Monday, 29 October 2012
၂၀၁၀ရွေးကောက်ပွဲအပြီးသမ္မတဦးသိန်းစိန်ခေါင်းဆော င်တဲ့ အစိုးရအဖွဲ့ဟာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေး လုပ်ငန်း များ ဆိုပြီးတော့ မူဝါဒ လမ်းစဉ်ချမှတ်ပြီး လုပ်ကိုင်ခဲ့ ပါတယ်။ သမ္မတဦး သိန်းစိန်အစိုး ရလက် ထက်ပြုပြင်ပြောင်း လဲရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မှာ အခြေစိုက် တဲ့မြန်မာ့စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦးကို ဒီဗွီဘီသတင်းဌာန ဦးတိုးဇော်လတ် ကတွေ့ဆုံမေးမြန်းထားပါတယ်။
ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရတက် လာတာ ၁ နှစ်ခွဲရှိသွားပြီ။ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ပါတယ်။ စီး ပွားရေးပြုပြင်ပြောင်းလဲမှုကို အဓိက လုပ်ပါတယ်။ အထူးသဖြင့် ပြည်သူ့ ဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုပြီး မူဝါဒချမှတ်တယ်။ ၁နှစ်ခွဲအတွင်းမှာဘာတွေအောင်မြင်သွားပြီလဲ။ ဘာတွေလုပ်ဖို့ကျန်သေးလဲ။“ကျနော်တို့ နိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ယခင်က ရှိသင့်သလောက်ရှိခဲ့တယ်။ ရသင့်သလောက် ရခဲ့တယ်။ သို့သော်လည်း ပြည်သူလူထုကို
အများဆုံးအကျိုးပြုတဲ့ တိုးတက်မှုတခုဖြစ်ဖို့ကို သမ္မတကြီး ဦးသိန်းစိန်က
ပိုမို ဦးစားပေး တင်ပြခဲ့တယ်။ ပြည်သူ့ဗဟိုပြုဖွံ့ဖြိုးမှုဆိုတာက ပိုအရေးကြီးလာတယ်။ ဆိုလိုတာက ကျနော်တို့မှာ ဂျီဒီပီ တိုးတက်မှုတွေ ဆိုတာက ရှိခဲ့တယ်။
ဒါပေမယ့်လည်း ဂျီဒီပီတိုးတက်မှုတွေဟာ နိုင်ငံအတွက် ချမ်းသာဖို့
ဖြစ်ခဲ့ပေမယ့် လူထုအတွက်က အခုထက် ပိုပြီး လူနေမှု အဆင့်အတန်း
မြင့်လာပြီးတော့ လူတိုင်း လူတိုင်း ချမ်းချမ်းသာသာဖြစ်နိုင်တဲ့ အနေအထားမျိုးဖြစ်အောင် အခုကနေ တဆင့်ပိုမိုဇောင်းပေး ဆောင်ရွက်သွားဖို့ သမ္မတကြီးက လမ်းစဉ်ချမှတ် ဆောင်ရွက်ခဲ့တာပေါ့။ အဲလမ်းစဉ်အရ ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုတာ ဦးစားပေးခဲ့တယ်။ သက်ကြီးပင်စင်တွေကို ပိုတိုးမြှင့်ခံစားခွင့်ရှိအောင် လုပ်ပေးခဲ့တယ်။ နောက် တိုင်းနဲ့ ပြည်နယ်ဒေသတွေကြားမှာ ဆင်းရဲချမ်းသာမှု ကွာဟချက်တွေလျော့နည်းလာအောင်၊ ပိုပြီး အချိုးညီညီ တိုးတက်နိုင်အောင်ဆိုတဲ့ ကိစ္စတွေ
ဦးစားပေးပြောကြားခဲ့တယ်။ အရေးကြီးဆုံးကတော့ ကျနော်တို့နိုင်ငံရဲ့
လူဦးရေအများစု လုပ်ကိုင်ဆောင် ရွက်နေတဲ့၊ အများစု အားထားရတဲ့
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုလည်း အခုထက်ထိ ပိုမိုတိုးတက် လာအောင်သူဦးစားပေးပြီးတော့ စီးပွားရေးမူတွေ ချမှတ်ခဲ့တာရှိပါတယ်။ ဒါတွေကပြည်သူဗဟိုပြု စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဖြစ်လာဖို့ အရေးကြီးတဲ့ မဟာဗျူဟာတွေပါ။” ဆင်းရဲမွဲတေမှုလျှော့ချရေး မှာမြင်သာထင်သာ တဲ့ ရလဒ်တွေ ဘာတွေများရှိခဲ့မလဲ။
ပြီးခဲ့တဲ့ ၁ နှစ်ခွဲအတွင်းမှာ၊ ဆင်းရဲမွဲတေ မှု လျှော့ချရေး
