 |
| Julia Gillard နှင့် မန်မိုဟန်ဆင်းမ်၊ ဓာတ်ပုံ- AFP |
သြစတြေးလျနိုင်ငံရဲ့
ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် မစ္စ Julia Gillard
ဟာ အိန္ဒိယနိုင်ငံကို ၃ ရက်တာ အလည် အပတ် ရောက်နေခဲ့ပြီး အိန္ဒိယနိုင်ငံ
ဝန်ကြီးချုပ် မန်မိုဟန်ဆင်းမ်းနဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။ နောက်ဆုံး တတိ ယနေ့မှာတော့ ၀န်ကြီးချုပ် Julia
Gillard ဟာ အိန္ဒိယနိုင်ငံ၊
နယူးဒေလီမှာ ရှိတဲ့ ကွယ်လွန်သူ ငြိမ်းချမ်းရေး ဗိသုကာကြီး မဟ္တမ
ဂန္ဓီကြီးရဲ့ ဂူဗိမ္မာန်ကို သွားရောက် ဂါရပြုစဉ် မထင်မှတ် ပဲ
ချော်လဲသွားခဲ့တာကို အောက်တိုဘာလ ၁၇ ရက်နေ့ သတင်းတွေမှာ AFP သတင်းတခုမှာ
ဖော်ပြပါရှိ လာခဲ့ပါတယ်။ဝန်ကြီးချုပ် Julia Gillard ရဲ့ ဂန္ဓီကြီး၏ ဂူဗိမ္မာန်သို့ ဂါရဝ
ပြုရန် လမ်းမှာ အခုလို မထင်မှတ်ပဲ ချော်လဲကျ သွားခဲ့ပြီး အလွန်စမတ်ကျတဲ့
ဝန်ကြီးချုပ်လည်း စတိုင်ပျက်သွားခဲ့ရပါတယ်။ မျက်နှာ၊ ဒူးခေါင်းတွေမှာ
ပွန်းပဲ့သွားတာကြောင့် သမ္မတ အိမ်တော်ရှိရာကို ရှေ့ပြေးလုံခြုံရေးတွေနဲ့
ပြန်ခေါ်လာခဲ့ပါတယ်တဲ့။
သူကတော့ သူ့ ရှေ့တော်ပြေးတွေကို ပြောလိုက်တာက
" ကျမ ဘာမှ မဖြစ်ပါဘူး။ ကျမ ဒူးက မြက်ခင်းတွေနဲ့ ရင်းနှီးပြီးသား" တဲ့လေ။ အခုလို ချော်လဲ ကျခဲ့ရတာဟာ ဒေါက်မြင့်ဖိနပ်စီးလို့ ဖြစ်ခဲ့တာပါတဲ့။
ဒါတော့လည်း ဟုတ်မှာပါ။ ၀န်ကြီးချုပ် Julia Gillard လွန်ခဲ့တဲ့
ဇန်န၀ါရီလတုန်းကလည်း ကမ်ဘာရာက ပွဲတခုမှာလည်း ဒေါက်မြင့်ကြောင့်
ချော်လဲခဲ့သလို လွန်ခဲ့တဲ့ ၂ လလောက်ကလည်း ဆစ်ဒနီချော်လဲခဲ့ ပါ သေးတယ်။
No comments:
Post a Comment