Wednesday, October 24, 2012
အစိုးရတစ်ရပ်လုံးသို့ အထင်မလွဲစေရန်အတွက် ရပ် ကွက်နှင့်ကျေးရွာ
အုပ်ချုပ်ရေးမှူးများအား ဧရာဝတီ တိုင်းတွင် ပြန်လည် ရွေးချယ်
မည်ဖြစ်ကြောင်း သိ ရ သည်။ဧရာဝတီတိုင်းအတွင်းရှိ ရပ်ကွက်နှင့်ကျေး ရွာ
အုပ်ချုပ်ရေးမှူးများအား
အမြန်ဆုံးပြန်လည်ရွေးချယ် ခန့်ထားရန် အတွက် ကျင်းပဆဲ တိုင်း လွှတ်တော် အ
စည်းအဝေး ၌ အတည်ပြုလိုက်ခြင်းဖြစ်သည်။နိုင်ငံေ တာ် သမ္မတမှ ရပ်ကွက်ကျေးရွာ
အုပ် စု အုပ်ချုပ်ရေး ဥပဒေ (၁/၂၀၁၂) ကို
လက်မှတ်ထိုး ထုတ်ပြန် ခဲ့ပြီးနောက် ထိုဥပဒေနှင့်အညီ ဧရာဝတီတိုင်းအတွင်း၌လည်း အုပ်ချုပ်ရေးမှူးများကို အမြန်ဆုံးပြန် လည်ရွေးချယ်ခန့်ထားရန် မော်လမြိုင်ကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်က ကျင်းပနေဆဲ လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်က အတည်ပြု ခဲ့ခြင်းဖြစ်သည်။“နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်က ကောင်းမွန်သန့်ရှင်းတဲ့ အစိုးရဖြစ်အောင်ကြိုး စားဆောင်ရွက်နေတဲ့အချိန်မှာ အခြေခံအုပ်ချုပ်ရေး တာဝန်ယူထားသူတွေရဲ့ မလျှော်သြဇာ သုံးစွဲမှုတွေကြောင့် အစိုးရတစ်ခုလုံး ဆွေးနွေးတာပါ။
”ဟု အဆိုအားထောက်ခံဆွေးနွေးခဲ့သူ ကျုံပျော်မဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းက ပြောသည်။ရပ်/ကျေးဥက္ကဌများမှ မသိနားမလည်သော ပြည်သူများကို မလျှော်သြဇာသုံး၍ နှိပ်စက်ကလူပြုမှုများ၊ အကြောင်း အမျိုးမျိုးပြ၍ ငွေကြေးကောက်ခံခြင်းများကြောင့် ပြည်သူအများစုမှာအစိုးရတစ်ရပ်လုံးသို့ အထင်အမြင်လွဲ မှား မှုများဖြစ်လာနိုင်သည်အထိ အန္တရာယ်ကြီးမားကြောင်း ၄င်းက ဆက်ပြောသည် ။ယခုကဲ့သို့ ရွေးချယ်ခန့် အပ်မှုတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော
အုပ်ချုပ်ရေးမှူးများ ပြန်လည်အရွေးခံမှုကြောင့် ရွေးချယ် မှုများတွင်
မသမာမှုများ ဖြစ်လာမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်နေကြောင်းကိုလည်း သိရသည်။”အကောင်းဆုံးက ဒီတာဝန်ယူတဲ့သူတွေဟာ ကိုယ်ကျိုးသမားမဟုတ်ပဲ ရပ်ရွာအကျိုးအ
တွက်ဦးဆောင်နိုင်မဲ့သူ အားလုံးက လေးစားကြည်ညိုရတဲ့
ရပ်မိရပ်ဖတစ်ယောက်ပဲဖြစ်သင့်ပါတယ်။”ဟု ပုသိမ်မြို့ခံတစ်ဦး က ပြောသည် ။ ပုသိမ်မြို့တွင် တပ်မတော်အစိုးရလက်ထက်က ရပ်ကွက်ရုံးအချို့မှ လူအုပ်စု
ဖွဲ့ပြီးရိုက်နှက်ခြင်းကြောင့် ဒေသခံများ သေဆုံးသည့်ဖြစ်ရပ်များအပြင်
ရပ်ကွက်ရုံးသို့ ခေါ်၍ ရိုက်နှက်ထိပ်တုံးခတ်မှုများကို ရပ်ကွက်နေ ပြည်သူများ
ရင်နင့် ခါးသီးစွာခံစားခဲ့ရကြောင်း ပုသိမ်မြို့ခံတို့က ဆိုသည်။“အခုက ဥပဒေလည်း ရှိပြီဆိုတော့ ဥပဒေအတိုင်းပဲ ကိုယ့်ရပ်ရွာအကျိုးကို
ထမ်းဆောင်နိုင်မယ့်သူတွေကို မြန်မြန် လည်းရွေးပါ။ မှန်မှန်ကန်ကန်လည်း ရွေးကြပါ။” ဟု ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌ ဦးဆန်းဆင့်က တိုင်းအစိုးရ အဖွဲ့အား လွှတ်တော်တွင် တိုက်တွန်းပြောကြားခဲ့သည်။ဧရာဝတီတိုင်းအတွင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးပေါင်း (၂၁၆၅)ရုံး
ရှိပြီး ပြည်ထောင်စုအစိုးရမှ ရွေးချယ် ခန့်အပ်ရမည့်ရက် သတ်မှတ်ပြီးပါက အမြန်ဆုံး ဥပဒေနှင့်အညီ ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ပြီး အုပ်ချုပ်ရေးမှူး တစ်ဦးကို လစာကျပ် (၇၀၀၀၀)နှင့် ရုံးအသုံးစရိတ်အတွက် (၅၀၀၀၀)ကျပ် ပေးအပ်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနက သိရှိရသည်။
Myit Makha Mediagroup
ရှိပြီး ပြည်ထောင်စုအစိုးရမှ ရွေးချယ် ခန့်အပ်ရမည့်ရက် သတ်မှတ်ပြီးပါက အမြန်ဆုံး ဥပဒေနှင့်အညီ ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ပြီး အုပ်ချုပ်ရေးမှူး တစ်ဦးကို လစာကျပ် (၇၀၀၀၀)နှင့် ရုံးအသုံးစရိတ်အတွက် (၅၀၀၀၀)ကျပ် ပေးအပ်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနက သိရှိရသည်။
Myit Makha Mediagroup

No comments:
Post a Comment