Tuesday, October 23, 2012

ငြိမ်းချမ်းရေးဆွေးနွေးရန် KIO သဘောတူ

TUESDAY, OCTOBER 23, 2012
အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကချင်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) က သဘောတူ လိုက်ပြီလို့ ကေအိုင် အိုခေါင်းဆောင်တွေနဲ့ ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ သွားရောက်တွေ့ဆုံ ဆွေးနေ
ွးခဲ့တဲ့ ငြိမ်းချမ်းရေး အ ကျိုးတော်ဆောင် အဖွဲ့ဝင်တွေက ပြောပါတယ်။ငြိမ်း ချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ကိစ္စ ကေ အိုင်အိုဗ ဟိုကော်မတီဝင်အားလုံးနဲ့မနေ့က ဆွေးနွေးရာမှာ သဘော တူညီမှု ရခဲ့တာဖြစ်ပြီး ဒီကိစ္စ အစိုးရကိုပြန် အကြောင်းပြန်ရမယ်လို့ လိုင်ဇာကို သွားရောက်ခဲ့ တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။နှစ်ဘက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကျင်းပဖို့ သဘောတူထားပြီး ကျင်းပမယ့်ရက်ကိုတော့ ရှေ့တန်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေတွေပေါ်မှုတည်ပြီး သတ်မှတ်သွားဖို့ ရှိနေတယ်လို့လည်း ပြော ပါတယ် ။ “ပထမ အချက်ကတော့ နိုင်ငံတော်အစိုးရနဲ့ ကမ်းလှမ်းတဲ့အပေါ်မှာငြိမ်းချမ်းရေးဆွေးနွေးဖို့ သဘောတူတယ် လက်ခံပါတယ်ဆိုတာက တချက်။ ဒုတိယအချက်က ရွှေလီမြို့မှာ ဆွေးနွေးဖို့ သဘောတူပါတယ် ဆိုတာက တချက်။ တတိယအချက်က ရက်ကတော့ မသတ်မှတ်ရသေးဘူး။ ရက်သတ်မှတ်ဖို့အတွက်က ရှေ့တန်းမှာ စစ်မက်ဖြစ်ပွားနေတဲ့ အခြေအနေကိုပြန်သုံးသပ်ပြီးတော့မှ ရက်သတ်မှတ်ဖို့ကို ပြန်အကြောင်းကြားမယ်လို့
ပြောပါတယ်။ ၂၉ ရက်နေ့က တွေ့ဆုံတုန်းက ကေအိုင်အိုဥက္ကဋ္ဌ ကိုယ်တိုင်က ပြောတာရှိပါတယ်၊ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးဖို့ သဘောတူတယ်ဆိုတာ။ အခုလည်း နိုင်ငံရေးနည်းလမ်းအ ရ ဆွေးနွေးဖို့ သဘောတူတဲ့ အခြေအနေပေါ့လေ။” အစိုးရနဲ့ ကေအိုင်အိုတို့ အကြား ပြီးခဲ့တဲ့မတ်လ က ရွှေလီမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပခဲ့ပြီးကတည်းက ထပ်မလုပ်နိုင်သေးတဲ့အတွက် ငြိမ်းချမ်းရေး အကျိုးဆောင်တွေ က ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့အရေး သွားရောက်ကြိုးပမ်းခဲ့တာပါ။ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က ကေအိုင်အိုအဖွဲ့ထံ အောက်တိုဘာ ၁၀ ရက်နေ့ နေ့စွဲနဲ့ စာပို့ကာ ရွှေလီနဲ့ မူဆယ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းထားပြီးဖြစ်ပါတယ်။ ကေအိုင်အိုအဖွဲ့က လည်း ဆွေးနွေးပွဲပြန် စဖို့ကိစ္စနဲ့ ပတ်သက်တဲ့သဘော ထားကို အကျိုးဆောင်တွေကတဆင့် အစိုးရကို စာပြန်ပေးပို့ထားတယ်လို့ 
သိရပါတယ်။ငြိမ်းချမ်းရေးအကျိုးဆောင်တွေကတော့ လာမယ့် အောက်တိုဘာ ၂၅ ရက်နေ့မှာ ကျရောက်မယ့် ကချင်လွတ်လပ်ရေး တပ်မတော် နှစ်ပတ်လည် အခမ်းအနားပြီး မှ ဆွေးနွေး ပွဲ ပြန်စ တင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

DVB

No comments: