Wednesday, October 24, 2012

မြန်မာနိုင်ငံ အစ္စလာမ်ဘာသာအဖွဲ့ကြီးများ၏ သတင်းထုတ်ပြန်ချက် အစိုးရနှင့် ပြည်သူလူထုကို ငြိမ်းချမ်းစွာ စိန်ခေါ်နေ

 Wednesday, October 24, 2012
တည်ငြိမ်မှုမရှိသေးသော ရခိုင်ဒေသနှင့် အခြားဒေ သများရှိတခြား ဘာသာဝင်များ၏ တရားမ
ဝင်လှုံ့ံဆော်နှောင့်ယှက်မှုများရှိနေခြင်းကြောင့် ယခုနှစ် ဘာရ်ကာဒီး အစ်ဒ်နေ့တွင် ကုရ်ဘာနီပြုလုပ်သွား မည်မဟုတ်ကြောင်း အစ္စလာမ်ဘာသာ အဖွဲ့ကြီးများ မှပူးပေါင်း ၍ ကြော်ငြာချက် တစ်စောင် ထုတ်ပြန်ကြေငြာ လိုက်သည်။ အဆို ပါကြေငြာ ချက်ကြောင့် တိုင်းပြည်၏ဘာသာရေးလွတ်လပ်ခွင့် အပေါ် နိုင်ငံတကာမှအထူးသဖြင့်အစ္စလာမ်ဘာသာ ၀င်နိုင်ငံများမှ ဖိအားပေးလာနိုင်ပြီး တရားမ၀င် အစစ္စလာမ်အကြမ်းဖက် အဖွဲ့များ၏ အမြင်စောင်း မှုဒဏ်ကို ခံရဖွယ်ရှိနေကြောင်း သိရှိရသည်။အဆို ပါကြေငြာချက်မှာ အနုနည်းဖြင့် အစိုးရနှင့် တခြားဘာသာဝင်များအပေါ်ပြစ်တင်ရေးသားထားခြင်းဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များအပေါ် တခြားဘာသာဝင်များက နှိမ့်ချစော်ကားဆက်ဆံမှုများပြုလုပ်နေသလို ထင်ယောင်ထင်မှားဖြစ်စေရန်ရေးသားထားခြင်းဖြစ်သည်ဟု အခြားဘာသာဝင်တစ်ဦးကထောက်ပြပြောဆို သည်။အစ္စလာမ်ဘာသာရေးအဖွဲ့များက ပြည်တွင်းနေအစ္စလာမ်လူမျိုးများကို ဆွပေးခြင်းဖြစ်ပြီး အခြား ဘာသာဝင်များနှင့် ပြဿနာများပိုမိုဖြစ်ပွားလာနိုင်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း မြန်မာနိုင်ငံတွင် အစ္စလာမ်လူမျိုးများ နှိမ့်ချစွာခွဲခြားဆက်ဆံခံနေရပါတယ်ဟု ထုတ်ဖော်ကြေငြာခြင်းသာဖြစ်ကြောင်း၊ အစိုးရအပေါ် အနုနည်းဖြင့် ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ပြောဆိုသွားပါတယ်။ ထိုထုတ်ပြန်ချက် ၏နောက်ကွယ်တွင် နိုင်ငံတကာရောက် ရိုဟင်ဂျာအရေးတောင်းဆိုနေသည့် အဖွဲ့အစည်းများ၏ ဖိအားများ ပါဝင်နိုင်ပြီး ပြည်တွင်း အစ္စလာမ်အဖွဲ့များအနေဖြင့် အထက်ပါအဖွဲ့များ၏သိမ်းသွင်းခြိမ်းခြောက်ခြင်း ခံလိုက်ရပြီဟု ထင်မြင်မိကြောင်း၊ အဆိုပါထုတ်ပြန်ကြေငြာချက်ကြောင့် ပြည်တွင်းနေ အစ္စလာမ် လူမျိုးများအနေဖြင့် မိမိတို့နိုင်ငံသားမဟုတ်သော ဘင်္ဂလီလူမျိုးများကို လူမျိုးခြားရေးးအမြင်ထက် ဘာသာရေးအမြင်ရှုထောင့်တစ်ခုတည်းနှင့် အားပေးကူညီနေခြင်းဖြစ်ကြောင်းသိရှိနိုင်ပြီး ပြည်တွင်းနေအစ္စ လာမ်လူမျိုးများ၏ နိုင်ငံအပေါ်ထားရှိသည့် တိုင်းပြည်ချစ်စိတ်အပေါ်မေးခွန်းထုတ်စရာဖြစ်နေကြောင်း မိမိတို့ နေထိုင်ကြီးပြင်းရာတိုင်းပြည်ထက် မိမိတို့ကိုးကွယ်ရာတူသည့် ဘာသာဝင်များကို သာမျက်စိမှိတ် အားပေးနေခြင်းမှာ တိုင်းပြည်အပေါ် သစ္စာမဲ့မှုကို ပြသာနေရာရောက်ကြောင်း ဝေဖန်ပြောဆိုသွားပါတယ်။

People Development For Knowledge

No comments: