Saturday, 10 November 2012 ဒီတစ်ခါခွင့် လွှတ်ပြီးတော့ စွပ်စွဲပြစ်တင် အဆိုရုပ် သိမ်းပေး ပါ ၊ မကန့်ကွတ်ံခဲ့တဲ့ လွှတ်တော် ဥက္ကဋ္ဌဦးဆန်းဆင့်ဧရာဝတီတိုင်း
ပါနဲ့လို့ မေတ္တာရပ်ခ
ဒေသကြီး ၀န်ကြီးချုပ်နှင့်ဝန်ကြီး ဦးသန်းထွန်းတို့ လွှတ်တော်သို့ ၀န်ချတောင်း ပန်ပြီးနောက် စွပ်စွဲပြစ် တင်ခြင်းအဆိုအား ပြန်လည်မ ရုတ်သိမ်းမီ လွှတ်တော်ကော်မတီအစည်း အဝေးခန်း မတွင် ပြု လုပ်သော လွှတ်တော်ကိုယ်စားလှယ်များ ၏ သဘောဆန္ဒရယူခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည့် အတွက်
အဆိုပါဖြစ်စဉ် မှန်/မမှန် လွှတ်တော်ဥက္ကဋ္ဌထံ ဆက်သွယ်မေးမြန်းခဲ့ရာ
မှန်ကန်ကြောင်း အစည်း အဝေးတွင် ပြောကြားချက်များအား သိရှိလိုပါက ပေးပို့နိုင်ကြောင်း ပြောကြားခဲ့ပါမည်။
လွှတ်တော်ဥက္ကဋ္ဌ ပြောကြားချက်အပြည့်အစုံမှာ-
ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တော့ ဥက္ကဋ္ဌတစ်ယောက်ထဲနဲ့ ဆုံးဖြတ်ပေးလို့
မရတဲ့ကိစ္စဖြစ်ပါတယ်။ အဓိက တော့ စွပ်စွဲပြစ်တင်ခြင်းအဆိုလက်မှတ်ထိုး
ထားတဲ့ ၁၉ ဦး ပြီးတော့ ဥက္ကဋ္ဌတွေဖြစ်တဲ့ ကော်မတီဥက္ကဋ္ဌ ၁၁ ဦး၊ နောက်
တစ်ခုက ဒီအထဲမှာပါနေတဲ့ တစညပါတီ၊ NLD ပါတီလွှတ်တော်ကိုယ်စား
လှယ်ကြီးတွေ၊ ကျွန်တော် တို့က ပါတီတစ်ခုထဲမဟုတ်ဘူး။ အကုန်လုံး ပါတီစုံဖြစ်နေတော့ ဒီမှာရှိနေသော လွှတ်တော်ကိုယ်စားလှယ် ကြီးတွေ
အားလုံးက သဘောတူညီမှုလေးရမှ ကျွန်တော်က ဆောင်ရွက်ရ မယ့်ကိစ်္စဖြစ်
ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တိုတိုနဲ့ လိုရင်းကိုပြောပါမယ်။
ဟိုမှာလည်း ၁၅ မိနစ်ပြီးတာနဲ့ ဆုံးဖြတ်ချက်ချမှတ်သွား မှာဖြစ်ပါတယ်။
ဒါဘာလဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်ကို
တားဆီးခြင်း၊ ပြည်သူ့ ကိုယ်စားလှယ်များကို ပြည်သူနဲ့ အဆက်ဖြတ်ခြင်း သကဲ့သို့ ဆောင်ရွက်ခြင်းတို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များ၏
တာဝန်ထမ်းဆောင်၍ မရတော့သည် အထိ ဆိုးကျိုးများဖြစ်ပေါ်ခဲ့တဲ့အတွက်
စွပ်စွဲပြစ်တင်ခြင်း ဆောင်ရွက်ရတာဖြစ်ပါတယ်။
ဌာနဆိုင်ရာ ၀န်ထမ်းတွေ
ဘယ်လွှတ်တော် ကိုယ်စားလှယ်ကခေါ်ခေါ် သွားစရာမလိုတော့ဘူး ဆိုပြီး တော့မှ
ညွှန်ကြား ချက်တွေထွက်လာပါတယ်။ ပြီးလို့ရှိရင်လည်း ကော်မရှင်နဲ့ပါ
အတိအလင်းပိတ်ပင် တားတယ်ဆိုတာ
ဖော်ပြ တဲ့ အတွက်ကြောင့်
ဒီအထောက်အထားကြီးတွေဟာ ကျွန်တော်တို့ တစ်ပါတီထဲမဟုတ်ဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ မအူပင်မှာဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့
