Wednesday, October 17, 2012
ယုဇနကုမ္ပဏီ မှ သိမ်း ဆည်းထား သည့် ဟူးကောင်း ချိုင့် ၀ှမ်းဒေသရှိ လယ်မြေများကို အောက်တိုဘာလ (၁၅)ရက်နေ့မှ စတင် ကာ လယ်မြေများကို ပေးအပ် ၍ မြေနေရာများအားစတ င် ပြုပြင်ပေးေ နပြီ ဖြစ်ေ ကြာင်း အ သိ မ်းခံရ သည့်မြေပိုင်ရှင် များက ပြော သည် ။ ဖားကန့်မြို့နယ် နာမ်စိုင်း၊ ၀ရာ ဇွပ် ကျေးရွာ ရှိ မြေနေရာများမှ စတင်ပြုပြင် မှုများပြုလု ပ်နေခြ င်းဖြစ် သည်။ထိုသို့ပြုပြင်မှုများဆောင်ရွက်ေ နသော် လည်း ဒေသ ခံ လယ်မြေ ပိုင်ရှင်များက တရားဝင် စာချုပ်စာတမ်းဖြင့် လယ်မြေပြန်လည်ပေးအပ်ခြင်း မရှိသဖြင့် စိုးရိမ်နေကြသည်။“စာရွက်စာတမ်းနဲ့ လက်မှတ်ထိုးထားခြင်း မရှိတော့ လက်ခံပေမဲ့ ကျွန်တော်

တို့က စောင့်ကြည့်နေဆဲ ဖြစ်နေတယ်”ဟု လယ်မြေပိုင်ရှင်ဦးအာဖူဒိတ်ကပြောသည်။လက်ရှိတွင် ရပ်ရွာများ ကို နဂိုအတိုင်း ပြန်လည်ရရှိကြမည်ဟု ဆိုသော်လည်း
၂၀၀၇ခုနှစ် မှစပြီး သိမ်းယူပြီးပျက်စီးဆုံးရှုံးသွားသော လယ်မြေများ၏
နစ်နာကြေးကို နှစ်စဉ်ပျှမ်းမျှတွက်ချက်ကာ တောင်းဆိုသွားမည်ဖြစ်ကြောင်း
၎င်းတို့ထံက သိရသည်။ သိမ်းဆည်းခံရသည့် လယ်ပိုင်ရှင်များသည်မြို့နယ်တရားရုံးမှ ပြည်နယ်အဆင့်ဆင့် တရားရင်ဆိုင် ခဲ့ရာ အောက်တိုဘာလ(၁၈)ရက်နေ့တွင်အထူးအယူခံကာနေပြည်တော်ထိ ပြည်ထောင်စုအဆင့် လျှောက်လဲ
ချက် တင်ပြသွားမည်ဟု ၎င်းအမှုလိုက် ရှေ့နေဦးတင်မြင့်က ပြောသည်။ယုဇနကုမ္ပဏီအား တရားစွဲဆိုထားေ သာ လယ် ယာမြေအမှုပေါင်းမှာ အမှုတွဲ(၃)တွဲဖြစ်ပြီး အဖွဲ့(၃)ဖွဲက စွဲဆိုထားခြင်း ဖြစ်သည်။“ပထမအဖွဲ့မှာလူ (၁၇) ဦးအမှု တစ်တွဲ၊ ဒုတိယအဖွဲ့တွင် လူ(၄၆)ဦးနဲ့
တတိယအဖွဲ့မှာ လူ(၂၄)ဦး ဖြစ်ပါတယ်” ဟု ၎င်းအမှုကို လိုက်ပါဝင်ရောက်ကူညီဆောင်ရွက်ပေးနေသူဒေါ်ဘောက်ဂျာက ပြောသည်။ဟူးကောင်းလယ်ယာမြေတရားစွဲ
ဆိုထားနေရာများမှာ ဖားကန့်မြို့နယ်ရှိအောင်ရာ၊ ရှာထူးဇွပ်၊ စံပြ၊ ဘန်ကောက်၊ နာမ်စိုင်(နာရာပါ)၊ ၀ရာဇွပ် စသည့် ကျေးရွာရှိ နယ်မြေများ ဖြစ်သည်။လယ်ယာမြေများကို ဧကအတိအကျ ပြန်ပေးခြင်းမျိုး မဟုတ်သော် လည်း လယ်ယာမြေများအား ပြန်လည်ပြုပြင်ပြီးမှသာ မြေတိုင်းများဖြင့် တိုင်းပေးသွားမည်ဖြစ်ကြောင်းကို လည်း သိရသည်။ယုဇနကုမ္ပဏီမှ ပီလောပီနံ နှင့် ကြံစိုက်ပျိုးရန်အတွက်၂၀၀၆၂၀၀၇ခုနှစ်များတွင်ကုမ္ပဏီ က မြေဧက နှစ်သိန်းကျော်သိမ်းယူခဲ့ခြင်းဖြစ်သည်။

No comments:
Post a Comment