Wednesday, October 24, 2012
အိမ်ထောင်မှုသုခ မပြည့်ဝလို့ စိတ်ညစ်နေ ပါသလား။ အများအားဖြင့် အိမ်ထောင် သက်တမ်း ကြာလာတဲ့ အခါ စုံတွဲ တချို့ဟာ အိမ်ထောင်ရေး အပေါ် ငြီးငွေ့ လာတတ်ကြတယ် လို့ လေ့လာမှုအရ သိရပါတယ်။ ဒါကြောင့် သင်တို့ အိမ်ထောင် သက်တမ်း ဘယ်လောက်ပဲကြာကြာ တစ်ဦးအပေါ် တစ်ဦး ထားရှိတဲ့ ချစ်စိတ်တွေ ဟောင်းနွမ်း မသွားစေ ဖို့ သဘာဝနည်းတွေကို အကြံပြု လိုက်ရပါ တယ်။(၁)စိတ်ပျော်ရွှင်အောင် နေပါစိတ်ဖိစီးမှု ရှိပြီး ပြေလျော့အောင် လျှော့ ချနိုင်မှု မရှိတာက အိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို ထိခိုက်စေနိုင် ပါတယ်။စိတ်ဓာတ်ကျတာက သင်ရဲ့ ကိုယ်ရည် ကိုယ်သွေးကိုသာမက အိမ်ထောင်ရေးကိုပါ ထိခိုက်စေနိုင်တာကြောင့် စိတ်ချမ်းသာမှု ရရှိအောင် နေထိုင်ပါ။

(၂) ဂျင်ကိုဘီလိုဘာ မှီဝဲပါဂျင်ကိုဘီလိုဘာ အပင်ကရတဲ့ အရွက်တွေနဲ့ ဖော်စပ်ထားတဲ့ ဆေးဝါးတွေက
ဦးနှောက်နဲ့ လိင်အင်္ဂါတွေဆီကို သွေးစီးဆင်းမှု ကောင်းမွန်စေတယ်လို့
လေ့လာမှုတွေအရ သိရပါတယ်။ (၃) နှိပ်နယ်ရင်း အပန်းဖြေပါစိတ်ဖိစီးမှု၊ ပူပင်သောကနဲ့ စိတ်တိုဒေါသထွက်မှု စတာတွေ ခံစားနေရချိန်မှာ
အနှိပ်ခံတာက သင့်စိတ်ရော ခန္ဓာကိုယ်ကိုပါ အပန်းပြေစေပြီး စိတ်ကြည်နူးမှု
ရရှိစေပါတယ်။ အနှိပ်ခံနေစဉ် ညင်သာတိုးညင်းတဲ့ တေးသီချင်းကို
နားဆင်ပေးတာကြောင့် စိတ်အပန်းပြေကာ အိမ်ထောင်ဖက်နဲ့ ချစ်ခင်လိုစိတ်
တိုးလာစေပါတယ်။
(၄) သင့်လျော်သော အချိန်တွင် အစာစားပါခန္ဓာကိုယ်မှာ အာဟာရ ဓာတ်ချို့တဲ့နေတာကြောင့် လိင်ပိုင်းဆိုင်ရာ ထိခိုက်မှု
ပိုရှိစေနိုင်ပါတယ်။ တစ်နေ့မှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ၅-၉ ကြိမ်လောက်
စားပေးရင်သင့်ကျန်းမာရေးအတွက် အကောင်းဆုံး အခြေအနေမှာ ရှိစေပြီး
ကိုယ် ခံစွမ်းအား ကောင်းမွန်စေ ပါတယ်။စားသုံးတဲ့အစားအသောက်ကရတဲ့ဗီတာမင်နဲ့အင်တီအောက်ဆီးဒင့်တွေကလိင်အင်္ဂါတွေဆီ သွေးစီး
ဆင်းမှု ကောင်းမွန်စေကာ
တချို့နာတာရှည် ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၅)ကိုယ်အလေးချိန်များနေလျှင်လျှာ့ချပါကိုယ်အလေးချိန်များတာကြောင့် ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို ထိခိုက်စေရုံသာမကဆန္ဒ ကိုပါလျာ့ကျစေပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ် အဆီ ပိုတွေကြောင့် သွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေများစေကာ လိင်အင်္ဂါတွေ ဆီ သွေးစီးဆင်း မှု လျော့ကျစေလို့ပါ။
(၆) ကြံ့ခိုင်သန်စွမ်းအောင် လေ့ကျင့်ခန်းလုပ်ပါပုံမှန်လေ့ကျင့်ခန်း အသင့်အတင့် လုပ်ဆောင်ပေးတာကြောင့် လိင်အင်္ဂါတွေဆီ သွေးစီးဆင်းမှု ကောင်းမွန်စေပါတယ်။ ဒါ့အပြင် စိတ်ခံစားမှုကိုပါ ကောင်းမွန်စေတာကြောင့် အိမ်ထောင်ရေးမှာ ပျော်ရွှင်ကြည်နူးမှု ရရှိစေပါတယ်။
(၇) ဆေးလိပ်ဖြတ်ပါဆေးလိပ်သောက်တာကြောင့် လိင်အင်္ဂါတွေဆီ သွေးစီးဆင်းမှု ထိခိုက်စေပါတယ်။ အကြောင်းကတော့ သွေးကြောတွေ ကျဉ်းသွားစေလို့ပါ။ ဆေးလိပ်သောက်တာကြောင့် အမောမခံနိုင်သလို ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေလည်း များပါတယ်။
(၈) ချစ်စိတ်တိုးစေသည့် အစားအစာများ စားပါကညွတ်၊ ကမာ စတာတွေမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများသလို လိင်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို ကျန်းမာစေတဲ့ တခြား အာဟာရ ဓာတ်တွေလည်း ပါဝင်နေပါတယ်။
(၉) အရက်ကို အသင့်အတင့်သာ သောက်ပါအရက်သောက် တတ်သူဖြစ်ရင် အရက်ကိုတစ်နေ့ တစ်ပက်ခန့် သောက်တာကြောင့် စိတ်ဖိစီးမှုကို အတန်အသင့် လျှော့ချနိုင်ပြီး စွမ်းဆောင်နိုင်စွမ်း ရှိစေပါတယ်။ ဒါပေမဲ့ အရက်ကပမာဏ များသွားရင် စိတ်ဓာတ်ကျစေတဲ့ အာနိသင် ရှိတာကြောင့် ဆန့်ကျင်ဘက် ဂုဏ်သတ္တိပြောင်းကာ ဆိုးကျိုး ဖြစ်သွားပါတယ်။
Written by Super User. Posted in Sexuality & Health

No comments:
Post a Comment