Thursday, October 18, 2012

Spitfire တိုက်လေယာဉ် တွေဖေါ်ဖို့ သဘောတူ

Thursday, October 18, 2012
ဒုတိယကမ္ဘာစစ်အပြီး ကာလက မြန်မာနိုင်ငံမှာ ချန်ရစ် ဖွက်ထားခဲ့တဲ့ Spitfire တိုက်လေယာဉ် ၆၀ ပြန်တူးဖေါ်ရေးနဲ့ပတ်သက်လို့ ဗြိတိသျှလူမျိုး တိုက်လေယာဉ် ဝါသနာအိုး တဦးနဲ့မြန်မာ အစိုး ရကြားသဘောတူချက်တရပ် လက်မှတ်ရေးထိုး လိုက်ပြီ ဖြစ်ပါတယ်။အဲဒီ တိုက်လေ ယာဉ်တွေဟာ လုံးဝအသုံး မပြုရသေးတဲ့ အသစ်စက် စက်လေ ယာဉ်တွေဖြစ်ပြီး ပို့တဲ့ ကုန်သေတ္တာကြီးတွေထဲမှာပဲ အဲဒီအတိုင်း ၁၀မီတာအနက် တွင်းကြီးတွေ ထဲမှာ မြှုပ်နှံထားတာ ဖြစ်တဲ့ အတွက် ပျက်စီးယိုယွင်းမှုရှိမှာ မဟုတ်ဘူးလို့ မျှော်လင့်ရပါတယ်။တိုက်လေ ယာဉ်တွေ ပြန်တူးဖေါ်ရေး သဘောတူချက်ကို မြန်မာ မြို့ပြလေကြောင်း ဆက်သွယ်ရေး ညွှန်ကြားရေးမှူးချုပ်နဲ့ ဒီတိုက်လေယာဉ်တွေပြန်တွေ့ဖို့ ၁၆နှစ်ကြာ အချိန်ယူရှာဖွေခဲ့သူ အဲဒီ ဗြိတိသျှ လယ်သမား တိုက်လေယာဉ် ဝါသနာအိုး David Cundall တို့အကြား သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြတာပါ ။ ၁၉၄၀ ပြည့်လွန် ကာလတွေ အတွင်း ဗြိတိန်နိုင်ငံ ကာကွယ်ရေး စနစ်အောင်မြင်မှု ရခဲ့တာဟာ ဒီSpitfire တိုက်လေ ယာဉ်တွေကြောင့် ဖြစ်ပြီး Spitfire တိုက်လေယာဉ်ကို အမှတ်တရ လက်ဝယ်ထား စုဆောင်းလိုသူတွေ အတော် များများ ရှိနေပါတယ်။

No comments: