Wednesday, October 24, 2012
အိမ်နီးချင်းတဖက်နိုင်ငံများနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်ကျွဲနွားများ ကုန်ကူးသန်းရောင်းချ မှု များလာခြင်းကြောင့် ကောက်ပဲ သီးနှံစိုက်ပျိုးရေး လုပ် ငန်းခွင်တွင် ခိုင်းကျွဲ နွားတိရိစ္ဆာန် ရှားပါးမှုမှာ တစ်နှစ်ထက် တစ်နှစ်ကြုံတွေနေ ရကြောင်း စိုက်ပျိုးရေးလုပ်ကိုင်သူများထံက သိရသည်။မြေယာ အခြေခံ ကောက်ပဲသီးနှံစိုက်ပျိုးရေး လုပ်ငန်းများ အတွက် ခိုင်းကျွဲ၊နွားများရှားပါးလာမှုပြသနာအား တင်းကျပ်သည့် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ရန်လိုအပ်လာသည့် အချိန်သို့ရောက်ရှိလာပြီ ဖြစ်ကြောင်း တောင်သူများက သုံးသပ်သည်။“မြေယာအခြေခံ ကောက် ပဲသီးနှံစိုက်ပျိုးရေးကဏ္ဍမှာ ခိုင်းကျွဲနွားတိရစ္ဆာန်ရှားပါးမှုပြဿနာက တစ်နှစ်ထက်တစ်နှစ် ကြုံတွေ့ နေ ရတယ်။ ဖြစ်ပေါ်လာခြင်းရဲ့အဓိကပြသနာက တရားမ၀င်တစ်ဖက် ဘဂ်လာဒေ့ရှ် သို့ကုန်ကူး သန်းရောင်းချမှုများ ကြောင့်ပါ ။ဘင်္ဂလားဒေ့ရှ်ကို ရေကြာင်းခရီးလမ်း အသုံးပြီးကုန်ကူးသန်းရောင်းချရန် လွယ်ကူတဲ့ မောင်တော၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ကျောက်တော် ၊မင်းပြား ၊ကျောက်တော် စတဲ့ မြို့နယ်ဒေသတွေမှာ ပိုမိုကြုံတွေ့ခံစားလာမှု များလာပါတယ်။ ခိုင်းကျွဲ၊ နွားများရှားပါးလာ လို့ အဲဒီဒေသတောင်သူအချို့မှာဆို ပုံမှန်ကောက်ပဲသီးနှံ စိုက်ကွက် တချို့ကို ထွန်ယက်စိုက်ပျိုး နိုင်ခြင်းမရှိဘဲ ဒီအတိုင်းချန် လှပ်ထားရတယ်”ဟု စစ်တွေ လွင်ပြင်ဒေသမှ ၀ါရင့်တောင်သူကြီးတစ်ဦးကပြောသည်။စပါး အပါ အ၀င် မြေယာအခြေခံကောက်ပဲသီးနှံ စိုက်ပျိုးရေးလုပ်ငန်းအား အဓိကလုပ်ကိုင်ကြသော ရခိုင်ဒေသတွင် ယင်းကဲ့သို့ ခိုင်းကျွဲ၊ နွားများရှားပါး လာသည့် အတွက် ရာသီအလိုက် စိုက်ပျိုးရေးလုပ် ငန်းများတွင် ထိခိုက်လာပြီး ကောက်ပဲသီးနှံအထွက်နှုန်းမှာလည်း လျော့နည်းကျဆင်းနေရကြောင်း စိုက်ပျိုးရေးလုပ်ကိုင်သူများက ဆိုသည်။ဘင်္ဂလားဒေ့ရှ်ဈေးကွက်နှင့်ချိတ်ဆက်၍ တရားမဝင် ကျွဲနွား တိရိစ္ဆာန်များမှောင်ခိုကုန်ကူးသန်းရောင်းချသူများမှာ ဒေသတွင်းမှ ကျွဲ ၊နွားတိရစ္ဆာန် များအား ဈေးကြီးပေး ၀ယ်ယူပြီး ဘုတ်၊ စက်လှေကြီးများဖြင့် အရဲစွန့်ကာ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နေကြခြင်းဖြစ် သည်။ကျောက်တော်မြို့ကစ္ဆပနဒီ ဆောင်းသီးနှံစိုက်ပျိုးဇုန်မှ တောင်သူလယ်သမားကြီး ဦးစံကျော်က ရခိုင်တွင် ခိုင်းကျွဲ နွားများရှားပါး လာမှုမှာကောက်ပဲသီးနှံစိုက်ပျိုးရေးလုပ်ငန်းများအား တိုက်ရိုက် သက်ရောက်မှုရှိကြောင်း ယခုကဲ့သို့ဆိုသည် ။“ကျွဲ၊နွား အ၀ယ်တော်ပွဲစားများက ကျွဲ ၊နွားတစ်ကောင် ကိုဒေသပေါက်ဈေးထက် လေးသောင်း၊ငါးသောင်း ဈေးပိုတင်ပေးပြီး ၀ယ် ယူနေကြတော့ တောင် သူတစ်ချို့ကအနာ ဂါတ်ကောက်ပဲ သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ အတွက်စဉ်းစားမှု အားနည်းတာလား၊ ဒါမှမ
ဟုတ် ငွေကြေးလိုချင် တပ်မက်မှုလောဘများကြောင်းလား မပြောတတ်ပါဘူ။ ဟို တစ်ကောင်စ၊ ဒီတစ်ကောင်စနဲ့ ရောင်း ချလာကြတာ ၊ အခုတော့ တောင်သူအချို့မှာဆို တစ်ကောင်စ၊နှစ်ကောင် စလောက်ပဲ ကျန်ပါတော့တယ်“ ဟု ဦးစံကျော်က ပြောသည်။ဇွန်လအတွင်းကဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ရပ်များနှင့် ပတ်သတ်ပြီး မောင်တောနှင့်ဘူးသီးတောင် ဒေသများအတွင်း ယိုယွင်းပျက်စီးနေသော ဒေသခံများ၏ စိတ်ပိုင်းဆိုင်ရာ ပူပန်သောက ဖြစ်ပေါ်နေမှုများကို အခွင့်ကောင်းရယူကာ လျော့ဈေးဖြင့် ရောင်းချလိုက်သော ကျွဲ ၊နွားတိရိစ္ဆာန် အကောင်ရေ အများအပြားမှာ ဘဂံလာဒေ့ရှ်သို့ တင်ပို့ရောင်းချများရှိခဲ့ကြောင်းလည်း ဒေသခံတို့က ဆိုသည်။ရခိုင်ပြည်နယ်သည် လယ်ယာလုပ်ငန်းကဏ္ဍတွင် ခိုင်းကျွဲနွားများကိုသာ အသုံးပြုနေရပြီး ယင်းကဲ့သို့ ခိုင်း ကျွဲ ၊နွားများ ရှားပါးလာမှုမှာ စစ်တွေခရိုင်နှင့် သံတွဲခရိုင်တို့တွင်လည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။ အလားတူ မြန်မာနိုင်ငံအလယ်ပိုင်းမှ ကျွဲနွားများအား လျော့ဈေးဖြင့် ၀ယ်၍ မူဆယ်လမ်းကြောင်းမှတဆင့် တရုတ်ပြည်သို့ တစ်နေ့လျှင် ကားအစီးရေများစွာ တင်ပို့လျက်ရှိကြောင်းကိုလည်း ရှမ်းမြောက်မှ ထွက်ပေါ်လာသည့် သတင်းများအရ သိရှိရသည်။
Myit Makha Mediagroup

No comments:
Post a Comment