Wednesday, October 17, 2012

ရှေ့နေ စောကျော်ကျော်မင်းအမှု အယူခံဝင်ရန် စောင့်ဆိုင်းနေ

Wednesday, October 17, 2012
မြန်မာနိုင်ငံ ၏ ရွှေဝါရောင်တော် လှန်ရေးအ တွင်းက နိုင် ငံရေး လှုပ်ရှားသူများအ တွက် အမှု လိုက်ပေးရင်းတရားရုံးတော်ကို မထီမဲ့မြင်ပြုမှုဖြင့် ပုဒ်မ ၂၂၈နှင့် ထောင်ဒဏ် ၆လ အင်းစိန် အကျဉ်းထောင် ထဲတွင် ဖမ်းဆီးခံထား ရ သည့် ရှေ့နေ စောကျော်ကျော်မင်းအမှု အယူခံ ၀င် နိုင်ရန် စောင့်ဆိုင်းလျှက်ရှိသည်။ ၎င်းအ မှုကို အောက်တိုဘာလ ၁၂ရက်နေ့က ရန်ကုန် တိုင်းဒေသကြီးတရားလွှတ်တော် ပြစ်မှုအယူခံ အမှတ် ၂၄၉/၁၂ ဖြင့် ဦးစောကျော်ကျော်မင်းနှင့်
ပြည်ထောင် စုမြန်မာနိုင် ငံတော် ဆိုသည့် အယူခံဝင်စာကို ရန်ကုန် တိုင်းဒေသကြီး တရားရုံးတွင် စာတင်ခဲ့ခြင်းဖြစ်ကြောင်း အယူခံဝင်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းအောင်(မြို့မ)က ကေအိုင်စီသို့ပြောသည် ။“ကျနော်က ဦးစောကျော်ကျော်မင်းကို ချထားတဲ့ပြစ်ဒဏ်ဟာဘယ်လိုမှ ဥပဒေနဲ့မညီပါဘူး။ လျှောက်တင် ချက်အရလည်း မှားနေပါတယ်ဆိုတာကိုပြောရမယ်။ သူတို့ဘက်က လက်ခံတယ်ဆိုရင်တော့ နိုင်ငံတော် ဘက်ကနေ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် လက်ထောက်ညွှန်ကြားရေးမှူးနဲ့ ကျနော်တို့ တစ်ယောက်တဖက် ပြောရမယ်”ဟု ၎င်းက ပြောဆိုသည်။ထို့အပြင် ရှေ့နေစောကျော်ကျော်မင်း အယူခံစာတင်နိုင်ရေး အတွက် ရှေ့နေ ဦးညီညီထွေးနှင့် ဦးအောင်သူရိန်ထွန်းတို့မှ အချက်အလက်များနှင့်တကွ လိုအပ်သည်များကို လိုက်လံလုပ်ဆောင်ပေးမည်ဟု ဦးသန်းထွန်း အောင်
(မြို့မ)က ဆက်ပြောသည်။ဆက်လက်၍ အယူခံဝင်ရမည့်အမှုများကို အပတ်စဉ် သောကြာနေ့တိုင်းတွင် ရန်ကုန်တိုင်းတရားရုံးရှေ့ တွင် ဖော်ပြထားပြီး ရှေ့နေ စော ကျော်ကျော်မင်း၏ အယူခံဝင်ရမည့် အမှုပါလာခဲ့ပါက တရားရုံးမှ သတ်မှတ်ဖော်ပြထားသည့် နေ့ရက်တွင် သွားရောက်အယူခံဝင်ရမည်ဟု သိရသည်။လက်ရှိအချိန်၌ အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံထားရသည့် စောကျော်ကျော်မင်းကို မိသားစု ၀င်များသာ ထောင်ဝင်စာ သွားရောက်ေ တွ့ဆုံနိုင်ပြီး အယူခံဝင်ပေးမည့် ရှေ့နေအနေဖြင့် တွေ့ခွင့်မ ရကြောင်းနှင့် မကြာသေးမီက မတရားသဖြင့် တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ စောကျော်ကျော်မင်း၏ စာတိုလေးတစ်စောင်အား ၎င်းလက်ခံရရှိခဲ့ကြောင်း ရှေ့နေ ဦးသန်းထွန်း ကဆိုသည်။ရွှေဝါရောင်ေ တ်ာလှန်ရေးနောက်ပိုင်း ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလ၇ရက်နေ့တွင် ရှေ့နေစောကျော်ကျော်မင်း သည် တရားရုံးကို မထီမဲ့မြင်မှု ပုဒ်မ ၂၂၈အရ ထောင်ဒဏ် ၆လ ကျခံရန် အမိန့်ချမှတ်ခဲ့ပြီး ယခု ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၉ရက်နေ့တွင် တရားရုံးမှ အရေးယူထောင်ချလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား များကူ ညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (AAPP)၏ မှတ်တမ်းအရ သိရသည်။စောကျော်ကျော် မင်းသည် မတရားစွဲဆိုချက်ဖြင့် အဖမ်းအဆီးမခံနိုင်သဖြင့် ၂၀၀၈ဒီဇင်ဘာလဆန်းပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးယမန်နှစ် သြဂုတ် လက ပြည် ပရောက် မြန် မာနိုင်ငံ သားများ အား မြန်မာနိုင်ငံသို့ ပြန်လာကြရန် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်ချက်ကြောင့်၂၀၁၂ ခုနှစ် ၊ ဖေဖော်ဝါရီလက ပြည်တော်ပြန်ခဲ့ခြင်းဖြစ်သည်။

No comments: