Wednesday, October 24, 2012
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ သီရိမင်္ဂ လာဈေးသစ် တွင်ကုန်တင်ကုန်ချ အထမ်း သမားနှစ် ဦး ခိုက်ရန် ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား ခဲ့ကာ အသက် (၆၀)အရွယ်ရှိ အထမ်းသမားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။ဖြစ်ပွား ပုံမှာ အောက် တိုဘာ (၂၃) နေ့လည် (၁၂) နာရီ၊(၂၀)မိနစ်ခန့်တွင် အသက် (၆၀) အရွယ်ရှိ လူတစ်ဦးနှင့် အသက် (၃၀) ကျော်အရွယ်ရှိ ထိုနှစ်ဦး သားမှ အခြေအတင် စကားအပြန်အ လှန် ပြော ဆိုရာမှ အခင်းဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အသက် ၃၀ အရွယ်လူငယ်မှ (၆) လက်မရှိ အပ် အချွန်ဖြင့် ထိုးလိုက်ရာ အဘိုးကြီး လဲကျကာ ကြမ်းပြင်နှင့် ဦးခေါင်းထိမိ၍ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။“အသက် ၃၀ အရွယ်လူက အသက် ၆၀ အရွယ်ရှိတဲ့သူ နောက်မှာ လွယ်ထားတဲ့အိတ်ကို လုတာကိုတွေ့တယ်။ အသက် ၆၀ အရွယ်လူက ထွက်ပြေးတော့ အသက် ၃၀ လောက်ရှိတဲ့သူက ကန်လိုက်တယ်။ ဟိုလူလဲသွားတဲ့ အချိန်မှာ အသင့်ပါလာတဲ့အချွန်နဲ့ ထိုးလိုက်လို့ လဲကျသွားတယ်။” ဟု မျက်မြင်တွေ့ရှိသူတစ်ဦး က ပြောသည် ။သေဆုံးသွားသူမှာ သီရိမင်္ဂလာဈေးသစ်တွင် ကူလီထမ်းနေသူဖြစ်ပြီးဈေးသည်များနှင့် ခင်မင်စွာနေတတ် သူ တစ်ဦး ဖြစ်ကြောင်း သိရသည်။“သေသွားတဲ့သူက ဈေးမှာကူလီထမ်းတဲ့သူ တစ်ဦးပါ။ သူက အရက်တော့

သောက်တယ်။ ဒါပေမယ့် ဖော်ဖော်ရွေရွေ ပဲ။ အရင်က သူတို့နှစ်ယောက်က
ရန်ငြိုးရန်စလဲမရှိဘူး။ သူတို့က အမြဲစနောက်နေတာပဲ။” ဟု သီရိမင်္ဂလာဈေး တွင် ကူလီထမ်းသူတစ်ဦးက ပြောသည်။ သီရီမင်္ဂလာဈေးသစ် တွင် ပြဿနာအမြဲလိုလိုဖြစ်ပွားလျှက်ရှိသော်လည်း ယခုအခါတွင်မူ လူသေဆုံးသည် အထိ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ လက်ရှိတွင် တရားခံအား ပိတောက်ချောင်းရဲစခန်းမှ သက်ဆိုင်ရာ ရဲများက ဖမ်းဆီးထားပြီဖြစ်သည်။
Myit Makha Mediagroup
Myit Makha Mediagroup

No comments:
Post a Comment