Friday, October 19, 2012
အာရှဒေသတွင်းရှိ အမေရိကန် နှင့် မဟာ မိတ်နိုင် ငံများ နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုကို ယခုနှစ် တွင် မြန်မာနိုင်ငံ က လေ့လာသူအဖြစ် ပါဝင် ရန် အမေရိကန်က ကမ်းလှမ်းထားသည်ဟု ရိုက်တာသတင်းဌာနက သီးသန့် ရရှိသည့်သတင်း တွင် ဖော်ပြထားသည်။Cobra Gold စစ်ရေးလေ့ ကျင့်မှုမှာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊အင်ဒိုနီးရှားနှင့်စင်ကာပူနိုင်ငံမှ ကြည်း ၊ ရေ ၊ လေ စစ်သားများ နှင့်ခောတ်မှီစစ်လက်နက် ပစ္စည်းများသုံးကာစစ်ရေးလေ့ကျင့် ကြခြင်းဖြစ်သည်။အဆိုပါ စစ်ရေး လေ့ကျင့်မှုသည် အာရှဒေသအတွင်း တည်ငြိမ်မှုအတွက် ဖြစ်သည်။ထိုင်း နိုင်ငံသည် ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုများကိုလက်ခံလာရာ နှစ်ပေါင်း ၃၀ ရှိသွားပြီ ဖြစ်သည်။တောင်ကိုရီးယားနိုင်ငံသည် ၂၀၁၀ခုနှစ်ကမှ ရွှေမြွေဟောက်စစ်ဆင်ရေး တွင် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။တရုတ်နိုင်ငံက ဂျပန် ၊ တောင်ကိုရီယားတို့ နှင့်ပိုင်ဆိုင်မှုအငြင်းပွားနေသည့်ကျွန်းများတွင် ရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ် အမေရိကန် ကငွေကြေး စိုက် ထုတ် ပြီးဦးဆောင်ပြုလုပ်သည့်CobraGoldစစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံ ပါဝင်ရန် ဖိတ်ခေါ်ကြောင်း သတင်းထွက်ပေါ် ခဲ့ခြင်း ဖြစ်သည်။Cobra Gold စစ်ရေးလေ့ကျင့်မှုကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါလဆန်းတွင် ကျင်းပနိုင်ဖွယ်ရှိသည်။ မြန်မာ နိုင်ငံသည် ဗြိတိသျှ နှင့်လည်း စစ်ရေး ဆက်ဆံမှု တိုးမြှင့်လုပ်ဆောင်လျှက်ရှိသည်။

No comments:
Post a Comment