
(၈၈)ကျောင်းသားခေါင်းဆောင်
မင်းကိုနိုင်တစ်ယောက် နိုဝင်ဘာ(၂၁)ရက်နေ့က ဟောပြောပွဲ တစ်ခုမှာ သွားရောက် ဟောပြောလိုက်တာ
ဆုငွေကျပ်ငါသောင်း ရရှိသွားပါတယ်။ သွားရောက် နားထောင် ခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးကတော့
ကျွန်တော်တို့ရဲ့ (၈၈)ကျောင်းသားခေါင်းဆောင်ဆိုပြီး အထင်တကြီးနဲ့ နားထောင်လိုက်တာ သူဘာတွေပြောမှန်း
ကျွန်တော်တို့သိပ်နားမလည်ဖူးလို့ ပြောပါတယ်။
သူက ဆက် ပြောရာမှာတော့ မင်းကိုနိုင် အနေနဲ့သူတို့ထောင်ထဲမှာ
နေထိုင်စဉ်က တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ အရင်တုန်းက အစိုးရတွေရဲ့ မကောင်းကြောင်းတွေကို
ဂုဏ်ယူပြောဆိုနေတာဖြစ်ပြီး သူတို့ အတွက်တော့ မှတ်သားလောက်တဲ့ ဗဟုသုတမရခဲ့ဘူးလို့ ပြောပါတယ်။
တကယ်တော့
မင်းကိုနိုင်မှာ အတွေ့အကြုံဗဟုသုတ သိပ်မရှိတာလဲဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့
ဒီကနေ့နိုင်ငံအတွင်းမှာ မင်းကိုနိုင်ရဲ့သွားလာလှုပ်ရှားမှုတွေဟာ ပြည်သူအများစုအတွက် ကောင်း
ရာကောင်းကျိုးဖြစ်ဖို့ထက် သူ့ရဲ့ဘ၀ရပ်တည်ရေးကို အဓိကထား လှုပ်ရှားနေတာ တွေ့နေရပါတယ်။
လူ အုပ်စုတွေ ရုတ်ရုတ်ဆိုရင် မင်းကိုနိုင် ရောက်သွားပါပြီ။ အရင်အစိုးရမကောင်းကြောင်းတွေ
ပြောပါမယ်။ ပွင့်ပွင့်လင်းလင်း ပြောကြဆိုကြဖို့ တိုက်တွန်းပါမယ်။ ဒီအချက်တွေအပြင် မပိုပါဘူး။
ပြီးရင်
သူများပေးတဲ့ငွေကြေးတွေ လက်ခံမယ်။ လက်ဆောင်ပစ္စည်းတွေယူလာမယ်။ မင်းကိုနိုင်ရဲ့ ပင်ကိုယ်
ဗီဇခံစားချက်တစ်ခုရှိပါတယ်။ သူတက္ကသိုလ်တက်နေတုန်းက တက္ကသိုလ်လေ့ကျင့်ရေးတပ်မှာ တပ်ဖွဲ့ဝင်အဖြစ်
လျှောက်တယ်။ ဆေးစစ်တဲ့အခါမှာ ဆေးမအောင်ဘူး။ ဒါကြောင့် UTC တပ်ဖွဲ့ဝင် မဖြစ်ခဲ့ ဘူး။
ဒါကြောင့် သူ့ရဲ့စိတ်ထဲမှာစစ်သားမြင်ရင် မုန်းတယ်။ စစ်ဗိုလ်မြင်ရင် ကြည့်မရဘူး။ စစ်သားတွေ
စစ်ဗိုလ်တွေရဲ့ပင်ပန်းဆင်း ရဲစွာဖြတ်သန်းလာခဲ့ကြရတဲ့ ဘ၀တွေကို သူလုံးဝနားမလည်ဘူး။ ဒါမျိုးဆိုတာ
ကလဲ စစ်သားသားသမီးမှ စစ်တပ်အကြောင်းနားလည်မှာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်သားသားသမီးမို့
စစ်တပ်အကြောင်း သူများတွေထက်ပိုနားလည်တယ်။ ဒါကြောင့်လဲ စစ်တပ်မရှိဘဲ ဒီမိုကရေစီမခိုင်မာဘူးဆိုတဲ့
ခံယူချက်သူ့မှာရှိပါတယ်။ မင်းကိုနိုင်ကျတော့ ဒီလိုမျိုး မဟုတ်ပါဘူး။ စစ်တပ်မကောင်းကြောင်းပြောမှ
ပြည်သူကသူ့ကိုထောက်ခံမယ်ဆိုတဲ့ အယူအဆ လက်ကိုင်ထားတာမို့ ဘယ်နေရာမျိုးမှာမဆို နည်းနည်းလေးဖြစ်ဖြစ်ပြောလိုက်ရမှစိတ်ထဲမှာ
ကျေနပ်မှာပါ။ ဒီကနေ့ခေတ်မှာ ပြင်ပမှာပေါက်လွှတ်ပဲစား လျှောက်ပြောပြီး လက်ခုတ်သံမှာ မိန်းမူးနေရတဲ့ခေတ်
မဟုတ် တော့ပါဘူး။ပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ လွှတ်တော်မှာပြောဆို၊ဆုံးဖြတ်ရမယ့်အချိန်အခါပဲဖြစ်ပါတယ်။
တွေ့မြင်ကြားသိရသလောက်တော့
မင်းကိုနိုင်ဘာတွေလုပ်နေသလဲဆိုရင် သူများပေးတဲ့ဆုတွေ၊ သူများပေးတဲ့ ငွေကြေးတွေယူမယ်၊
ကိုယ်ကျိုးသုံးမယ်။ ပြီးရင် အစိုးရနဲ့ပြည်သူတွေကို ရန်တိုက်ပေးမယ်။ ဥပမာတစ်ခု အနီးစပ်ဆုံးပြောရယင်
ကြေးနီတောင်စီမံကိန်းမှာလဲ မင်းကိုနိုင်ပါတာပါပဲ။ ပြည်သူတွေရဲ့ ဆန္ဒ ဒီလိုရှိတယ်ဆိုတာ
အစိုးရကသိနေပြီး၊ လွှတ်တော်မှာ ဆွေးနွေးကြမယ်၊ ပညာရှင်တွေ သုံးသပ်ကြမယ်။ ဒါကမဖြစ်မနေလုပ်မယ့်
ကိစ္စဖြစ်ပါတယ်။ ပြည်သူအများစုရဲ့ ဆန္ဒကို လွှတ်တော်ကဆန့်ကျင်မှာ မဟုတ် သလို အစိုးရကလဲ
လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို လိုက်နာမှာပါ။ ရှင်းနေတဲ့ကိစ္စအတွက် ဦးဆောင် သလိုလိုလမ်းပြသလိုလို
လုပ်နေကာမှ ဒေသခံပြည်သူတွေ အလုပ်ပျက်၊ အစားပျက်နဲ့ ဖြစ်နေတော့တာပါ။ အဲဒီတော့ပြောရမယ်ဆိုရင်
(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ဝေလေလေမလုပ်ပါနဲ့။ လေ ပစ်ပြီး မစားပါနဲ့။
ပွင့်ပွင့်လင်းလင်း ဒီမိုကရေစီခေတ်ကြီးမှာ
ပြည်သူတွေ အမြင်ကျယ်နေကြပါပြီ။ လူတွေအများကြီး စုရုံးဒုက္ခခံပြီး ပြောဆိုဆန္ဒပြမှရမယ့်ခေတ်ကြီး
မဟုတ်တော့ပါဘူး။ ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်တဲ့ အမျိုး သားလွှတ်တော်၊ ပြည်သူ့လွှတ်တော်အပြင်
ပြည်နယ်/တိုင်းဒေသကြီး ကိုယ်စားလှယ်တွေကနေတစ်ဆင့် ကောင်းကောင်းမွန်မွန် ပြောဆိုလို့ရနေပြီဖြစ်တဲ့အတွက်
ပြည်သူတွေအပေါ်မှာ လေတစ်လုံးမိုးတစ်လုံးနဲ့ လိမ်ညာ မစားပါနဲ့တော့ မင်းကိုနိုင်ရေ...လို့
.. အသိပေးလိုက်ချင်ပါတယ်။
No comments:
Post a Comment