ညီလာခံနောက်ပိုင်းမှာ မြင်သာထင်သာတဲ့ ဥပမာ ကိန်းဂဏန်းနဲ့ ဘယ်လောက်များ
လျှော့ ချနိုင်ခဲ့ပါလဲ။“ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုတာဟာ
သပ်သပ်လုပ်ရမယ့် ကိစ္စတော့ မဟုတ်ဘူး။ အဓိကက စီးပွားရေး ဦးမော့လာအောင်လုပ်တဲ့
မဟာဗျူဟာလုပ်ငန်းစဉ်ထဲမှာပဲ ဆင်းရဲမွဲတေမှု လျော့ကျလာအောင်၊
ဆင်းရဲနွမ်းပါးမှုကိုပါ အကျိုးရှိစေမယ့် မဟာဗျူဟာမျိုးဖြစ်ဖို့ လိုတာက
အဓိကပေါ့။ ကျနော်တို့ အခု နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ရအောင်လုပ်တယ်။
စက်မှုဇုန်တွေတည်ထောင်ပြီး၊ အထူးစီးပွားရေးဇုန်တွေ ထူထောင်ပြီး လုပ်ကြတယ်။
ဒါတွေက တိုးတက်မှုတွေဖြစ်လာရေးအတွက် လုပ်တဲ့ မဟာဗျူဟာတွေဖြစ် တယ်။
သို့သော်လည်း မဟာဗျူဟာတွေလုပ်တဲ့အခါမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ဦးစားပေးစဉ်းစားရမှာကိုလည်းမေ့ထားလို့မရဘူး။ ကဏ္ဍ ခြားလုပ်ရမှာ မဟုတ်ဘူး။ အရင်ကတည်းက
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လုပ်ခဲ့တယ်၊ ရလည်း ရခဲ့တယ်။ ကျနော်တို့
နိုင်ငံမှာ အတော်အတန်ရှိတဲ့၊ တခြားနိုင်ငံတွေရဲ့ ယှဉ်ရင် နိုင်ငံဝင်ငွေတော်တော် တိုးတက်ခဲ့တယ်။ နိုင်ငံခြားအရန်ဝင်ငွေဟာ တော်တော်
စုဆောင်းရရှိပြီးသားဖြစ်နေတယ်။ သို့သော် ရလာတဲ့ ချမ်းသာမှုပမာဏဟာ
တိုင်းသူပြည်သား လူအများစု အတွက် သိသာထင်ရှားတဲ့ ဖွံ့ဖြိုးမှုတွေ ဖြစ်ခဲ့သလားဆိုတော့ အဲ့အပိုင်းမှာ အားနည်းခဲ့တယ်။ အခုလုပ်ရမယ့် ပုံစံက
ဖွံ့ဖြိုးမှုနောက်ကို ပိုပြီး အားကောင်းအောင် လုပ်တဲ့ မဟာဗျူဟာနဲ့
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆိုတာကို သီးသန့်ခွဲလုပ်ဖို့မဟုတ်ဘူး။ တပါတည်း
လုပ်ဖို့ အရေးကြီးတယ်။ အခုတင်ပြနေတာက အားလုံးအကျိုးခံစားခွင့်ရှိနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ဖို့လိုတယ်။ လူတစုစာအတွက်
ဖွံ့ဖြိုးတိုးတက်မှု မဟုတ်ဘူး။ အစိုးရအတွက် ဖွံ့ဖြိုးတိုးတက်မှုမဟုတ်ဘူး။
အစိုးရရော၊ လူထုရော ခံစားခွင့်ရမယ့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ဖို့လိုတယ်။
ဒီမှာ သိသာထင်ရှားတဲ့ဟာတွေ ဘာတွေရခဲ့လဲ ဆိုတော့ အသွင်ကူးပြောင်းရေးကာလမှာ micro စီးပွားရေး ဦးမော့လာအောင် အားယူနေတယ်လို့ ပြောလို့ရပါတယ်။ ဦးမမော့ခင် စပ်ကြားမှာ တည်ငြိမ်မှု ရှိဖို့ လိုတယ်။ တည်ငြိမ်မှုက
လွန်ခဲ့တဲ့ ၁ နှစ်တာ အတိုင်းအတာတွင်းမှာတော်တော် ရခဲ့တယ်လို့ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီငွေကြေးဖောင်း ပွမှုနှုန်းအတော်သက်သာသွားတယ်။အရင်တုန်းကဆိုရင် ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်တယ်ဆိုတဲ့
ပြဿနာတွေ ရှိခဲ့တယ်။ငွေကြေးဖောင်း ပွမှုနှုန်းတွေတရှိန်ထိုးမြင့်လာတယ်။ အထူးသဖြင့် အခြေခံလူထု အတွက် အင်မတန်မှ ကြီးမားတဲ့ ၀န်ထုပ်ဝန် ပိုးတွေ ဖြစ်စေတယ်။ အဲတော့ ငွေကြေးဖောင်းပွမှုနဲ့ ပတ်သက်တဲ့စရိတ် အပိုင်းမှာတော့ အတော်လျှော့ချနိုင်ပြီးတော့ အခုကျန်နေတာ က
