Thursday, October 18, 2012
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တွင် အမျိုး သားဒီမို ကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ ၃၂ ခု မြှောက် ကျေးရွာအဆင့် ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ် တင်ပွဲ ကို ချင်းတိုင်းရင်းသား ကျေးရွာ တာရဲတွင် ယမန်နေ့ က ပြုလုပ်ခဲ့သည်။တာရဲ ကျေးရွာသည် အိမ်ခြေ ၃၅၀ ခန့်ရှိပြီး တောင်ကုတ်မြို့ အရှေ့ဖက်တောင် ကုတ် ချောင်းဖျားတွင် တည်ရှိ သည် ။ ယခုကဲ့ သို့ ချင်းတိုင်းရင်းသားကျေးရွာ တစ်ခု တွင် NLD ရုံးကို ပထမဆုံးအကြိမ် ဖွင့်လှစ်နိုင်ခဲ့ သဖြင့် မြန်မာ တိုင်းရင်းသား များအကြား ချစ်ကြည်ရင်းနှီးမူကို ပိုမိုရရှိစေသည်ဟု
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တွင် အမျိုး သားဒီမို ကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ ၃၂ ခု မြှောက် ကျေးရွာအဆင့် ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ် တင်ပွဲ ကို ချင်းတိုင်းရင်းသား ကျေးရွာ တာရဲတွင် ယမန်နေ့ က ပြုလုပ်ခဲ့သည်။တာရဲ ကျေးရွာသည် အိမ်ခြေ ၃၅၀ ခန့်ရှိပြီး တောင်ကုတ်မြို့ အရှေ့ဖက်တောင် ကုတ် ချောင်းဖျားတွင် တည်ရှိ သည် ။ ယခုကဲ့ သို့ ချင်းတိုင်းရင်းသားကျေးရွာ တစ်ခု တွင် NLD ရုံးကို ပထမဆုံးအကြိမ် ဖွင့်လှစ်နိုင်ခဲ့ သဖြင့် မြန်မာ တိုင်းရင်းသား များအကြား ချစ်ကြည်ရင်းနှီးမူကို ပိုမိုရရှိစေသည်ဟု
တောင်ကုတ်မြို့ နယ် ကော်မရှင် ဥက္ကဌ ဦး စိုးချစ်မောင် က ပြောသည်။ချင်းတိုင်းရင်းသားကျေးရွာတွင် NLD ရုံးဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့်ပတ် သက်ပြီး ကိုယ်တိုင်သွားရောက် ဖွင့်လှစ်ပေးခဲ့သော ဥက္ကဌ ဦးစောချစ်မောင်က ခုလို ဆက်ပြောသည်။“ ကျွန်တော် တို့ အခုလို ချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာမှာ NLD
ရုံးဖွင့်ရတာက တိုင်းရင်း သားတွေ အားလုံး ရခိုင်၊ ချင်း၊ ဗမာ စုပေါင်းပြီး
လက်တွဲညီညီ လုပ်ကိုင်ဆောင်ရွက်သွားဖို့၊ လူနေမှု နိမ့်ကျလှတဲ့ ချင်းတိုင်း
ရင်းသားတွေရဲ့ဘ၀ကို ညီအစ်ကိုရင်းပမာ ကူညီလက်တွဲပြီး ဒီမိုကရေစီ စနစ်ကို
အကောင်အထည်ဖေါ် ဆောင် ရွက်သွားဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာ
ဖြစ်ပါတယ်” ဟု ဆိုသည်။အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD
အနေဖြင့် သူတို့ ရွာသို့ လာရောက် ရုံးဖွင့်သည့် အတွက် လှိုက်လှဲစွာ
ကြိုဆိုကြောင်း ချင်းတိုင်းရင်းသား တစ်ဦးဖြစ်သူ ဦးထွန်းရင်က နိရဉ္စရာသို့
ပြောသည်။“ ကျွန်တော်တို့ လှိုက်လှဲစွာကြိုဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ခုလို တိုင်းရင်း သားတွေ အပေါ် မှာ ထားရှိတဲ့ မူဝါဒတွေနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယပင်လုံစိတ်ဓါတ်ကို သဘောကျတဲ့အတွက်
ကျွန်တော်တို့ ချင်းတိုင်းရင်းသားတွေ ကို ကြိုဆိုလက်ခံကြပါတယ်။ ဒါကြောင့်
၂၀၁၅ မှာ ကျင်းပမည့် ရွေးကောက်ပွဲမှာလဲ ရာနှုန်းပြည့် NLD ကို မဲပေးဖို့လဲ
ကျွန်တော်တို့ ဆန္ဒရှိကြပါတယ်။”ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို တောင်ကုတ်မြို့နယ် ကော်မရှင်ဥက္ကဌ ဦးစိုးချစ်မောင်၊ ရခိုင်ပြည်နယ် ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့်
ကိုမောင်ဖြူနှင့် မအေးအေးနိုင်တို့ တက်ရောက် ဖွင့်လှစ်ခဲ့သည်။တိုင်းရင်းသား အချင်းချင်း ချစ်ခင်အားကိုးမှု ပိုမိုတိုး တက် ကောင်းမွန် လာအောင် နောက်ထပ် ချင်းတိုင်းရင်းသား ကျေးရွာများတွင်လည်း ရုံးများ ဆက်လက် ဖွင့်လှစ်သွားမည်ဟု ဦးစိုးချစ်မောင်က ပြောသည်။ရုံးဖွင့်ပွဲ အခမ်းအနားကို ဒေသခံ ချင်းတိုင်းရင်းသား ၅၀၀ ခန့်တက်ရောက်ခဲ့ပြီး တက်ရောက်သူများကို ချင်းရိုးရာ ၀က်သားဆန်ကောသုတ်နှင့် တည်ခင်းဧည့်ခံခဲ့သည်။အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် NLD ရုံးများကို တောင်ကုတ်မြို့နယ်အတွင်းကျေးရွာအနှံ့ ဖွင့်လှစ်ထားခဲ့ရာ ဖွင့်လှစ်ပြီးသော ကျေးရွာများမှာ ဆားပြင်ကျေးရွာ၊ ကျော်ကိုင်းကျေးရွာ၊ ဘူးရွှေမော်ကျေးရွာ၊ ကုလရောင်ကျေးရွာ၊
ပန်းထော်ကျွန်းရွာ၊ နတ်ကန်ရွာ၊ ငရုတ်တောင်ရွာ၊ မောင်းကျေးရွာ၊
နတ်မော်ကျေးရွာ၊ ခရိုင်ကျေးရွာ၊ ကင်းတောင်ရွာ၊ ဆင်တောင်စံပြကျေးရွာ၊
မအီမြို့နှင့် တောင်ကုတ်မြို့အ တွင်းရှိ ချောင်းကောက်ရပ်ကွက်များတွင်
ဖွင့်လှစ်ထားခဲ့ပြီဖြစ်ကြောင်း သိရသည်။အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် မြို့နယ်ရုံးများ ရခိုင်ပြည်နယ်အတွင်းရှိ
ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ မာန်အောင်၊ မြေပုံ၊ မင်းပြား၊
ရသေ့တောင်နှင့် စစ်တွေမြို့များတွင် ဖွင့်လှစ်ထားပြီ ဖြစ်ကြောင်း
သိရှိရသည်။

No comments:
Post a Comment