Tuesday, October 30, 2012
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ အတွင်း ကယ်ဆယ်ရေး လုပ်ငန်း များနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင်ပူးပေါင်း ရွက်နိုင်ရန် ရန်ကုန်ရောက်ရခိုင် အဖွဲ့အစည်းများ က တွေ့ဆုံ ပွဲဆောင်ရွက်မှုတစ်ရပ်ကိုပြုလုပ်ပြီး "ရန်ကုန်ရောက် ရခိုင်အဖွဲ့အစည်းများ ကွန်ယက်" ကို အောက်တိုဘာ ၂၈ နေ့တွင် ဖွဲ့စည်းလိုက်သည်။“တစ်သင်းတစ် ဖွဲ့တည်း လုပ်ဆောင်နေတာထက် တစ်သင်း၊ တစ်ဖွဲ့တွေရဲ့လုပ်ဆောင်နေတာတွေကို ပေါင်းလိုက် ရင် သက်ရောက်မှုအားက ပိုရှိလာမှာဖြစ်ပါ တယ်” ဟုခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင် ကရန်ကုန်ရောက် ရခိုင်အဖွဲ့အစည်းများကွန်ယက် ဖွဲ့စည်းခြင်း ရည်ရွယ်ချက်ကိုပြောသည်။
ရန်ကုန်ရောက် ရခိုင်အဖွဲ့အစည်းများ ကွန်ယက်၏ နာယကအဖြစ် ရွေးချယ်
တင်မြောက်ခံရသည့် အကယ်ဒမီ ဦးအောင်လွင်က “ပြည်မမှာနေတဲ့လူတွေနဲ့
ရခိုင်ပြည်မှာနေထိုင် တဲ့လူတွေက အဆက်အသွယ်ပြတ်တယ်။ အဲဒီတော့ ဟိုမှာဘာတွေ
ဘယ် လိုဖြစ်နေတယ်ဆိုတာ နောက်ကျမှရောက်တယ်။ အခုလို ကွန်ယက်တစ်ခု
ဖွဲ့လိုက်တာကျတော့ ဟိုမှာဘာဖြစ် တယ်ဆိုတာကို ချက်ချင်းသတင်းပို့လို့ရတယ်" ဟု
ဆိုသည်။ရခိုင်အဖွဲ့အစည်းများ ကွန်ယက်၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ တစ်လတစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ အတွင်း ကယ်ဆယ်ရေး လုပ်ငန်း များနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင်ပူးပေါင်း ရွက်နိုင်ရန် ရန်ကုန်ရောက်ရခိုင် အဖွဲ့အစည်းများ က တွေ့ဆုံ ပွဲဆောင်ရွက်မှုတစ်ရပ်ကိုပြုလုပ်ပြီး "ရန်ကုန်ရောက် ရခိုင်အဖွဲ့အစည်းများ ကွန်ယက်" ကို အောက်တိုဘာ ၂၈ နေ့တွင် ဖွဲ့စည်းလိုက်သည်။“တစ်သင်းတစ် ဖွဲ့တည်း လုပ်ဆောင်နေတာထက် တစ်သင်း၊ တစ်ဖွဲ့တွေရဲ့လုပ်ဆောင်နေတာတွေကို ပေါင်းလိုက် ရင် သက်ရောက်မှုအားက ပိုရှိလာမှာဖြစ်ပါ တယ်” ဟုခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင် ကရန်ကုန်ရောက် ရခိုင်အဖွဲ့အစည်းများကွန်ယက် ဖွဲ့စည်းခြင်း ရည်ရွယ်ချက်ကိုပြောသည်။
ကွန်ယက်ဖွဲ့စည်းခြင်း အခမ်းအနားကို ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌဒေါက်တာအေးမောင်၊ အကယ်ဒမီ ဦးအောင်လွင်၊ ရခိုင်ဒီမိုကရေ စီအဖွဲ့ချုပ်၏ ရန်ကုန်တိုင်း ဥက္ကဋ္ဌ ဦးလှမြင့်၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုရေးရာ ဥက္ကဋ္ဌ ဒေါ်စောခင်တင့် အပါအဝင် နယ်ပယ်အသီးသီးမှ ရခိုင်ခေါင်းဆောင်များ၊ ရခိုင်သမိုင်းပညာရှင်များနှင့် ရန်ကုန်ရောက် ရခိုင်အဖွဲ့အစည်းပေါင်း
တစ်ရာကျော်မှကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ယခုလ ၂၂ရက်နေ့မှ စတင်၍
ပြန်လည်ဖြစ်ပွားသည့် ရခိုင်ပဋိပက္ခအတွင်း သေဆုံးသူ ၆၇ ဦးနှင့်
အဆောက်အဦးပေါင်း ၂၈၁၈ လုံး ပျက်ဆုံးဆုံးရှုံးခဲ့ပြီးဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။
nlabr

No comments:
Post a Comment