Tuesday, October 30, 2012
ပုသိမ်မြို့နယ် တောင်သူလယ်သမား သမဂ္ဂနှင့် အစိုးရ မဟုတ်သော အဖွဲ့များပူးပေါင်း၍ တောင်သူ လယ်သမားများ အသိပညာဖွံ့ဖြိုးရေး သင်တန်း တခုကိုဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ရှိ မြောင်းမြ ဘုန်းတော်ကြီးကျောင်း တွင် ဖွင့်လှစ်သင်ကြားေ နကြောင်း သိရသည်။ တောင်သူလယ်သမား များအား ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လွှတ်တော်နှင့် လယ်ယာမြေ ဥပဒေများအကြောင်း ကို ရဲရင့်နှ လုံးသားအဖွဲ့မှ ဦးရတနာနှင့် ရက္ခိတအဖွဲ့တို့မှ ဦးမောင်မောင်သိန်းဖေတို့က ယခုလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်ကြား ပို့ချပေးနေကြောင်း သိရသည်။
“ဒီဥပဒေတွေ နားလည်ခြင်းအားဖြင့် သူတို့ဒေသတွေမှာ ဖြစ်နေတဲ့ကိစ္စတွေဟာ ဥပဒေနဲ့ ညီသလား မညီ သလား ဆန်းစစ်တတ်အောင်၊နောက် ကိုယ့်အခွင့်အရေး မဆုံးရှုံးအောင် ကာကွယ်တတ်ဖို့ပေါ့။ တက်တဲ့
သင်တန်းသားတွေလည်း ကိုယ့်ကျေးရွာမှာ ပြန်ပြီး ဖြန့်ဖြူးလို့ရအောင်
ရည်ရွယ်ပါတယ်”ဟု ပုသိမ် တောင်သူလယ်သမားသမဂ္ဂ အလုပ်အမှုဆောင် ကော်မတီဝင် ကိုသန့်ဇင်ဦးက ဧရာဝတီကို ပြောသည်။ပုသိမ်မြို့နယ် တောင်သူလယ်သမား သမဂ္ဂနှင့် အစိုးရ မဟုတ်သော အဖွဲ့များပူးပေါင်း၍ တောင်သူ လယ်သမားများ အသိပညာဖွံ့ဖြိုးရေး သင်တန်း တခုကိုဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ရှိ မြောင်းမြ ဘုန်းတော်ကြီးကျောင်း တွင် ဖွင့်လှစ်သင်ကြားေ နကြောင်း သိရသည်။ တောင်သူလယ်သမား များအား ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လွှတ်တော်နှင့် လယ်ယာမြေ ဥပဒေများအကြောင်း ကို ရဲရင့်နှ လုံးသားအဖွဲ့မှ ဦးရတနာနှင့် ရက္ခိတအဖွဲ့တို့မှ ဦးမောင်မောင်သိန်းဖေတို့က ယခုလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်ကြား ပို့ချပေးနေကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင်ပုသိမ်အပြင် မြောင်းမြ၊ ကန်ကြီးထောင့်နှင့်လပွတ္တာမြို့နယ်များ ၌မြို့နယ် တောင် သူလယ်သမားသမဂ္ဂများဖွဲ့စည်းထားပြီးသင်တန်းသို့ယင်းသမဂ္ဂများမှတောင်သူလယ်သမားခေါင်းဆောင်၄၅ ဦး တက်ရောက်ကြောင်း သိရသည်။မြန်မာနိုင်ငံတ၀ှမ်းရှိ တောင်သူလယ်သမားသမဂ္ဂများစုစည်းနိုင်ရန် ကြိုး ပမ်းနေကြောင်းလည်း သိရသည်။“တောင်သူလယ်သမားသမဂ္ဂတွေဟာ ကယ့်လယ်သမားစစ်စစ်တွေဆီက သန္ဓေတည် ပေါက်ဖွားလာတာ ဖြစ်တဲ့အတွက် ကုန်လုံးချိတ်ဆက်ပြီးတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမားသမဂ္ဂဆိုပြီးတော့မှတ်ပုံတင် နိုင်ရေး ကြိုးပမ်းနေပါတယ်”ဟုပုသိမ်သမဂ္ဂအထွေထွေ အတွင်းရေး မှူး ကိုချစ်ကိုကို က ပြောသည်။
မြန်မာပြည်တွင် တောင်သူလယ်သမားသမဂ္ဂနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမားအသင်း ဟူ၍ တောင်သူလယ်သမားအဖွဲ့ ၂ ခု ရှိနေသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအသင်းကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကြီးမှူး၍ ပြီးခဲ့ သည့် စက်တင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ဖွဲ့စည်းခဲ့သည်။
အသင်း၏ ဥက္ကဋ္ဌမှာ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဗဟို အလုပ် အမှုဆောင် ဒေါက်တာ စိုးထွန်းဖြစ်ပြီး ဒု ဥက္ကဋ္ဌများအဖြစ် ဆန်စပါး အသင်း ဗဟိုအလုပ် အမှုဆောင်များ ဖြစ်ကြသည့် ဦးရဲမင်းအောင်နှင့် ဦးကျော်ေ ကျာ်ဝင်းတို့က တာဝန်ယူထားသည်။
ယင်း အသင်းတွင် အသင်းဝင် တောင်သူလယ်သမား ၆၅,၀၀၀ ကျော် ရှိသည်ဟု ဦးဆောင်သူများက ဆို သည်။
irrawaddy

No comments:
Post a Comment