ကိစ္စပါနေတဲ့အတွက်ကြောင့် ဖြစ်တယ်။ ဟိုဘက်ပါ တီတွေက ရှိနေတယ်။
ဘယ်လွှတ်တော်ကိုယ်စားလှယ်လို့ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ တိုင်းဒေ သကြီးလွှတ်တော် ကိုယ်စားလှယ်တွေသာ မကဘူး၊ ကျန်တဲ့
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပါ ကုန်အကျိုးသက်ရောက်နေတဲ့အတွက်ကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကို
တင်ပြခဲ့ရခြင်းဖြစ်ပါတယ်။ ဒါဘယ်သူ့မှ မပြောလည်းရတယ်။
ကျွန်တော်တင်ပြရခြင်းဖြစ်တယ်။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်
အားလုံးလို့ သက်ရောက်နေတဲ့အတွက်ကြောင့် လွှတ်တော်ကိုယ်စား လှယ်တွေအားလုံးကို ပိတ်ပင်တားဆီးခဲ့တာဖြစ်တယ်။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်သုံးရပ် စလုံးရဲ့ လုပ်ပိုင်ခွင့်၊
တာဝန်အခွင့်အရေးတွေဟာ အကုန်ပြဋ္ဌာန်းပြီးသား ပုဒ်မ ၉၊ ၁၀၊ ၁၁ ဒါတွေက ပြောပြီး
သားမို့လို့ ထပ်ရှည်ပြီး မပြောတော့ပါဘူး။ ဒါကိ တားဆီးပိတ်ပင်လို့ မရပါဘူး။
ဥပဒေကို ကျော်လွန်ဖောက် ဖျက် တယ်။ ဥပဒေကို မလိုက်နာဘဲ ဥပဒေကို
ဖောက်ဖျက်တယ်။ ဒါအခြေခံဥပဒေနဲ့ ငြိသွားပြီ၊ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့
လုပ်ပိုင်ခွင့်ကို တားဆီး
တာကြောင့် ကျွန်တော်တို့ အခန်း (၈)ပါ တာဝန်နဲ့ အခွင့်အရေး ကိုပါ တားဆီးပိတ်ပင်တဲ့အတွက်ကြောင့် ၃၅၅ နဲ့ ငြိကိုသွားတာ။ ငြိသွားတဲ့
အတွက်ကြောင့် ဥပဒေအရ အပြစ်ရှိသွားပြီ၊ ဥပဒေကို ဖောက်ဖျက်
ကျူးလွန်ခြင်းဆိုတာနဲ့ ငြိသွားတဲ့သဘောဖြစ်တယ်။ ဒီဟာသည် လွှတ်တော်
ကိုယ်စားလှယ်ကြီးတွေက လက်မှတ်ထိုးပြီးတင်တဲ့ကိစ္စဖြစ်လို့ ကျွန်တော်က မတင်လို့မရဘူး။ ဒါကို ထပ်ခါတလဲလဲ ဥပဒေနဲ့ ညီညွတ်ရေးပြောတာ
ဖြစ်တယ်။ သို့သော်လည်းပဲ အပြင်မှာဖြစ်တဲ့ သတင်းတွေကတော့ လွှတ်တော်ဥက္ကဋ္ဌနဲ့
ဝန်ကြီးချုပ်နဲ့ ဖြစ်တဲ့သဘောဆိုပြီး ပြောနေကြတာ အကုန်သိပြီးသားပါ။ ပထမ တော့
မသိဘူးပေါ့ဗျာ။ ပထမတော့ မှန်တယ်
ထင်တာ နောက်ဆုံး ကျွန်တော်လည်း
မတက်နိုင်လို့ ၃၃ မျက်နှာနဲ့ ရှင်းလိုက်တဲ့အခါ တစ်တိုင်းလုံး၊
တစ်နိုင်ငံလုံး အပြင် ပြည်ပမီဒီယာများပါ သိသွားတာပါ။ လွှတ်တော်ရဲ့
ဂုဏ်သိက်္ခာနဲ့ လွှတ်တော်ရဲ့ တာဝန်ကို ကျွန်တော်တို့
ထမ်းဆောင်ခြင်းဖြစ်ပါတယ်။
သို့သော်လည်းပဲ တစ်ဖက်က စဉ်းစားတယ်၊ ကျွန်တော် ထွက်ပေါက်လေး
ပေးထားတယ်။ အကြိမ်ကြိမ် ပေါ့ဗျာ၊ ပျက်ကွက်တာတွေ အကြိမ်ကြိမ်ဖြစ်
တာပေါ့။ သို့သော်လည်း စိတ်ရှည်သည်းခံရတာပေါ့ဗျာ။ တစ်ခုက အသက်
အရွယ်အရလည်း ကျွန်တော်ပြန်ပြီး ငဲ့ညှာတာပါ ပါတယ်။ ဒါကြောင့် ယနေ့
ကျွန်တော်တို့ စွပ်စွဲပြစ်တင်ခြင်းအဆိုကို ပြန်ရုပ်သိမ်းဖို့ လိုပါတယ်။
ပြန်ရုပ်
သိမ်းလို့ရှိရင် ကျွန်တော်က ခွင့်ပြုလိုက်မှာ ဖြစ်ပါတယ်။
သို့သော်လည်း မကန့်ကွက်လိုက်ပါနဲ့လို့ ပြောချင်တယ်။ ကန့်ကွက်လိုက်ရင်တော့
မရဘူး။ ဒီကိစ်္စကြီး ဟာ ဥပဒေအရသွားတာ ဖြစ်တယ်။ ဒါဟာ ပြန်ရုပ်သိမ်းလိုက်မှ
ပြီးစီးသွားမှာဖြစ်ပါတယ်။ ဥပဒေ အရပြန်လုပ် ရမှာဖြစ်တယ်။
ဘာဖြစ်လို့လဲဆိုတော့ တောင်းပန်လိုက်ရုံနဲ့ မပြီးသေးဘူး။ အကြွေးကြီးကျန်
နေတယ်။ ဒါဟာ အသက်ဝင်ပြီးသား ဖြစ်ပါတယ်။ဒါကိုပြီးပြတ်အောင်ဆောင်
ရွက်ဖို့သည် ဒီစွပ်စွဲပြစ်တင်အဆိုကို ပြန်ရုပ်သိမ်း တဲ့အခါမှာ ကျွန်တော်တို့
အနေနဲ့ ဖြစ်ချင်တာက ကိုသန်းထွန်းကလည်း တောင်းပန်တယ်၊ ၀န်ကြီးချုပ်
ကလည်း တောင်းပန်ရာစကားပြောသွားတဲ့အတွက်ကြောင့် အခု လွှတ်တော်
ကိုယ်စားလှယ်တွေအားလုံး အထူးသဖြင့် လက်မှတ်ထိုးတဲ့ ၁၉ ဦး ပြီးတော့
တခြားပါတီတွေ ဒေါက်တာလှမြတ်သွေးတို့ပါ၊ ကျွန်တော်ပြောချင်တာ ကတော့
သူတို့တောင်းပန်ပြီးဖြစ်တယ်။
ဒါကို ပြန်ရုပ်သိမ်းပြီး မှ
ဆောင်ရွက်ပေး လိုက်ချင်ပါတယ်။ ဒီဆန်္ဒလေးယူ တာပါ။ အဲဒါရတယ်ဆိုရင်
ဒီကိစ္စပြီးပြတ်သွားမှာဖြစ်တယ်လို့ ပြောချင်တယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ
မေးစရာတော့ရှိတာပေါ့။ ဦးမြင့်လှိုင်ကိစ်္စက လွှတ်တော်ကိုယ်စားလှယ်တွေကို
၁၀တန်းအောင် မအောင်ဘူး၊ ထိုင်ဆို ထိုင်၊ ထဆို ထဆိုတာ မခံနိုင်လို့
ဖြစ်တဲ့ကိစ်္စပါ။ ဒါအပြောမတတ်တာပေါ့။ ပုတ်ခတ်စော်ကားတယ် ဆိုတဲ့ကိစ်္စက
တောင်းပန်လိုက်ရပါတယ်။ အခုကိစ်္စကတော့ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်။ သိအောင်
ပြောရရင် ဒါဥပဒေကိုချိုးဖောက်တဲ့ကိစ္စ၊ သို့သော်လည်း တောင်းပန်တဲ့ဟာကို
ဥပဒေနဲ့အညီ ပြန်ရုပ်သိမ်းလိုက် မှဖြစ်မယ်။ ဒီအတိုင်းထား လိုက်လို့ကတော့
မရဘူး၊ အသက်မ၀င်တော့ဘူး။ သူတောင်းပန်တာ အလကား ဖြစ်သွားမှာ
စိုးလို့ ပြန်လည်ရုပ် သိမ်းတာကို ကျွန်တော်တို့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေကို ပြောချင် တယ်။ ကျွန်တော်ရပ်တည်တာပါ ပါတယ်။ ကျွန်တော်လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေဘက်က အမြဲရပ်တည်တာပါ ပါတယ်။ ကျွန်တော်လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေဘက်က အမြဲရပ်တည်ပါမယ်။ အခု ဘာခံစားတယ်ဆိုတာ သိတယ်။ ဘယ်လောက်ပဲ တိုက်တိုက်တွန်းတွန်း လုပ်လုပ်၊ဘယ်လောက်ပဲ ကော်မတီတွေဆင်းစစ်ဆင်းစစ် အမုန်းခံပြီးပြောပြော သူတို့မလုပ်ဘူးဆိုရင်
