Monday, October 29, 2012

ဖရဲနှင့်မြွေပွေးတောင်တွင် အ၀ယ်လိုက်နေသည့် တောင်ကြီး အိမ်ခြံမြေဈေးကွက်

Monday, 29 October 2012
ရှမ်းပြည်တောင် ပိုင်းတောင်ကြီး အိမ်ခြံမြေဈေး ကွက်၌ ဖရဲနှင့်မြွေပွေးတောင် ရပ်ကွက်များ၌ ကျပ်သိန်းသောင်းကျော် အထိ အရောင်းအ၀ယ် လိုက်လျှက်
ရှိကြောင်း သိရှိရသည်။ ဖရဲရပ်ကွက် တွင်ပေ(၄၀×၆၀)မြေ တစ်ကွက်လျှင် ကျပ်သိန်း (၁၅၀) မှ (၃၀၀)အကြားရှိပြီးတောင်ကြီးမြို့နှင့်(၁) မိုင်ဝေသောမြွေပွေးတောင် ရွာတွင်ပေ (၅၀)ပတ် လည်မြေ တစ်ကွက် လျှင်သိန်း(၂၅) သိန်းမှ (၃၀)အကြား ရရှိနေသဖြင့်အ၀ယ် လိုက်နေခြင်းဖြ စ်ကြောင်း အ ကျိုးဆောင် တို့က ဆိုသည်။
“ဖရဲရပ်ကွက်နဲ့မြွေပွေးတောင်ရွာတွေမှာမြေအရောင်းအ၀ယ်တော်တော်လိုက်နေတယ်၊ဖရဲရပ်ကွက်မှာကြတော့ သိန်းသုံးရာလောက်နဲ့ရသေးတယ်၊ မြွေပွေးတောင်မှာ သိန်းအစိတ်ရတော့ လူတွေက လိုက်ဝယ်နေကြတာ” ဟု တောင်ကြီးအိမ်ခြံမြေအကျိုးဆောင် ကိုဇော်ဝင်းထွန်းက ပြောသည်။
တောင်ကြီးမြို့တွင် မြေနှင့်ပတ်သက်၍ အရှုပ်အရှင်းသိပ်မရှိသောကြောင့် အရောင်းအ၀ယ် ပုံမှန်ဖြစ်လေ့ရှိကြောင်း ကိုလည်း တောင်ကြီးအိမ်ခြံမြေ အသိုင်းအ၀ိုင်းက ဆိုသည်။
တောင်ကြီးမြို့အဓိက လမ်းမကြီးဘေးရှိ အချက်အချာကြသော နေရာတွင် ပေ(၄၀x၆၀)မြေတစ်ကွက်လျှင် ကျပ်သိန်း(၃)သောင်းဝန်းကျင် အထိရှိပြီး၊ တောင်ကြီးမြို့ မဈေး အနီးဝန်းကျင် တွင် ပေ(၄၀x၆၀)မြေတစ် ကွက်လျှင် ကျပ်သိန်း(၃)သောင်းဝန်းကျင် ရှိကြောင်းကိုလည်း သိရှိရသည်။
တောင်ကြီးမြို့စောစီရပ် ကွက်မီးပုံပျံလွှတ်သော ကွင်းအနီး၌ ပေ(၄၀x၆၀)မြေ တစ်ကွက်လျှင် ကျပ် သိန်း(၃)ထောင်ကျော် အထိရှိပြီး၊ရေအေးကွင်းရပ်ကွက် တွင်ပေ(၄၀x၆၀)မြေတစ်ကွက် လျှင်ကျပ် သိန်း(၃၅၀၀)၀န်းကျင်ရှိပြီး၊ သစ်တောရပ်ကွက် တွင်ပေ(၇၀)ပတ်လည်မြေတစ်ကွက်လျှင်ကျပ်သိန်း
(၃)ထောင် မှ(၃၅၀၀)အထိရှိနေသည်။
“တောင်ကြီးမြို့ကမြေဈေးကတော့ကောင်းတယ်၊မြို့ တွင်းထဲမှာဆို သောင်းကျော်တွေပဲ၊နေ လို့ ကောင်းတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပိုက်ဆံရှိသူတွေက ၀ယ်နေကြ တာ”ဟု အိမ်ခြံမြေ အကျိုးဆောင် ကိုမင်းသူက ပြောသည်။
တောင်ကြီးမြို့အ၀င်တွင် စစ်တပ်အဆောက်ဦးများ၊ဆေးရုံနှင့် အစိုးရ၀န်ထမ်း အဆောက် အဦး များကြောင့်ဈေးကွက်မရှိပဲ တောင်ကြီးမြို့အထွက် ကက္ကူဘုရားဘက်သို့သွားသော လမ်းဘေး တွင်ပေ (၄၀x၆၀)မြေတစ် ကွက်လျှင် ကျပ်သိန်း(၂)ထောင်မှ (၃)ထောင်အထိ ရှိကြောင်းကိုလည်း သိရှိရသည်။
ရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့သည် အေးမြသာယာလှသော ရာသီဥတု ရှိခြင်း၊ မြန်မာ နိုင်ငံ၏ အကျော်ကြားဆုံး မီးပုံပျံပွဲတော် ကျင်းပခြင်းနှင့် အင်းလေးကန်၊ ပင်းတယလှိုင်ဂူတို့ နှင့် ဒေသခြင်းဆက်စပ် မှုရှိခြင်းတို့ကြောင့် စီးပွားရေးသမားများနှင့် အပန်းဖြေနေလိုသူများ မျက်စိ ကျသည့်ဒေသ ဖြစ်သည်။

myitmakha

No comments: