Wednesday, 17 October 2012 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို၊တိုင်း၊ခရိုင်၊မြို့နယ် ညီလာခံကျင်းပရေးကော်မရှင်များညီ လာခံကျင်း ပရေးစီမံချက် ရှင်းလင်းပွဲကိုအောက် တိုဘာလ၁၇ ရက်နေ့မွန်းလွဲ ပိုင်းကရန် ကုန်မြို့ရှိ တော်ဝင်နှင်း ဆီစားသောက်ဆိုင်တွင် ကျင်းပ ခဲ့ကြောင်း သိရသည်။ အဆိုပါညီ လာခံကျင်း ပရေး စီမံချက် ရှင်း လင်းပွဲ သို့ အမျိုးသား ဒီမို ကရေစီအဖွဲ့ ချုပ် နာယက ဦးတင်ဦး၊ရန်ကုန် တိုင်းညီလာ ခံကော် မရှင် ဥက္ကဋ္ဌ ဦးတင်ရှိန်၊ ဗဟိုညီလာခံ ကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးဥာဏ်ဝင်း အပါအ၀င် ရန်ကုန်တိုင်းအ တွင်းရှိ မြို့နယ်အသီးသီး မှ အမျိုးသား ဒီမိုကရေ စီအ ဖွဲ့ချုပ် ပါတီဝင် တစ်ထောင်ဝန်းကျင် တို့ တက်ရောက် ခဲ့ကြောင်း သိရသည်။ ဗဟိုညီလာခံကျင်းပရေးကော် မရှင်အတွင်းရေးမှူး ဦးဥာဏ်ဝင်းက''ကျွန်တော်တို့ညီလာခံစီမံချက်ကို အကြိမ်ကြိမ်အခါခါပြင်ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီညီလာခံစီမံချက်ဆွဲဖို့ ကျွန်တော်တို့မှာ လုံးဝအတွေ့အကြုံမရှိပါဘူး။ဒီတော့ ကျွန်တော်တို့က ဘာလုပ်ရလည်းဆိုတော့ ၁၉၉၀ ခုနှစ်လောက်က နည်းနည်းပါးပါးလုပ်ခဲ့တဲ့ ညီလာခံမှတ်တမ်းလေးတွေ ရှာရတယ်။အတွေ့အကြုံရှိခဲ့တဲ့ပုဂ္ဂိုလ်တွေကိုတွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ရတယ်။အဓိက ကတော့ ကျွန်တော်တို့ပါတီကြီးကို အောက်ခြေကနေ ထိပ်ဆုံးဗဟိုအလုပ်အမှုဆောင်အဖွဲ့အထိ ဒီမိုကရေစီနည်းကျဖွဲ့စည်းတဲ့အဖွဲ့အစည်းအဖြစ် ရပ်တည်ချင်တယ်။ ဒါကလည်း အားလုံး သိတဲ့ အတိုင်းပဲ ကျွန်တော်တို့ ပါတီဟာ ဧပြီ ၁ ရက်နေ့ကြားဖြတ်
ရွေးကောက်ပွဲမှာ ရာခိုင်နှုန်းပြည့် နီးပါး အနိုင်ရတယ်။အင်မတန်လှပါတယ်။ဒီအတိုင်းဆက်ပြီး လှနေဖို့ဆိုရင်ကျွန်တော်တို့ပါတီတောင့်တင်းဖို့လိုတယ်"ဟုပြောကြားခဲ့ပါသည်။"ကျွန်တော်တို့က ပြည်စုံတယ်
လို့တော့မယူဆပါဘူး။ကျွန်တော်တို့ညီလာခံမပြီးမြောက်ခင်မည်သည့်အချိန်အခါမဆို ပြင်သင့်ပြင်ထိုက်တာတွေကို ပြင်
မှာပါ။ပြင်ပြီးရင်လည်း အားလုံးကိုအသိပေးမှာပါ။ ဗဟိုညီလာခံကျင်းပရေးကော်မရှင်ဥက္ကဋ္ဌကြီးပြောသလို အားလုံး ညီညီညွတ်ညွတ်ပါဝင်စေချင်တယ်။ ညီညီညွတ်ညွတ် ပါဝင်စေချင် တယ်ဆိုတာ မပြောနဲ့မဆိုနဲ့ အ ပေါ်ကချလိုက်တာကို လုပ်လို့ ဆိုတာမျိုးပြောတာ မဟုတ်ဘူး ။အားလုံးရဲ့ သဘောထား အမြင်ကို အမြဲတမ်း လေးစားပါမယ်။ မတူတဲ့သဘော ထားအမြင်တွေရှိပေမယ့် ဒီမိုကရေစီ နည်းကျဆောင် ရွက်မယ့် ဟာ ကိုတော့ အားလုံးက လေးစားလိုက်နာပြီး ပူးပေါင်းပါဝင်ဖို့လိုပါတယ်''ဟု ဦးဥာဏ်ဝင်းက ဆက်လက်ပြောကြားခဲ့သည်။ ထို့နောက် ညီလာခံကျင်းပရေး စီမံချက်ရှင်း လင်းပွဲသို့ တက်ရောက်လာသူ များမှ မေးခွန်း များမေးမြန်းခြင်းပြုလုပ်ခဲ့ရာ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်နာယက ဦးတင်ဦး၊ ဗဟိုညီလာခံ ကျင်းပရေးေ က်ာမရှင် အ တွင်းရေးမှူးဦးဥာဏ်ဝင်းတို့က ပြန်လည်ဖြေကြား ခဲ့ကြောင်း သိရသည်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ ဗဟိုညီလာခံကို ယခုနှစ်ဒီဇင်ဘာလမတိုင်မီ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

No comments:
Post a Comment