Wednesday, October 24, 2012

မြန်မာဝမ်ပေါင်၏ ပတ်ဝန်းကျင်အလုပ်ရုံဆွေးနွေးပွဲအား ကန့်ကွက် ဆန္ဒထုတ်ဖော်

Wednesday, October 24, 2012
မုံရွာမြို့ နယ် လက်ပန်တောင်းတောင်ကြေး နီ သတ္ထု တွင်း စီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ် ရပ်အားဆား လင်းကြီးမြို့ နယ် လက်ပန်တောင်းေ တာင် အ စည်း အဝေးခန်း မ၌ မြန်မာ ၀မ်ပေါင် ကုမ္ပဏီက ပြုလုပ်ခဲ့သည်။မြန်မာဝမ်ပေါင်ကုမ္ပဏီ မှပြုလုပ်သော သဘာဝပတ် ၀န်းကျင် ထိန်းသိမ်းရေး
ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အားလက်ပန်တော င်းတောင်ကြေး နီစီမံကိန်း ရပ်ဆိုင်းရေး လုပ်ဆောင်နေသောတောင်သူလယ်သမားများနှင့် နိုင်ငံရေးသမားအများစုမှ ကန့်ကွက်ပြီး ယနေ့နေ့ လည်(၂း၀၀)တွင်ယင်းသတင်းစာရှင်းလင်းပွဲအားကန့်ကွက်ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြခေါင်းဆောင်အချို့
ထံ က သိရသည်။“သူတို့သတင်းစာရှင်းလင်းပွဲမှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် အားလုံးကို ဖိတ်ခေါ်သင့် ပါတယ်။ တကယ်ခံစားနေ ရတဲ့ တောင်သူလယ်သမားတွေကို မဖိတ်ပဲနဲ့သူတို့သဘောနဲ့သူတို့ လုပ်ဆောင် တဲ့သတင်းစာရှင်းလင်းပွဲဖြစ်လို့ အားလုံးက ကန့်ကွက်ပါတယ်။”ဟု မြန်မာနိုင်ငံဝိဇ္ဇာ သိပ္ပံတက္ကသိုလ် ကျောင်း သားများ ကွန်ယက်မှဒုတာဝန်ခံ ကိုသော်ဇင်က ပြောသည်။အဆိုပါကန့်ကွက်ဆန္ဒထုတ်ဖော်မှုအား လူမှုရေးအဖွဲ့အစည်း(၄)ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။ လက် ပန်တောင်းတောင်တွင်လုပ်ဆောင်နေသောကြေးနီစီမံကိန်းနှင့်ပတ်သက်၍ယခင်စံ ပယ်တောင်နှင့် ကြေး စဉ်တောင်များတွင် စီမံကိန်း များပြုလုပ်ခဲ့စဉ်က လုပ်ဆောင်ခဲ့သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု များအတိုင်းဆက် လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၀မ်ပေါင်ကုမ္ပဏီမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနမှူး ဦးကိုမြင့်က အလုပ်ရုံဆွေးနွေး ပွဲ၌ ပြောကြားခဲ့သည်။ “အရင် စံပယ်တောင် နဲ့ကြေးစဉ်တောင်စီမံကိန်းအနီးတစ်ဝိုက်မှာရှိတဲ့ကန်ကုန်းကျေးရွာမှာ(၁၁)လအတွင်း (၂၅)ဦး သေတယ် ။(၉)ဦးက ကင်ဆာရောဂါနဲ့သေတယ်။ အက်စစ်အနံ့တွေကြောင့်ပဲ သူတို့ခံစားနေရ တယ်လို့ လေ့လာတဲ့ ပညာရှင်တွေက ပြောတယ်။ NLDက လွှတ်တော် အမတ်လာ စစ်တုန်းကလည်း သူကိုယ်တိုင် အက်စစ်အနံ့တွေ ရှူသွား ရတယ်။ လက်ပန်တောင်းတောင်ကို အရင်တောင်တွေလို ဆက်လုပ်မယ်ဆိုရင် ဒီ လိုပဲ ဆက်ဖြစ်ဦးမှာပဲ။”ဟု ကိုသော်ဇင်က ဆက်ပြောသည်။

Myit Makha Mediagroup

No comments: