Friday, October 19, 2012

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သို့ ဖိတ်ကြားရန် အစီအစဉ်ရှိကြောင်း တရုတ်သံအမတ်ပြောကြား


Friday, October 19, 2012
တရုတ်နိုင်ငံအစိုးရအနေဖြင့်အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့
လာရောက်ရန်အတွက်ဖိတ်ကြားရန် အစီအစဉ် ရှိကြောင်း တရုတ်နိုင်ငံ သံအမတ်ကြီးက အောက်တို ဘာ ၁၅ ရက်တွင်ပြော သည်။“ဒေါ်စုနဲ့  ကျွန်တော် ခြောက် ခါတွေ့ပြီးပါပြီ ။ သံတမန်စ ကားနဲ့ပြောရင် အ ဆင်ပြေတဲ့ တစ်ချိန်မှာ တရုတ်ပြည် ကိုသွားဖို့ ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်”ဟု သံအမတ်ကြီးကဆိုသည်။မည်သည့်အချိန်တွင် ဖိတ်ကြားမည်ကိုမေးရာ လောလောဆယ်တွင် အချိန်ဇယား မသေချာသေးသည့်အတွက် အဖြေပေး၍ မရသေးကြောင်းသံအမတ်ကြီးကဆက်လက်ပြောသည်။အမေရိကန်နိုင်ငံ မှ ပြန်လည်ရောက် ရှိလာပြီး ပြု လုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “သွားချင်တဲ့စိတ်ရှိပါတယ်။တရုတ်နိုင်ငံက အန်တီတို့ရဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံမှာဆက်ဆံရေးကောင်းဖို့ ဆိုတာလည်း အရေးကြီးလို့ သွားချင်တာပါ”ဟု ပြောကြားခဲ့သည်။

No comments: