Monday, October 29, 2012

အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးနှင့် ရပိုင်ခွင့် ငြိမ်းချမ်းစွာစုဝေး၍ ဆန္ဒထုတ်ဖော်မှု




မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသရှိ အသေးစားရွှေလုပ်ငန်းရှင် များနှင့် ရွှေလုပ်သားများမှ ၎င်းတို့၏ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးနှင့် ရပိုင်ခွင့်များ တောင်းဆိုမှု များ ပြုလုပ်ရန် ငြိမ်းချမ်းစွာစုဝေး၍ ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်မြို့ကမာရွတ်မြို့နယ်၊ အမှတ်(၉) ရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်းရှိ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီများအုပ်စု၏ ရန်ကုန်ရုံးရှေ့တွင် ယနေ့ (အောက်တိုဘာလ ၂၉ရက်နေ့ ) နံနက် ၉နာရီမှ စတင်ခဲ့ခြင်းဖြစ်ပြီး မွန်းတည့် ၁၂နာ ရီအထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် မူလကဦးရေ ၁၀၀ ခန့် ပါဝင်မည်ဟု ငြိမ်းချမ်းစွာစုဝေးခွင့် ခွင့်ပြုမိန့်တွင် ဖော်ပြထားသော်လည်း လက်ရှိအချိန်တွင် ဦးရေ ၃၀ ၀န်းကျင်သာ ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

No comments: