Saturday, 10 November 2012
သရက်ခရိုင် ၊ အောင်လံမြို့ သိမ်ကုန်းဓမ္မာရုံ ဘုရားပွဲ တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ရန်ပုံငွေအဖြစ် ဈေးရောင်းချရာတွင် NLDပါတီဆိုင်း ဘုတ်အား ဘုရားဂေါပက အဖွဲ့ကဖြုတ် ချခဲ့သည့်
သရက်ခရိုင် ၊ အောင်လံမြို့ သိမ်ကုန်းဓမ္မာရုံ ဘုရားပွဲ တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ရန်ပုံငွေအဖြစ် ဈေးရောင်းချရာတွင် NLDပါတီဆိုင်း ဘုတ်အား ဘုရားဂေါပက အဖွဲ့ကဖြုတ် ချခဲ့သည့်
အတွက် NLDပါတီ ကတရားစွဲဆို လိုက်ကြောင်း ယင်းမြို့နယ် တရားရုံးထံမှ သိရ သည်။အောက် တိုဘာလ ၃ဝရက်နေ့တွင် အောင်လံ NLD ပါတီဝင်များ မုန့်ဟင်းခါးနှင့်
ပါတီဝတ်စုံ များ ရောင်း ချနေ စဉ် ဂေါပက အဖွဲ့များက ခြိမ်းခြောက်ခြင်း ၊
မတရားကန့်ကွက်ခြင်း၊ ကျူးကျော် ဝင်ရောက်ခြင်း ၊ အဓမ္မ အနိုင်အထက်ပြုကာ
ဓါတ်ပုံနှင့် ဆိုင်းဘုတ်များကို ဖြုတ်ချခြင်း များ ပြုလုပ် ခဲ့သည့်အပြင်
ချက်ပြုတ်ထားသော မုန့်များ မရောင်းရဘဲ ဆုံးရှုံးရခြင်း တို့ကြောင့်
အောင်လံမြို့ NLD ပါတီညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဦးရန်နောင်ထွန်း က တရားလို ပြုလုပ်၍ တရားရုံး ဦးတိုက် လျှောက်ထားခဲ့ကြောင်း ၄င်းထံမှ သိရသည်။
The Voice Weekly
The Voice Weekly

No comments:
Post a Comment