Thursday, November 15, 2012

"အိုဘားမားပုံ ကန်တော်ကြီး တာဝါ အုတ်နံရံတွင် ရေးဆွဲရန် ခွင့်ပြုချက် တောင်းခံထား"

Wednesday, 14 November 2012
အမေရိကန် သမ္မတ အိုဘားမား ၏ပုံကို ကန်တော်ကြီး တာဝါ အုတ်နံရံ တွင် ထပ်မံရေး ဆွဲရန် ခွင့်ပြုချက် တောင်းခံထားကြောင်း Graffiti ပညာရှင် ကိုအ
ာကာကျော်က ပြောသည်။''အခု ကန်တော်ကြီး တာဝါအုပ်ချုပ်ရေးမှူးထံမှာ ခွင့်ပြု ချက် ထပ်တောင်း ထားတယ်။ အရင် တစ်ခါ ကတော့ ခွင့်ပြုချက် မရလို့ အဆင်ပြေတဲ့ ချက်ထရီ ယမ် ဟိုတယ်နားက ဖိုးစိန်လမ်းထောင့် မှာ ရေးဆွဲ ခဲ့တာ။ အခု အဖျက်ခံလိုက် ရတဲ့အတွက် ထပ်ပြီးဆွဲ ဖို့ ကန်တော်ကြီးတာဝါကို ခွင့်ပြုချက် ထပ်တောင်း ရတာ။ မရဘူးဆိုရင် အခြား နေရာတွေမှာ ဆွဲသွား မယ်'' ဟု ၄င်းက ဆိုသည်။အမေရိကန်သမ္မတ အိုဘားမား၏ Graffiti ပုံအား ၄င်းအနေဖြင့် နိုဝင်ဘာ လ ၁၁ ရက်နေ့ နံနက် ၃ နာရီ၌ စတင် ရေးဆွဲခဲ့ပြီး နံနက် ငါးနာရီခန့်တွင် ပြီးစီးခဲ့ ကြောင်း၊ ထို့နောက် အဆိုပါ နေ့ နံနက် ၉ နာရီခွဲခန့်တွင် ထိုပုံမှာ ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။


''ဒီပုံကို ဆွဲဖြစ်တာက မြန်မာနိုင်ငံကို အိုဘားမား လာမယ်ဆိုတာကို သိရလို့ ကြိုဆိုတဲ့အနေ နဲ့ နှစ်နာ ရီလောက် အချိန်ယူပြီး ဆွဲထားရတာ။ နောက်နေ့ မနက်ကျတော့ ကျွန်တော်တို့ ဆွဲထားတဲ့ပုံ ဖျက်ဆီးခံထား ရတာမြင်တဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်'' ဟု ကိုအာကာကျော်က ထပ်မံပြောသည်။
Graffitiသည် လွတ်လပ်သော အနုပညာ အမျိုးအစားတစ်ခု ဖြစ်သည့် အပြင် ဟစ်ဟော့ ဂီတနှင့်လည်း ဆက်စပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၌ Graffiti အနုပညာအား လူငယ်အများစုမှ နှစ်သက်သဘော ကျသော် လည်း လူကြီးပိုင်းအများစုမှာ လက်ခံနိုင်ခြင်းမရှိသေးကြောင်း၊ ထို့အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများမှလည်း ထိုသို့ ရေးဆွဲနေသည်ကို တွေ့ရှိ ပါက ဖမ်းဆီးအရေးယူခြင်းများကိုလည်း ခံခဲ့ရဖူးကြောင်း ၄င်းကထပ်လောင်း ပြောသည်။
Popular Myanmar News Journal

No comments: