Wednesday, October 17, 2012
အောက်တိုဘာ ၁၄ရက်နေ့ကကွယ်လွန် သွားတဲ့ ကရင် အမျိုးသားအစည်း အရုံး(ကေအန်ယူ) ခေါ င်းေ ဆာင် တဦးဖြစ်သူ ပဒိုဒေးဗစ်ထော ရဲ့ ဈာပန အ ခ မ်း အ နား ကို ဒီနေ့ မွန်းလွဲပိုင်းမှာ ပြု လုပ်ပြီး ဂူသွင်း သင်္ဂြိုဟ်လိုက် ပါတယ်။ဒီဈာပနအခမ်း အနား ကိုကရင်အမျိုး သားအစည်းရုံးရဲ့ ဗဟိုဌာနချုပ်ရှိရာ တပ်မဟာ ၇ နယ်မြေတွင်း က သေဘေး ထ မှာ ပြု လုပ် တာဖြစ်ပြီး နေ့ ခင်း ၁၂ နာ ရီ မှာ ၀တ်ပြုခြင်း အခမ်းအနားစတင်ပါတယ်။ ၀တ်ပြုခြင်းအပြီးမှာ စစ်တပ်ရဲ့လုပ်ထုံးလုပ်နည်းအရ အလေးပြုပြီးတာနဲ့ ဂူသွင်း သင်္ဂြိုဟ် ခဲ့တာလို့ ကေအန်ယူ ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေး ကပြောပါတယ်။ဒီဈာပန အခမ်း အနားကို ကေအန်ယူ ခေါင်းဆောင်တွေ၊ ပြည်သူေ တွ တက်ရောက်ခဲ့ ကြ ပါတယ် ။ ပ ဒိုဒေး ဗ စ်ေ ထာဟာ အစိုးရနဲ့ကရင်လက်နက်ကိုင်အဖွဲ့အကြားငြိမ်း ချမ်းရေးလုပ် ငန်းစဉ် ကိစ္စတွေ ဆက် အကောင်အ ထည်ဖော် တဲ့အနေနဲ့ ဘားအံမှာ ဆက်ဆံရေးရုံး ဖွင့်လှစ်ခဲ့ပြီး အဆုတ်ရော ဂါကုသဖို့ရန်ကုန် ကအက်စ်အက်စ်စီ ဆေးရုံ မှာ တက်ရောက် ကု သေ နရင်း ကျန်းမာရေး အခြေအေ နဆိုးရွား လာတဲ့ အ တွက် မင်္ဂလာဒုံ စစ်ေ ဆးရုံ မှာ ပို့ဆောင်ဆေးကုသရင်း ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။သူရဲ့ရုပ်ကလာပ်ကို ရန်ကုန်ကနေတဆင့် သယ်ေ ဆာင်လာပြီး ကရင်အမျိုးသားအစည်းအရုံးရဲ့ဗဟိုဌာနချုပ်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။

No comments:
Post a Comment