Monday, October 29, 2012မူဝါဒများနှင့် ကိုက်ညီသော ဗဟိုဘဏ် အတိုးနှုန်း အားသတ်မှတ် ပြီးဘဏ်များ၏ အပ်ငွေနှင့်ချေးငွေ များအပေါ် အတိုးနှုန်းများကိုစောင့်ကြည့် သတ် မှတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ချေးငွေ အပေါ် အတိုးနှုန်းအား ၂ဝ၁၃-၁၄ ဘဏ္ဍာရေးနှစ် တွင် ၈ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင်၆ရာခိုင်နှုန်း သို့လည်းကောင်း လျှော့ ချပေးပါက အပ်ငွေအပေါ် အတိုးနှုန်း ကို လည်းလျှော့ ချပေးရမှာ ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန် ဒု-ဝန်ကြီးကပြောဆိုလိုက်သည်။“နိုင်ငံတော် ၏ လက်ရှိနှင့် အနာဂတ်ကာလ တွင် ဖြစ်ပေါ် လာနိုင်မယ့် စီးပွားရေး အခြေအနေ၊ ပြည်သူတို့၏ စုဆောင်းမှု၊ ရင်းနှီးမြှုပ်နှံမှု၊ စားသုံးမှုတို့အပေါ် လေ့လာသုံးသပ်ပြီး ဆီလျော်တဲ့ ဘဏ္ဍာရေးနှင့်ငွေကြေးမူဝါ ဒဆိုင်ရာ နည်းလမ်းများကို ချမှတ်ပြီး ယင်းမူဝါဒများနှင့် ကိုက်ညီသော ဗဟိုဘဏ် အတိုးနှုန်းအား သတ်မှတ်ပြီးဘဏ်များ၏ အပ်ငွေအပေါ် အတိုးနှုန်းများ၊ ချေးငွေအပေါ် အတိုးနှုန်းများကို စောင့်ကြည့်သတ် မှတ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟုသတ္တမနေ့ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားသွား
သည်။စုငွေအတွက် ၁၂ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းသို့လည်းကောင်းချေးငွေအတွက် ၁၇ ရာနှုန်းမှ ၁၅ ရာခိုင်နှုန်းထက်မပိုသည့် အတိုးနှုန်းများ
လျှော့ချမှုကို ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်
လျှော့ချပေးခဲ့သည်။စုငွေအတွက် အတိုးနှုန်းများ ထပ်မံ၍လျှော့ချဦးမည်ဆိုပါက အငြိမ်းစား ဝန်ထမ်းများအတွက် နစ်နာသွားနိုင်ကြောင်း အာရှစိမ်းလန်းမှု ဖွံဖြိုးရေးဘဏ်မှ ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်လွင်ရွှေ က ဆိုသည်။“မြန်မာနိုင်ငံမှာတော့ ဘဏ်တိုးနှုန်း ပေးရတာတွေကို များတယ်လို့ အများစုက ထင်ကြတယ်။ အိမ်နီးချင်း နိုင်ငံတွေမှာလည်း များတဲ့နိုင်ငံအချို့လည်း ရှိပါတယ်။ အခြားနိုင်ငံအချို့မှာနှစ်ရှည်အပ်ရင်
အတိုးများများပေးတာ၊နှစ်တိုအပ်ရင် အတိုး နည်းနည်း ပေးတာမျိုးတွေ
ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ငွေအပ်နှံစရာ ဆိုလို့ ဘဏ်ပဲ ရှိနေတာပါ။ စတော့
ရှယ်ယာ ဈေးကွက်တို့၊ အခြားရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေမှာ
သာမန်ပြည်သူတွေအနေနဲ့ လုပ်ဖို့ မရှိသေးပါဘူး။ သာမန်လူတွေထဲက ဘဏ်မှာ
အပ်သူအများစုက အငြိမ်းစားသမားတွေ များတယ်။ သူများနိုင်ငံမှာ အငြိမ်းစား
ယူပြီးရင် စားနိုင်သောက်နိုင်လောက်အောင် ကျန်တော့ သိပ်ပူစရာမရှိဘူး။
ဒီိမှာကျတော့ အငြိမ်းစားသမားတွေက ဘဏ်ကိုအပ်ပြီး ဘဏ်တိုးကို
အားကိုးစားကြရတဲ့ သူတွေ ရှိနေတယ်။ အကယ်၍သာ ဘဏ်တိုးနှုန်းကို ထပ်ချမယ်ဆိုရင်
ဘဏ်တိုးကို အားပြုကြရတဲ့ အငြိမ်းစား ဝန်ထမ်းတွေ အတွက်တော့ ထိခိုက်မှု
ရှိနိုင်ပါတယ်” ဟု ပြောဆိုသည်။
မဇ္ဈိမ
ခင်မျိုးသွယ်
No comments:
Post a Comment