ကျွန်တော်တို့ လွှတ်တော်က အလကားပဲ၊ အလကားလွှတ်တော်ပဲ၊ ကနေ့
ဒီလိုဖြစ်နေတယ်ဆိုတာ ခံစားရတယ်။ ခင်ဗျားတို့ ခံစားသလိုကျွန်တော်လည်းခံစားရပါတယ်။ ဘယ်လောက်ပဲလုပ်လုပ် ဗခအငသည မှ မယူဘဲဗျာ။ ကျွန်တော်တို့ က ဘာလုပ်ရမလဲဗျာ။လွှတ်တော်ကိုယ်စားလှယ်ကြီးတွေတွေ့ရင်ပဲ အလကားလွှတ်တော်ကိုယ်စားလှယ်တွေပဲ ဘာမှ အဖြစ်ရှိတာမဟုတ်ပါဘူးလို့ အပြောခံရတာဖြစ်ပါတယ်။
စိတ်ရှည်သည်းခံပြီး ပြောင်းလဲသွားပါမယ်။ ပြောင်းလဲနိုင်အောင်
လုပ်သွားပါမယ်။ မပြောင်းလဲချင်တဲ့ သူတွေ ပေါ်လွင်နေပါတယ်။ ဒါကို
စိတ်ရှည်သည်းခံ ပြီး နောက်ထပ်ဒါတွေ အများကြီး ကြုံတွေ့ရမှာပါ။ လွှတ်တော်နဲ့
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ကိုင်မှု တွေကို တားဆီးပိတ်ပင်တယ်ဆိုရင်
နောင်ဆိုရင် သည်းခံမှာမဟုတ်တော့ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်
ခင်ဗျားတို့ဘက်က ရပ်တည်မယ်။ လွှတ်တော် ဘက်က ရပ်တည်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပထမဆုံး အကြိမ်ဖြစ်သော် လည်း နောက်ဆုံးကြိမ် အနေ နဲ့ ခွှင့်လွှတ်သည်းခံကြပြီးတောင်းပန်တာကိုပဲ ကျေနပ်လိုက်ပြီ ဆိုရင် ဒီကိစ္စကို အဆိုရုပ်သိမ်းပေးဖို့
လိုပါတယ်။ ဒါကို ဦးလှမြင့်ကိုယ်စား ဦးနိုင်ဝင်းကပဲ အဆိုတင်သွင်းလိုက် ပါ။
ပြီးရင်ပြန်ရုပ် သိမ်းတဲ့အခါမှာ တောင်းပန်တဲ့အပေါ်မူတည်ပြီးတော့မှ
နောင်တစ်ယောက်နဲ့ တစ်ယောက် ဥပဒေချိုးဖောက် တဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေကို ၀န်ကြီးမဖြစ်လို့ မနာလိုဝန်တို မစ္ဆရိယစိတ်ကြောင့် ဆိုတာတွေ ကျွန်တော်ထံတင်ထားပါတယ်။အဆိုတွေပါတင်ထားပြီးသားဖြစ်တယ်။ ကျေနပ်တယ်ဆိုတာ လေးနဲ့ ပြန်လည်ရုပ်သိမ်းပေးပါ။ပြီးတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဘာမှ ထပ်ပြီး မတင်ပြပါနဲ့တော့။ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး ငါတာဝန်ယူပါတယ်။ စောင့်ကြည့်ရုံပါပဲ။ ဒီဘက်က တစည ဦးမန်းသက်တင်ကြီးတို့အဖွဲ့ရယ်၊ ဒေါက်တာလှမြတ်သွေးတို့ရယ် ဒီအကြိမ်ကို ကျွန်တော် အနေနဲ့ မေတ္တာရပ်ခံပါတယ်။
ကျွန်တော်သည် လွှတ်တော်ဘက်ကိုပဲ လွှတ်တော်ရဲ့ တာဝန်အကျိုးကိုပဲ ထမ်းမယ်ဆိုတာ
စိတ်ချယုံကြည်နေပြီးတော့မှ ဒီတစ်ခါခွင့်လွှတ်ပြီးတော့မှ အဆိုကို
ပြန်လည်ရုပ်သိမ်း ခွင့်ပေးပါ။ မကန့်ကွက်ပါနဲ့လို့ကျွန်တော်မေတ္တာရပ်ခံလိုပါတယ်။ ကဲ ဒီလောက်ပါပဲ။
ဦးကိုကိုအောင်
(လက်ထောက်ညွှန်ကြားရေးမှူး)
The Hot News
No comments:
Post a Comment