း ကား အရောင်းစင်တာများနှင့် အရောင်းအ၀ယ် လုပ် ကိုင်ကြသူများထံမှ သိရှိရသည်။ ယခင်က ကားစလစ်တစ်စောင်လျှင် ကျပ်သိန်း (၇၀) သာရှိခဲ့သော်လည်း “ဗ”အက္ခရာများ ယာဉ်ေ ဟာင်းများ ကို စတင်လက်ခံခဲ့သည့် စက်တင်ဘာလ (၅) ရက်နေ့မှစ၍ တစ်ပတ်အကြာတွင် ကားစ လစ်ဈေးနှုန်း မှာ ကျပ်သိန်း (၉၀) သို့မြင့် တက်လာခြင်းဖြစ်သည်။“စလစ်ဈေးက သိန်း(၉၀) ဆိုတော့ ဈေးလည်းလျော့ရောင်းလို့ မရတဲ့အခြေအနေ။ စလစ်ဈေးကြောင့် ကားဈေးလည်း နည်းနည်းပြန်ပြီး တက်လာတယ်။ ပြီးတော့ အပေါ်ကားတွေကလည်း အရောင်းအဝယ် နည်းသွားတယ်”ဟု ဟံသာ ဝတီ ကားရောင်းဝယ်ရေးစခန်းမှ ကား ဝယ်/ရောင်း ဦးစိုးမြင့်က ပြောသည်။ယခုဈေးကွက်အတွင်း ကားစလစ်တစ်စောင်လျှင် ကျပ်သိန်း (၉၀) ဝန်းကျင်ဖြင့် ရှိနေပြီး ယခင်က ကားများ၏အခွန် နှုန်းသည် ယခင်က ၆ဝ ရာခိုင်နှုန်းရှိသော်လည်း ယခုအခါ ၄ဝ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ကားအရောင်းအ၀ယ်လုပ်ကိုင်ကြသူများထံမှ သိရှိရသည်။
ကားစလစ်ဈေးနှုန်းမြင့်တက်ခဲ့သည့်အတွက်ကားဝယ်သူများအတွက် အခက် အခဲဖြစ်ပေါ်ခဲ့ပြီး ပြန်ရောင်းရာ တွင်လည်း ဈေးလျော့ရောင်း၍ မရသောကြောင့် ကားအရောင်းစင်တာများနှင့် ဈေးကွက်ထဲတွင် အရောင်းအ၀ယ် အနည်း ငယ် အေးသွားခြင်းဖြစ်ကြောင်း ကားဝယ်/ ရောင်းလုပ်ကိုင်ကြ သူများက ပြောသည်။ရန်ကုန်မှ ကားဝယ်သူများအများစုမှာ Showroom များတွင် ရောင်းချ လျက်ရှိသော ကားများကိုသာ ဝယ်ယူနေခြင်း ဖြစ်ပြီး ပြန်လည်ရောင်း ချသူအချို့မှာလည်း ကားအရောင်းစင်တာများနှင့် ကားအရောင်း ပြပွဲများပြု လုပ်ချိန်တွင်ဝယ်ယူ၍ အခြားနယ်မြို့များသို့ ပြန်လည်ရောင်းချမှုများကြောင့် အပြင်ဈေးကွက်ထက် ကားအရောင်းစင်တာများတွင် ဝယ်ယူသူများနေ ကြောင်း သိရသည်။ “အပြင်မှာ ပြန်ရောင်းတဲ့သူတွေက ကျွန်တော်တို့ဆီက ကားတွေကို ပြန်ယူပြီး ပြန်ရောင်းနေကြာတာ ကို တွေ့ရ တယ်။ ကားစင်တာတွေမှာဆို အပြင်မှာဖြစ်နေတဲ့ မော်ဒယ်လွှဲတာတို့၊ ကားနှာပေါက် ပြန်ဖောက် ထားပြီး လိမ်ရောင်းတာ မျိုးတွေ မရှိဘူးလေ”ဟု Sakura ကားအရောင်းစင်တာမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။လက်ရှိ ဈေးကွက်အတွင်းအခြေအနေအရစလစ်ဈေးနှုန်းကြောင့် အောက်ကားအချို့ ဈေးအနည်းငယ်မြင့် တက်လာခဲ့ပြီး အဝယ်နည်းသွားပေမယ့် အပေါ်ကားဈေးများဖြစ်သော ကျပ်သိန်း (၄၂၀-၄၅၀) ဝန်းကျင်ရှိ Landcruiser ကား များ၊ ကျပ်သိန်း (၃၀၀-၃၄၀) ဝန်းကျင်ရှိ Prado ကားများ၊ ကျပ်သိန်း (၂၉၀-၃၄၀) ဝန်းကျင်ရှိ Surf ကားများမှာ ရန်ကုန် ဝယ်လက်များနှင့် နယ်မှမှာယူသော ဝယ်လက်များ ရှိနေသည်အတွက် အရောင်းအဝယ်ဖြစ်နေကြောင်းကိုလည်း သိရသည်။
Myit Makha Mediagroup

No comments:
Post a Comment