Wednesday, November 14, 2012
တိုင်းရင်းသားများရပိုင်ခွင့် နှင့်ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသည့် အချက်အလက်ကို အခြေခံ၍ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအား လုပ်ပိုင်ခွင့်နှင့် စီမံခန့်ခွဲခွင့်ပေး နိုင်သည် ဟု လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်း ကပြောသော် လည်း ဖက်ဒရယ် မူစစ်စစ်ဖြစ်သော ဖွဲ့စည်း ပုံဖြစ်ဖို့မလွယ်သော ကိစ္စဖြစ်ကြောင်း ကျားဖြူ ပါတီပြည်နယ် လွှတ်တော် အမတ်က ထောက်ပြပါ သည်။“ကျနော်တို့ ကျားဖြူပါတီ ရဲ့ပြည်သူ့ လွှတ်တော် အမတ် နန်းဝါနုနဲ့ ကွတ်ခိုင် မြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးတီခွန်မြတ် တို့တောင်းဆိုတဲ့ အဆိုတွေ ကနေပြီးတော့ မှ နည်းဥပဒေတွေဆက်ဆွဲဖို့ သူတို့ နှစ်ယောက်ကို ဦးသူရရွှေမန်းက တာဝန်ပေးလိုက်တာ။ ဒါကလည်း လွှတ်တော်ထဲ မှာကြေငြာပြီးပေးတဲ့တာ ဝန်မဟုတ်တာဖြစ်တဲ့အတွက် ကျနော် တို့တောင်နောက် မှသိရတာပါ”ဟု လဲချားမြို့နယ်ပြည်သူ့လွှတ်တော် အမတ် စိုင်းမောင်တင်က သျှမ်းသံတော် ဆင့်အား ဖြေကြား သည်။

ပထမအကြိမ် စတုတ္ထပုံမှန် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် နန်းဝါနု တင်သွင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၆၄ ဃ )တိုင်းဒေသနှင့် ပြည်နယ်ဝန်ကြီးချုပ် နှင့် ဝန်ကြီးများ၏ လုပ်ပိုင်ခွင့်ကို နည်းဥပဒေအဖြစ် ပြဌာန်းပေးဖို့အဆိုနှင့် ဦးတီခွန်မြတ်တင်သွင်းသည့် တိုင်းရင်းသားအခွင့်
အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပြဌာန်းပေးရန် အဆိုကို ဖက်ဒရယ်စနစ် နှင့် တူသောတန်း တူညီမျှမှုရှိသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မပြင်ဆင်ရသေးသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါအချက် အလက်နှင့် ဇယား ၂ ကို အခြေခံ၍ နည်း ဥပဒေရေးဆွဲနိုင်ကြောင်း၊ တိုင်း ဒေသ ကြီးနှင့် ပြည်နယ်များ၏လုပ်ပိုင်ခွင့်၊ စီမံခန့်ခွဲခွင့်များပေးနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရရွှေမန်းက လမ်းညွှန်မှုပြုပေးခဲ့ သည်ဟု နန်းဝါနုက ပြောသည်။ ထိုစဉ်က ၎င်းတို့နှစ်ဦး၏ အဆိုကို ဒေါ်အောင် ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားကိုယ် စားလှယ်များ က ထောက်ခံမှုပြု ခဲ့ကြသည်။
ရှိပြီးသား ဥပဒေကို ထပ်ဖြည့်ရန်အတွက် မူကြမ်းရေးဆွဲတင်ပြရန်အတွက် သာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆွဲရန်မဟုတ်ကြောင်း၊ အဆိုပါဖြည့်ထားသည့်နည်းဥပဒေကို အတည်ပြု ရန် လည်း လွှတ်တော် အတွင်းတင်ပြ၍ ထောက်ခံမဲ များရယူရဦးမည်ဖြစ်ကြောင်း စိုင်းမောင်တင်က ပြောပါသည်။
“ဒါပေမယ့် ဒီလိုနည်းဥပဒေကိုကျတော့ လွှတ်တော် ၂ ရပ်လုံးရဲ့ တဝက် ကျော်ကျော်လေးက ထောက်ခံရင် အသိအမှတ် ပြုနိုင်ပြီ။ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဖို့ကျတော့ သမ္မတက ပြင်ခိုင်းတယ်ဆိုမှ လွယ်မယ်လေ။ ကျနော်တို့ ကဘဲ ပြင်ချင်တယ်ဆိုရင် တော့ ၇၅ ရာခိုင်နှုန်း ကျော်ထောက်ခံမှလေ မလွယ်ဘူးလေနော်။ သို့ပေမယ့် တကယ့်ကို ဖက်ဒရယ်စစ်စစ်လိုချင် ရင်တော့ အစိုး ရရော သူ့ရဲ့စစ်တပ်ရော တိုင်းရင်းသားတွေအပေါ်ထားရှိတဲ့ မာနကိုလျှော့ချမှ ခွဲခြားဆက်ဆံမှုကိုဖယ်ရှားပစ်နိုင်မှ ရမှာဖြစ်တယ်” ဟု
ဆိုပါသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ နန်းဝါနုက - လက်ရှိအချိန် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုမပြင်နိုင်သေးသဖြင့် ယခုကဲ့သို့ အခွင့်အရေးရလိုက်သည်မှာ ဖက်ဒရယ်မူစစ်စစ်မရသေးသော်လည်း အခြေခံအုဋ်မြစ် တခု ဖြစ်လာ နိုင်ကြောင်း - ပြောပါသည်။
သျှမ်းသံတော်ဆင့်

No comments:
Post a Comment