Wednesday, October 31, 2012

ကော့ကရိတ်မြို့ ဗလီကို လက်ပစ်ဗုံးနဲ့  တိုက်ခိုက်

Tuesday, October 30, 2012
ကရင်ပြည်နယ် ကော့ကရိတ်မြို့တံတား ဦးရပ် ကွက်က ဒါရ်ဂါ ဗလီကိုအောက်တိုဘာ ၂၈ ရက်နေ့  ကအမည် မသိ ၂ ဦးက လက်ပစ်ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်တယ်လို့ သိရပါတယ်။ည ၁၂ နာရီကျော် မှာ အမည်
မသိ ဆိုင်ကယ်စီးသမား ၂ ဦးကေန ဗလီဝင်းထဲကို လက်ပစ်ဗုံး ၂ လုံး ပစ်ခတ်ခဲ့ရာ ဗလီဝင်းထဲက လက်ပစ်ဗုံးက မပေါက်ကွဲဘဲ ဗလီဝင်းရှေ့ ရေမြောင်းထဲကျတဲ့ ဗုံး ၁ လုံးကတော့ ပေါက်ကွဲခဲ့တယ်လို့ဒါရ်ဂါ ဗလီနားက မျက်မြင်သက်သေ က ဒီဗွီဘီ ကိုပြောပါတယ်။“အဲလူ ၂ ယောက် ပစ်ချသွားတာ မြင်တယ်လေ။ မီးတွေပိတ်နေတာ့ အဝတ်အစားတွေ ဘာဝတ်လဲ သေချာ မြမင်ရဘူး။
ဒီကလူတွေကေတာ့ ယမ်းနဲ့ဆိုတော့ သေချာမမြင်ဘူး. အရှေ့ ကလူတွေပြော တာတော့ ဆိုင်ကယ်ဖင်လုံး အနီရောင်နဲ့တဲ့။အပြင်မှာ ၁ လုံး၊ အတွင်းမှ ၁ လုံး ပစ်သွားတာ။ အပြင်ကေပါက်တယ်၊ အတွင်းက မပေါက်ဘူး။ ”အဲဒီလို လက်ပစ်ဗုံးပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေ ကတော့ မရရှိပါဘူး။လက်ပစ်ဗုံးအမျိုး အစားဟာ ဒေသခံတွေအခေါ်အရ မင်းဂွတ်သီး လက်ပစ်ဗုံးဖြစ် တယ်လို့ ပြောဆိုပြီး မပေါက်ကွဲတဲ့ လက်ပစ်ဗုံးကိုတော့ ရဲတပ်ဖွဲ့က သိမ်းဆည်းသွား တယ်လို့ သိရပါတယ်။ ကော့ကရိတ်မြို့  နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ ဗုံးပေါက်ကွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းနေပါတယ်လို့ဒီဗွီဘီ ကို ဖြေကြားပါတယ် ။ဒါရ်ဂါဗလီ ကို ရေနံ ဆီကုန်းဗလီလို့ကော့ကရိတ်မြို့နယ်မှာ လူသိများပြီး မြို့ရဲ့ ဒုတိယအကြီးဆုံးဗလီလည်းဖြစ်ပါတယ်။


DVB

No comments: