Friday, October 19, 2012
ပြန်ကြားရေး ဒုဝန်ကြီးနှင့် နိုင်ငံတော် သမ္မတရုံးညွှန်ကြားရေးမှူးတို့၏ ညှိနှိုင်းဆောင်ရွက်ချက် အရ နိုင်ငံတော်သမ္မတကြီးနှင့် သတင်းမီဒီ ယာများ တွေ့ဆုံမည့် အစီအစဉ် ကို အောက်ပါအတိုင်း ပြောင်းလဲ လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး က စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေထံ လွန်ခဲ့ သော မိနစ်ပိုင်းအတွင်းက အကြောင်းကြားခဲ့ပါသည်။
နေ့ရက်-၂၁-၁၀-၂၀၁၂ (တနင်္ဂနွေနေ့)
အချိန် -၁၄း ၀၀ နာရီ (နေ့လည် ၂ နာရီ)
စုရပ် - ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်။
ပြန်ကြားရေး ဝန်ကြီးဌာနသို့ ရောက်ရှိရမည့် အချိန် (မတိုင်မီ ၂ နာရီ ကြိုတင်၍ အရောက် သွားကြရန် ၊ နေ့လည် ၁၂း၀၀ နာရီ နောက်ဆုံးထား၍ သွားရောက်ကြပါရန်) ဖြစ်ပါသည်။တွေ့ဆုံပွဲ တက်ရောက်မည့် မီဒီယာများကို ပြန်ကြားရေး ဝန်ကြီးဌာနမှမော်တော်ယာဉ်များဖြင့် သမ္မတအိမ်တော်သို့ပို့ဆောင်ပေးမည် ဖြစ်
ပါသည်။
အဆိုပါ ပွဲသို့ တက်ရောက် သတင်းရယူမည့် သူများအနေဖြင့် စာနယ်ဇင်းကောင်စီ(ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေထံ ဖုန်းနံပါတ် ၀၉ ၇၃၀ ၆၄၅၉၂၊ ၀၁ ၀၄၉၈၅၈၂၀ သို့ ယနေ့ညနေ (၄)နာရီ နောက်ဆုံး ထား၍ စာရင်းပေးသွင်းကြပါရန် နှင့် စာရင်းပေးသွင်းထားသူများအား အဆင်ပြေလွယ်ကူစွာ သွား လာနိုင်ရေး အတွက် Express ယာဉ်တစ်စီးအား စုပေါင်းငှားရမ်း မည် ဖြစ်ပါကြောင်း လေး စားစွာ အသိပေးအပ်ပါသည်။
Popular

ပြောင်းလဲသည့်အစီအစဉ်

No comments:
Post a Comment