ငွေလဲနှုန်းပြဿ နာ။ ငွေလဲနှုန်းမှာ အင်မတန်မှ ကြီးမားတဲ့ အောင်မြင်မှုတခု
ရခဲ့တယ်။ ငွေလဲနှုန်းတွေအားလုံးကို တပြေး ညီဖြစ်အောင်၊ အစိုးရအတွင်းမှာငွေလဲ နှုန်းတခုတည်း ပဲသုံးတဲ့ အထိအဆင့် အောင်အောင်မြင်မြင်
နဲ့ ကျော်လွှားနိုင်ခဲ့တယ်။ သို့သော် ငွေလဲနှုန်းသည် ကျနော်တို့
နိုင်ငံရဲ့ အဓိက ထုတ်လုပ်သူတွေဖြစ်တဲ့ လယ်သမားတွေ၊ ယာသမားတွေနဲ့
တခြားသားငါး ကဏ္ဍမှာ ဆောင်ရွက်နေကြတဲ့ အလုပ်သမားအများ စုအတွက် အကျိုးရှိတဲ့
ငွေလဲနှုန်း မျှခြေဖြစ်လာအောင်တော့ မလုပ်နိုင်သေးဘူး။ အဲဒါနဲ့ ပတ်သက်ပြီး
ဗဟိုဘဏ်ကရော၊ အစိုးရကပါ ကြိုးစားပြီး လုပ်နေတုန်းပါပဲ။ အကယ်၍ ငွေလဲနှုန်း
တည်ငြိမ်မှုကို ရပြီးတော့ လူထုအတွက် အကျိုးရှိနိုင်မယ့် မျှခြေတခုကို ရအောင်
ဆောင်ရွက်နိုင်ပြီဆိုရင် ဒီ ၂ ချက်နဲ့တင် ကျနော်တို့နိုင်ငံ
အခြေခံလူထုအတွက် အင်မတန်မှ အရေးကြီးတဲ့ micro စီးပွားရေး ၀န်းကျင်
တည်ငြိမ်မှု ရအောင် လုပ်နိုင်မယ်လို့ ပြောနိုင် မှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ကြိုးစားနေရဆဲပဲ ရှိတယ်လို့ ပြော
ရမှာပါ။ ”အခုချိန်မှာ အထူးစီးပွားရေးဇုန်တွေလည်း ခေါ်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုတွေကိုလည်း ဖိတ်ခေါ်နေပါတယ်။ အခုပါလီမန်မှာလည်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ပေါ့၊ ပညာရှင်တွေက ဝေဖန်ကြတယ်။ Anti FDI ဖြစ်နေတယ်။ ခရိုနီစီးပွားရေးသမားတွေအတွက်ပဲ လုပ်ခွင့်သာ
တယ်။ အဲအပေါ်မှာရော ဘယ်လိုသုံးသပ်လဲ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ရဲ့အရေးပါမှုကဘာလဲ။ ဒါကို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လို လုပ်နိုင်မလဲ ဆိုတာလဲ ပြောပါဦး။ “နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုတွေဟာ စီးပွားရေးကူးပြောင်းမှုကာလမှာ အင်မတန်မှ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ပြည်တွင်း စီးပွားရေး ဦးမော့လာအောင် လုပ်တဲ့အချိန်မှာ ပြည်တွင်းအားနဲ့လုပ်တဲ့ အနေ အထားတွေဟာ ကျနော် တို့မှာ ရှိတဲ့ အားနဲ့လုပ်ရတယ်ဆိုတော့ တကယ် ကျတော့ အတော်ကြီးကို ကြိုးစားလုပ်နေရတဲ့ အနေအထားပေါ့။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရှိလာမယ်ဆိုရင် စီးပွားရေးဦးမော့မှုအတွက် အင်မတန်မှ အရေးကြီးတဲ့ တွန်းအားတခုဖြစ်လာနိုင်တယ်။ ဒီအချိန်မှာ ကျနော်တို့အတွက် တွန်းအားဖြစ်တာ သိပ်များများစားစားမရှိဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ အင်မတန်အရေးကြီးတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေ အများအပြား ၀င်လာဖို့ကလည်းဥပဒေအပေါ်မူတည် တယ်။ ဒါကြောင့် ဒီဥပဒေသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများအပြားဝင် လာဖို့ အထောက်အကူပြုတဲ့ ဥပဒေဖြစ်လာအောင် ကျနော်တို့အား လုံး ကြိုးစားကြရမယ့် အနေအထားမှာ ရှိတယ်။”
DVB

No comments:
Post a Comment