Monday, October 29, 2012
ရခိုင်ပြည်နယ် အရေးခေါင်းအေးအေးထားပြီး အဖြေ ရှာနိုင်ရင်အောင်မြင်မှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေဖြစ်နေ ရတာဟာ လူမျိုးရေးကြောင့် လည်း မဟုတ်သလို ဘာသာရေးကြောင့် လည်း မဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်တာလည်း မဟုတ်သလို လူမျိုးတုန်း သုတ်သင်နေတာ လည်း မဟုတ်ပါဘူး ။မူလအကြောင်းရင်း ကို ပြန်ကြည့်ရင် ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ နယ်မြေတွေမှာ တဖက်နိုင်ငံက ဘင်္ဂလီတွေဟာ တရား မဝင် ခိုးဝင်နေထိုင် မွေးဖွားရင်းနဲ့ ပြဿနာတွေ ရှိလာကြပါတယ်။နည်းမှန်လမ်းမှန် မဖြေရှင်းနိုင်ခဲ့တာေ ကြာင့် ပြဿ နာတွေဟာ ပိုမို ကြီးမား ရှုပ်ထွေးလာပါတယ်။ ဒီကြား ထဲမှာ ပိုမိုဆိုးဝါးလာစေတဲ့ အကြောင်း တခုကတော့ ခိုးဝင် နေထိုင် မွေးဖွားလာကြတဲ့ ဘင်္ဂလီတွေဟာ ရိုဟင်ဂျာလို့ နာမည်အတပ်ခံရပြီး နိုင်ငံသစ် တည်ထောင်ချင်သူတွေရဲ့ အကြံအစည်အောက်မှာ အသုံးချ ခံလိုက်ရတာ ဖြစ်ပါတယ်။ရိုဟင်ဂျာ နာမည် တပ်ထားတာကို အကြောင်းပြုပြီး ဘင်္ဂလာဒက်ရှ် အစိုးရဟာ ရခိုင်နယ်မြေထဲ ရောက်နေ တဲ့ ဘင်္ဂလီတွေကို ရိုဟင်ဂျာ ဆိုပြီးတော့ သူ့နိုင်ငံသားအဖြစ် အသိအမှတ် မပြုသလို သူတို့ကို မကူညီနိုင် ဘူး လို့လည်း ဆိုလာပါတယ်။ဒါ့အပြင် ဘင်္ဂလာဒက်ရှ် နိုင်ငံထဲမှာ အခြေစိုက်ပြီး မြန်မာတပ်မတော်ကို တိုက်ခိုက်နေတဲ့ Rohingya Solidarity Organisation (RSO) အဖွဲ့နဲ့ အခြား ဘင်္ဂလီအဖွဲ့တွေကို ဒီနှစ် နိုဝင်ဘာလအတွင်း ထွက်ခွာဖို့ ဘင်္ဂလာဒက်ရှ် အစိုးရက ပြည်နှင် ဒဏ် ပေးထားပါတယ် ။ဒါ ဟာ မြန်မာနိုင်ငံ ထဲကို RSO နဲ့ အခြား ဘင်္ဂလီအဖွဲ့တွေ နောက်ထပ် စိမ့်ဝင်လာဖို့ အကြောင်း တရပ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ရုတ်တရက် ထဖြစ်လာတဲ့ အနာစိမ်း ဆိုရင်တော့ ကုသရတာ လွယ်ကောင်း လွယ်နိုင်ပါလိမ်မယ်။ ဒါပေမယ့် အမြစ် တွယ်နေတဲ့ အနာမျိုးဆိုရင်တော့ အချိန်ယူရတော့မှာ ဖြစ်ပါတယ်။ ပဋိပက္ခမှာလည်း ဒီသဘောမျိုး ရှိ ပါတယ် ။မြစ်တွယ် နာကို အချိန်ယူ ကုသတယ် ဆိုပေမယ့် လတ်တလော နာကျင် မှုပြေပျောက်အောင်ေ တာ့ လုပ်ပေး ရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ လက်ရှိ ပဋိပက္ခကို မကြီးထွားလာစေ ဘဲ ဖြစ်နိုင်သမျှ အမြန်ဆုံး ရပ်ဆိုင်းစေဖို့ အားသွန်ခွန်စိုက် ကြိုးပမ်း ရပါမယ်။တချိန်တည်းမှာ လိုအပ်လာတာကတော့ လုံခြုံရေး၊ စားစရာ နေစရာနဲ့ ကျန်းမာရေး ထောက်ပံ့ ဖို့ ဖြစ်ပါတယ်။နောက်တဆင့်ကတော့ အဲဒီ ပဋိပက္ခကို ထာဝရ ချုပ်ငြိမ်းအောင် လုပ်ယူရတာ ဖြစ်ပါတယ်။ ပဋိပက္ခမှာ ပါဝင်နေတဲ့ နှစ် ဘက် ကာယကံရှင်တွေရဲ့ ဆန္ဒအတိုင်း ငြိမ်းချမ်းစွာ ပြေလည်စေဖို့ ကြိုးပမ်းယူရ မှာ ဖြစ် ပါတယ်။ ဒီအတွက် အချိန်ယူ ရမှာတော့ ရှိပါတယ်။တကယ်လို့ တဘက်ဘက်က ငြိမ်းချမ်းရေးကို မလိုချင်ဘဲ တဖက်သပ်ဖြစ်နေဦးမယ် ဆိုရင်တော့ အချိန် ပိုမို ကြန့်ကြာနေဦးမှာလည်း ဖြစ်ပါတယ်။ ပဋိပက္ခ ဖြေရှင်းရေးကို ဘာသာရပ်တခုအနေနဲ့ အထူးလေ့ လာ ကြရပါတယ်။လူမျိုးသဘာဝနဲ့ ရေမြေနောက်ခံ အနေအထားအရ ကွဲပြားစွာရှိနေကြ တာကြောင့် တကမ္ဘာလုံး ဖြစ်ပျက်နေတဲ့ပဋိပက္ခချင်း အမျိုးအစားမတူကြပါဘူး။ ဒါတွေကို ပညာရှင်တွေက စနစ်တကျ ပိုပြီး သိကြမှာပါ။ပညာရှင် မဟုတ်ပေမယ့် ဗဟုသုတနဲ့ အတွေ့အကြုံရှိပြီး ဆင်ခြင်မြော်မြင်နိုင်စွမ်း အားမြင့်မားသူတွေဆိုရင် လည်းသိနိုင်ကြမှာဖြစ်ပါတယ်။ပြည်သူတွေရဲ့ အင်အားနဲ့အတူ တတ်သိ ပညာရှင်တွေက အချိန်ယူပြီး ကောင်းမွန်တဲ့ အနာဂတ်ဖြစ်အောင် အခြေခံအုတ်မြစ်ကို စနစ်တကျ ချပေးနိုင်ကြရဖို့ ရှိပါလိမ့်မယ်။အချိန်ယူ လုပ်ဆောင်ကြတဲ့အခါမှာ နည်းလမ်းတွေ ရှာဖွေ ပြင်ဆင်တာနဲ့ အကောင်အထည် ဖော်တာတွေရှိလာမှာ ဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းရမှာတွေ အတော်များနေမှာ ဖြစ်ပါ တယ်။ တချိန်တည်းမှာ အသိ၊ ပညာပေးရေးကိစ္စတွေ၊ပြန်လည် ထူထောင်ရေးကိစ္စတွေကို တဖက်တလမ်း ကဖြည့်ဆည်းနေရ မှာဖြစ်ပါတယ်။ ဒါကြောင့်နောင်အလျဉ်းသင့်ချိန် မှာ ဆက်လက် လုပ်ဆောင်ကြစေလို ပါတယ်။အောင်မြင်သွားမယ်လို့ လည်း ယုံကြည်ထားပါတယ်။ လတ်တလောမှာ အရေးကြီးဆုံး လိုအပ်ချက်ကတော့ အကြမ်းဖက် ပဋိပက္ခ ဖြစ်နေတာတွေကို ရပ်ဆိုင်းစေပြီး လုံခြုံမှုနဲ့ ထောက်ပံ့မှုတွေ အလျင်စလို ဖြည့်ဆည်းနိုင်ဖို့သာ ဖြစ်ပါတယ်။လတ်တလောမှာ ဒါကိုပဲ ကျနော်တို့ ပိုမို အာရုံစိုက်ထား သင့်ပါတယ် ။ အခုလို ပဋိပက္ခကို အမြန်ဆုံး ရပ်ဆိုင်းသွားအောင် ကြိုးပမ်းနေချိန်မှာ အထိရောက်ဆုံး ဖြစ်စေ ဖို့ တာဝန်ရှိကြသူတွေဟာ အင်အား အကောင်းဆုံး ဖြစ်ဖို့ လိုသလို အင်အားကို သန့်စင်စေဖို့ လည်း လိုအပ်မယ်လို့ ဆိုရပါမယ်။ အင်အားကောင်းလာစေဖို့ ဆိုရာမှာ မြန်မာနိုင်ငံအပေါ် သစ္စာရှိရှိနဲ့ တာဝန်ယူနိုင်ကြသူတွေ၊ မြန်မာနိုင်ငံရဲ့ အကျိုးကို လိုလားသူတွေ ပါဝင်လာတဲ့ အနေအထားကို ဆိုလိုပါတယ်။ အဓိကအားဖြင့် မြန်မာအစိုးရနဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူလူထုနဲ့ နိုင်ငံတကာ အသိုင်း အဝိုင်း ဖြစ်ပါ တယ်။အင်အားကို သန့်စင်ဖို့ ဆိုရာမှာတော့ မြန်မာနိုင်ငံမှာ ထိန်းမနိုင် သိမ်းမရ ဗရုတ် ဗရက်တွေ ဖြစ်နေတုန်း အခွင့်အရေးယူ ကိုယ်ကျိုးရှာသူ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ထိန်းချုပ် ဖယ်ရှားနိုင်ဖို့ ဖြစ်ပါတယ်။ သူတို့ကြောင့်မြန်မာနိုင်ငံရဲ့ ရည်မှန်းချက်နဲ့ ကျိုးစီးပွားတွေ ပျက်စီးသွားနိုင် ပါတယ်။အထက်ဖော်ပြပါ အမျိုးအစားနှစ်ခုနဲ့ မတူတဲ့အခြားတမျိုးကတော့ မြန်မာနိုင်ငံအပေါ် သစ္စာရှိပေ မယ့် တာဝန်မယူ သူ (သို့) တာဝန်ယူဖို့ မရဲသူ (သို့)စောင့်ကြည့်နေသူ ဖြစ်ပါတယ်။ သူတို့ဟာ ကြားနေတဲ့ သူတွေ မ ဟုတ်ကြပါဘူး။ အေးအေးဆေးဆေး နေချင်ကြသူတွေ ဖြစ်ပါတယ်။ဒါပေမယ့် တိုင်းပြည်တခုခု ဆိုးဆိုး ဝါးဝါး ဖြစ်သွားမှာကို သူတို့လည်း စိုးရိမ်ပူပန်စိတ် ရှိကြပါတယ်။ အင်အားကောင်းဖို့နဲ့ အင်အားသန့် စင်စေဖို့အတွက် အမျိုးသားရေးအမြင်ဟာ အဓိကအကျဆုံး လိုအပ်ချက်ဖြစ်ပါတယ်။အမျိုးသားရေး လို့ ပြော ရင် ညီညွတ်မှုကလည်း အလိုလို တွဲပါလာမှာဖြစ်ပါတယ်။ တဦးနဲ့တဦး အပြန်အလှန် နားလည်မှု ရှိနေပြီး ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် လုပ်နိုင်ကြရင် အင်အားကောင်းတရပ်ကို စုစည်းနိုင်မှာဖြစ်ပါ တယ်။ဒါဟာ တရားဥပဒေ စိုးမိုးမှုကို အမြန်ဆုံး တည်ဆောက်နိုင်မယ့် အင်အားဖြစ်တယ်လို့ ဆိုရပါမယ်။ အမှန်တကယ် နေရာတိုင်း အချိန်တိုင်းမှာ တိတိကျကျ တရားဥပဒေ စိုးမိုးနိုင်မှလည်း လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို ထိန်းချုပ် ရပ်ဆိုင်းစေနိုင်မှာ ဖြစ်ပါတယ်။အင်အားကို ပိုမိုကောင်းမွန်စေဖို့ ညီညွတ်မှုကို အလေးထားရာမှာ တဦးနဲ့တဦး အပြစ်တင် ဝေဖန်တာတွေလျှော့နိုင်သမျှ လျှော့ကြဖို့၊ သည်းခံနိုင်သမျှ သည်းခံနိုင်ကြဖို့ ၊ချော့မော့ထိန်းပေးကြဖို့ လိုအပ်နေပါတယ်။စေတနာထားကြတာ၊ အားမလိုအား မရ ဖြစ်ကြတာ၊ ခံပြင်းနေကြတာ၊ စိုးရိမ်ပူပန်စိတ် ပြင်းပျနေကြတာ၊မကျေမနပ် ဒေါသတွေ ပေါက်ကွဲနေကြ

တာကို နားလည်ပေးနိုင်ပါတယ်။ ဒါတွေဟာ တဖက်စွန်းရောက် သွားရင် ဆင်ခြင်တုံတ ရား ပျောက်ကွယ် သွားတတ်ပါတယ်။ နည်းလမ်းကောင်းတွေကို မစဉ်းစားနိုင်တော့ဘဲ မွှန်ထူသွားတတ်ပါတယ်။ သမာ ဓိကောင်းကောင်း ခေါင်း အေးအေးထားပြီး နည်းလမ်းကောင်းတွေကို တရားဥပဒေဘောင်ထဲကပဲ ကြံဆစေလိုပါ တယ်။ ပြည်သူတွေဟာ အစိုးရကို ဒီနည်းအတိုင်း အမှန်တကယ် ထိန်းကျောင်းပေး နိုင်ရင် ရကိုရမယ်လို့ ယုံကြည်ထားအပ်ပါတယ်။ ကိစ္စအတော်များများထဲက ထင်ရှားတဲ့ ဥပမာနှစ်ခုကို ပေးရ ရင် မြစ်ဆုံကိစ္စနဲ့ အိုအိုင်စီ အလိုမရှိ ကိစ္စတွေ ဖြစ်ပါတယ်။ အဲဒီကိစ္စတွေဟာ အမျိုးသားရေး အသွင်သ ဏ္ဍာန် ဖြစ်လာ ပြီး တကယ်ပဲ အစိုးရနဲ့ ပြည်သူတို့က တည်ငြိမ်စွာနဲ့ အောင်ပွဲဆင်ခဲ့ကြပြီးပါပြီ။
irrawaddy
irrawaddy

No comments:
Post a Comment