Monday, November 12, 2012

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းမြေအတွင်းမှ မြင်ကွင်းများ

Saturday, 10 November 2012
ပဲခူးမြို့၊ဥဿာမြို့သစ်တွင် ““ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေယာဉ်ကွင်းကြီး””ကို ပြန်လည် တည်ဆောက်တော့ မည်ဖြစ်ရာ သက်ဆိုင်ရာ ၀န်ကြီး ဌာနမှ ပြည် ထောင်စုဝန်ကြီးက
ိုယ်တိုင် လာရောက်ကြည့် ရှုခဲ့သည်။ ယခုအခါ တည်ေ ဆာက်ရေး လုပ်ငန်း အတွက် ပြည်ပနိုင်ငံများ မှ ကုမ္ပဏီများနှင့်လည်း ဆွေးနွေးညှိနှိုင်း မှုများ ဆောင် ရွက်ပြီးဖြစ်ကြောင်းကြား သိရသဖြင့် ပဲခူးမြို့လူ ထုအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ကြိုဆိုလျက်ရှိ ကြသည်။ဟံသာဝတီလေယာဉ်ကွင်း စီမံကိန်းသည် ၁၉၉၃ခုနှစ်ဝန်းကျင်က ရပ်ဆိုင်းသွားပြီးနောက် ထိုစဉ် ကကြိုတင်ဆောင်ရွက်ခဲ့သည့် မြေကြီးလုပ်ငန်းနေရာများတွင် တောချုံများအပြိုင်းအရိုင်းအုပ် ဆိုင်းသွားခဲ့ သည်။ သို့ရာတွင်လေယာဉ် ကွင်းပြေးလမ်းဟူ၍ ထိုစဉ်က သတ်မှတ်ခဲ့သည့်နေရာ အနီးတွင် ““သဲထုတ်လုပ်ငန်း၊ကျောက် စရစ်ထုတ်လုပ်ငန်းများ”” မှိုလိုပေါက်တွေ့မြင်လာ ရသည်။
ယခု အခါ လေယာဉ်ကွင်း တည်ဆောက်ရေး ပြန်လည်စတင်တော့မည်ဖြစ်၍ ယခင်ကပျောက် ပျက်သွား ခဲ့သော““လေယာဉ်ကွင်းပိုင်မြေမကျူး ကျော်ရ””ဆိုင်းဘုတ်များကို ပြန် လည်စိုက်ထူလာခဲ့ သည်။ လေ ယာဉ်ကွင်းပိုင်မြေဧရိယာတွင်းမှာပင် အင်ဂျင်ပါဝါကြီးမားသော အင်ဂျင်စက်ကြီးများဖြင့် သဲထုတ်လုပ် ငန်းနှင့်ကျောက်စရစ် ထုတ်လုပ်ငန်းကို စီးပွားဖြစ်အကြီး အကျယ်လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင် များသည် လုပ်ငန်းရပ်ဆိုင်း သွားခြင်းမရှိဘဲ ဆက်လက်လုပ် ကိုင်နေသည်ကိုတွေ့ မြင်ရ သည်။ ပေပေါင်းများစွာနက်သော ကျင်းကြီးများ၊ချိုင့်ဝှမ်းကြီးများသည် လေယာဉ် ကွင်းတည်ဆောက်မည့် ဧရိယာအတွင်း မြင် မကောင်း၊ရှု့မကောင်းတွေ့မြင်နေရသည်။လေယာဉ်ကွင်းမ တည်ဆောက်မီကြို တင်၍မြေကြီးတူးထားခြင်းအတွက် ပို၍ ကောင်း သည်ဟုဆိုသူကဆိုပါသည်။သို့ ရာတွင် မကျူးကျော်ရဆိုင်း ဘုတ်ကို ပမာမခန့်ပြုနေသူများသည် ခိုးကြောင်ခိုး ၀ှက်တော့မဟုတ်ပါ။ ပြောင်ပြောင်တင်းတင်း လုပ်ကိုင် ဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။သဲနှင့်ကျောက်စရစ်ထုတ်ရာ နေရဖြစ်သော လေယာဉ်ကွင်းပိုင် မြေထဲသို့

ထော်လာဂျီတစ်စီးလျှင် (၅၀၀)ကျပ်ပေး၍၀င်ကြရကြောင်း၊ လေယာဉ်ကွင်း ပိုင်မြေထဲတွင် ကျောက် စရစ်နှင့်သဲထုတ်လုပ်သူ(၂၀)ဦးခန့်ရှိပြီး(သက်ဆိုင်သည်၊ မသက်ဆိုင်သည်၊သူတို့မသိ)အင် ဂျင်စက်တစ် လုံးလျှင် တစ်လကျပ် (၁)သိန်း၊ဂ၀ံအကြေသီးသန့်(လက် ဆေး)ထုတ်လုပ်သူသည် တစ်လ ကျပ်(၃) သောင်းပေးဆောင်နေရ ကြောင်း ဥဿာမြို့သစ် ဗိုလ်ချုပ် အောင်ဆန်း လမ်းနေ သဲကျောက်လုပ်ကိုင်သည့် အငြိမ်းစား ရဲအရာရှိ ဦးမြဆိုင်ကပြော၍ သိရသည်။မည်သို့ပင်ဖြစ်စေ များမကြာ မီကာလ ၂၀၁၃ခုနှစ်တွင် လေယာဉ်ကွင်း လုပ်ငန်းများစတင်တော့မည် ဖြစ်ရာ သဲနှင့်ဂ၀ံအကြေထုတ် လုပ်ထား မှုကြောင့် ချိုင့်ကြီး၊ကျင်း ကြီးများဖြစ်ပေါ်နေသော မြင်ကွင်းကို သက်ဆိုင် သူများသိရှိနိုင်ရန် နှင့် ငွေကြေးကောက်ခံနေခြင်းအပေါ် လိုအပ်သလို စုံစမ်းဖော်ထုတ် အရေးယူနိုင်ပါရန် ဓာတ်ပုံအထောက်အထားများဖြင့် တင်ပြ လိုက်ရပါသည်။

The Hot News

No comments: