Wednesday, October 24, 2012

ရှစ်လေးလုံး သမိုင်းအခြေခံ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမည်

Wednesday, October 24, 2012
ရှစ်လေးလုံး သမိုင်းမှတ်တမ်း အခြေခံ ရိုက်ကူးမည့် ''ချွန်စေမြ စေစော'' ရုပ်ရှင်ဇာတ်ကားကြီးကို လာ မည့်နှစ်တွင် ရိုက်ကူးနိုင်ရန် ပြင် ဆင်နေပြီ ဟု နိုင် ငံရေးအကျဉ်း သ
ားဟောင်း များအဖွဲ့ချုပ်မှ ကိုညို ထွန်း (ဒါရိုက်တာ သျှိုညိုထွန်းသိမ်း) က ပြောသည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ သျှိုညို ထွန်းသိမ်းက ရိုက်ကူးသွား မည်ဖြစ်ပြီး ငြိမ်း ချမ်းရေးနှင့်မိဘသားသမီးမတ္တာ အကြောင်း ကျော ရိုးထား၍ ၁၉၈၇ ခုနှစ်မှ ၈၈ ခုနှစ်အတွင်း မဆလ တစ်ပါတီခေတ်၏အားနည်း ချက် ကြောင့် ဖြစ်ပေါ် လာသောအခြေ အနေများကို ဇောင်းပေးရိုက်ကူး သွားမည်ဟု သိရသည်။ ''သရက်ထောင် မှာ ကျနေ တုန်း ဖရိန်ရခဲ့တဲ့ ဇာတ်လမ်းကို လွန်ခဲ့တဲ့ ခြောက်လလောက်က စရေး ဖြစ်တာပါ။ နယ် ကနေ ဆေး ကျာင်းလာတက်တဲ့ ကျောင်းသား တစ်ယောက် အကြောင်းပါ'' ဟု ကိုညိုထွန်းက ပြောသည် ။ဇာတ်ကားရိုက်ကူးနိုင်ရေး အတွက် အနုပညာအကြံပေးအဖွဲ့၊ ဇာတ်ညွှန်း အကြံပေးအဖွဲ့၊ သမိုင်းနှင့် ဝတ်ဆင်ရေးအကြံပေး အဖွဲ့၊ သရုပ်ဆောင် ရွေးချယ်ရေး အဖွဲ့၊ သတင်းထုတ်ပြန်ရေး အဖွဲ့၊ ဆက်တင်အကြံပေးအဖွဲ့၊ တည်း ဖြတ်အကြံပေးအဖွဲ့ ဟူ၍ အဖွဲ့ ၇ ဖွဲ့ခွဲကာ ဆောင်ရွက်လျက်ရှိ ကြောင်း ၄င်းက ပြောသည်။ယင်းဇာတ်ကားကြီးတွင် ဇာတ်ညွှန်းခွဲ တာဝန်ယူထားသော စာရေးဆရာ မျိုးကိုမျိုးက ''၈၈ မှာ တကယ် ဦးဆောင်ပါဝင်ခဲ့တဲ့သူတွေ၊ သမိုင်းပညာရှင်တွေရဲ့ အကြံဥာဏ် တွေ ယူပြီး တော်တော်လေး ကြိုး စားပြင်ဆင်နေပါတယ်။ မြန်မာ့ သမိုင်းမှာ အရမ်းအရေးကြီးတဲ့အချိန်ဖြစ်ခဲ့လို့ပါ'' ဟု ပြော သည်။သမိုင်းမှတ်တမ်း ဇာတ်ကား ဖြစ်သည့်အတွက် အမှားအယွင်း မဖြစ်စေရန် ရှုတင်မန်နေဂျာ သုံး ဦးနှင့် မှတ်တမ်းသုံးဦးစီ ထားရှိသွား မည်ဟု ၄င်းက ဆက်လက်ပြော သည်။လက်ရှိတွင် ဇာတ်ညွှန်းနှင့် အခန်းစဉ်များ စတင် ရေးသားနေ ပြီဖြစ်ပြီး ယင်းဇာတ်ကားတွင်လက်ရှိ သရုပ်ဆောင်များ၊ သရုပ် ဆောင်သစ်များ အပြင် ၈၈ တွင် ပါဝင် ဖြတ်သန်းခဲ့သော နိုင်ငံရေး အကျဉ်းသားဟောင်းများ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ရန် လျာထား ကြောင်း အသေးစိတ် အချက် အလက်ကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
ညွန့်ဝင်း
Popular Myanmar News Journal

No comments: