Monday, 29 October 2012
အပန်းရောင် လင်းပိုင်များ တကယ်ရှိ ပါတယ်။ အမေဇုန် လင်းပိုင်လို့ လည်း ခေါ်ပြီး အမေဇုန်မြစ်၊ ဘရာဇီး၊ ပီရူး၊ ဘိုလီဗီးယား၊ အီကွေဒေါ၊ ဗင်နီဇွဲလား စတဲံတောင်အမေရိကတိုက်တွင်းကမြစ်တွေ မှာ နေ ထိုင် ကျက်စားပါတယ်။သို့ပေမယ့် အားလုံး ကို အမေဇုန်မြစ်ကနေပဲ စတင်တယ်လို့ မှတ်ယူပြီး အမေဇုန် လင်းပိုင်လို့ပဲ အမည်ပေးထားပါတယ် ။ရေချိုမှာနေထိုင် ကျက်စားတဲ့ လင်းပိုင် ဖြစ်ပါတယ် ။ အရွယ်အားဖြင့် ၅ပေ ကနေ ၇.၉ ပေအထိ ရှိပါတယ်။အကြီးဆုံးအားဖြင့် ၈.၂ပေအထိတွေ့ဖူးပြီး ဝိတ် ၂၁၇ ပေါင် လေးပါတယ်။ အမတွေက အထီးတက်အရွယ်ပိုကြီးလေ့ ရှိပြီး အထီးထဲမှာ အကြီးဆုံးကို ၆.၆ ပေ အထိ လေ့လာတွေ့ရှိခဲ့ဖူးပါတယ်။အားလုံး အပန်းရောင်သန်းနေတာမျိုးမဟုတ်ပဲ အချို့ ကျတော့ သာမန် လင်းပိုင်လိုပဲ ဖြစ်ပါတယ်။
အချို့ ကျတော့ အပန်းရောင် ပါရုံမျှ ဖြစ်ပေမယ့် အချို့ လင်းပိုင်ကျတော့ အပန်းရောင် ထင်းထင်းလင်းလင်း ရှိပြီး လှပနေ တတ်ပါတယ်။ သူ့ရဲ့ အဓိကထူခြားချက်က လည်ပင်းပဲ ဖြစ်ပါတယ်။

လည်ပင်းရိုးမဆက်ထားတဲ့အတွက် ၁၈၀ ဒီဂရီအထိ အကွေးအဆန့် ပြု လုပ်နိုင်ပါတယ်။
ရှားပါး တိရစ္ဆာန်မျိုးစိတ်စာရင်းထဲ ထည့်သွင်း ထားပါတယ်။ ဖမ်းဆည်းခွင့်
မပြုထားပါဘူး။ အမေဇုန်မှာဆိုရင် မြစ်ကိုစောင့်ရှောက်တဲ့ လင်းပိုင်လို့တောင်
တင်စားကြပါတယ်။ အမေဇုန် ကမ်းခြေ တစ်လျှောက် နေထိုင်သူအချို့ ထဲမှာ
ယနေ့တိုင် စွဲနေတဲ့ အစွဲ တစ်ခု ရှိပါသေးတယ်။
ဒါကတော့ အပန်းရောင် လင်းပိုင်ကို ဖမ်းရင် ကံကြမ္မာဆိုးကျရောက်တတ်ပြီး ယင်း အပန်းရောင် လင်းပိုင်ကို မျက်လုံးချင်း ဆုံကြည့်မိရင်လည်း ကံကြမ္မာဆိုးနဲ့ ကြုံရတတ်တဲ့လို့ အယူစွဲနေသူများ ရှိနေပါသေးတယ်။ ယင်းကဲ့သို့ စွဲလမ်းမှု ရှိနေသော်ငြားလည်း အပန်းရောင် အမေဇုန်မြစ် လင်းပိုင်းကတော့ ကမ္ဘာ့ ရှားပါး လင်းပိုင်းမျိုးစိတ် တစ်ခု အဖြစ် တည်ရှိ နေပါတယ်။
International news for myanmar

No comments:
Post a Comment