Wednesday, October 24, 2012
အေးရှားဝေါကုမ္ပ္ပဏီမှ မန္တလေး လားရှိုးလမ်း မကြီးချဲ့ ထွင် ရာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ နယ် နားအိုက်ခန်းကျေးရွာရှိ လူနေအိမ်ခြံစည်းရိုးနှင့် အုတ်တံတိုင်း များပါရှိသွား မှုအပေါ် ပြန်လည်ဆောင် ရွက်ပေးခြင်းမရှိသေးကြောင်း ဒေသ ခံများထံမှ သိရသည်။အောက်တိုဘာ လ(၂၀)ရက်နေ့မှစတင် ၍ အေးရှားဝေါကုမ္ပဏီမှ လမ်းချဲ့ထွင်ရာ
၎င်းကျေး ရွာရှိ ရွာသူရွာသားများအား ကြိုတင် အကြောင်ြး ကြားခြင်း မရှိပဲ
လုပ်ဆောင်မှုကြောင့် ကားလမ်း မကြီး နံဘေးရှိ လူနေအိမ်ခြေ (၉)လုံး၏ အိမ်ရှေ့
ခြံစည်းရိုးအုတ် တံတိုင်းများနှင့် သစ်ပင်၊ ပန်းပင်များပါသွားခဲ့သည်။"
တခြားရွာတွေမှာက လမ်းမကြီးဘေးကို သုံးပေလောက်ပဲချဲ့တာ၊ ကျွန်တော် တို့ရွာထဲမှာလမ်းချဲ့တော့ လမ်းဘေးကို (၇)ပေ လောက်ချဲ့သွားတယ်၊ ခြံစည်းရိုးတွေ ၊ အုတ်တံ တိုင်းတွေ နဲ့ ခြံထဲမှာစိုက်ထားတဲ့ အပင်တွေလဲပါသွားတယ်"ဟု ဂေါ်ရခါးလူမျိုးကျေးရွာဥက္ကဌတစ်ဦးဖြစ်သည့် ဦးထူလဘိုင် က ပြောသည် ။ကျေးရွာစာ သင်ကျောင်းမျက်နှာစာရှိ ကျောင်းသူကျောင်းသားများ စိုက်ပျိုး ထားသော ပန်းပင်များ ၊အရိပ်ရသစ်ပင်များနှင့် လူနေအိမ်များ၏ ခြံစည်းရိုးများကို ဘူဒိုဇာနှစ်စီးဖြင့် ထိုးချေသွားမှုအပေါ် ကုမ္ပ္ပဏီမှတစ်စုံတစ်ရာပြန်လည် ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ကိုလည်း ဒေသ ခံများထံကသိရသည်။`အဲ့ဒီနေ့က ကျွန်တော်က စိုက်ခင်းကိုသွားနေ တာ၊ ပြန်လာတော့ အိမ်ရှေ့က ခြံစည်း ရိုးရော ခြံထဲမှာစိုက်ထားတဲ့ အပင်တွေ ပါမရှိတော့ဘူး ဘေးကအိမ်နီးနားချင်း (၈) အိမ်လည်း အဲ့လိုဖြစ်နေတယ်၊ တစ်ကယ်တမ်းဆို ကြိုတင်ပြီး အကြောင်းကြား သင့်တာပေါ့´ ဟု ရွာသားတစ်ဦးဖြစ်သူ ဦးအောင်မြင့်ထွန်းကပြောသည်။ခြံစည်း ရိုး များ ပါရှိသွားသော နေအိမ်များမှာ ၁၉၉၈-၉၉ ခုနှစ်ဝန်းကျင်တွင် တရားဝင် ၀ယ်ယူထားသော ဂရံပေါက်မြေများ ဖြစ်ပြီး ဂရံမှ မြေတိုင်းအရ အိမ်ရှေ့မျက်နှာစာအချို့မှာ (၇) ပေအထိပါရှိသွားခဲ့ကြောင်း သိရသည်။အဆိုပါကိစ္စနှင့်ပတ်သက်၍ အဓိကလမ်းမကြီးများ ချဲ့ထွင်ခြင်းနှင့် ပတ်သက်၍ နစ်နာမှုများရှိပါက ကုမ္ပဏီမှ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကိုလည်း အေးရှားဝေါ ကုမ္မ္ပဏီ မှ လမ်း/တံတားပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးကဆိုသည်။"မိန်းလမ်းမကြီးကိုချဲ့မယ်ဆိုရင်တော့ ကြိုတင်အကြောင်းကြားရတာမျိုး မရှိပါဘူး၊ ကျွန်တော်တို့ အဲ့ရွာမှာ ဖြစ်တဲ့ကိစ္စကို သိတောင် မသိရသေးပါဘူး၊ ရွာသူရွာသားတွေအတွက် နစ်နာမှုရှိခဲ့ရင်တော့ ကုမ္မ္ပဏီက စစ်ဆေးပြီး ဆောင် ရွက်ပေးသွားမှာပါ " ဟု ကျောက်မဲ အေးရှားဝေါကုမ္ပဏီမှ လမ်း/တံတားပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
Myit Makha Mediagroup

No comments:
Post a Comment