Saturday, November 24, 2012

ကောင်းကင်ပေါ်မှ အမျိုးအမည်မသိ ထူးဆန်းသော သတ္တုပစ္စည်းများကျရောက်

နိုဝင်ဘာလ ၂၄ ရက်၊ ၂၀၁၂ ခုနှစ်။


၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက် ၆ နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ဦးပန်း ပိုင်ဆိုင်သော ရာဘာခြံအတွင်းသို့ ကောင်းကင်မှ အလျား ၂  ပေ၊ ၆ လက်မ၊ အနံ ၆ လက်မ၊ အလေးချိန် ၄ ပေါင်ခန့်ရှိသည့် သတ္တုပြားတစ်ခု အသံမြည်ဟီးသံနှင့်အတူ ပြုတ်ကျလာခဲ့သည်။ ၄င်းအချိန်မှာပင် ၀င်ဝယ်ကရာကျေးရွာအုပ်စု ၊ ၀ါးဘိုးတောင်ကျေးရွာ အရှေ့ဘက် ၄ ဖာလုံခန့်အကွာရှိ ဦးစံသိန်း၏ ရာဘာခြံ အတွင်းသို့လည်း ပေါက်ပြားသဏ္ဍန်ရှိ အလျား ၈ လက်မ၊ အနံ ၆ လက်မခွဲခန့်၊ အလေးချိန် ၄၀ ဂရမ်ခန့်ရှိ အပေါက် ၄ ပေါက်ပါ သတ္တုပြားတစ်ပြားအား ခြံအလုပ်သမား တစ်ဦးမှ   တွေ့ရှိသဖြင့် ညနေ ၄ နာရီအချိန်တွင် သံဖြူဇရပ် ရဲစခန်းသို့ အပ်နှံထားကြောင်းသိရပါသည်။

အလားတူပင် နေ့လည် ၁ နာရီခွဲခန့်တွင်ပင် သံဖြူဇရပ်မြို့နယ်၊ ဘုရားလေးဆူကျေးရွာ အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ ကျုံကန်ချောင်းအနီးသို့ သတ္တု လုံးပတ် ၄၃ လက်မခန့်၊ အချင်း ၂၀.၅ လက်မခန့်၊ မူလီ ၄ လုံးစီပါသည့် သတ္တုလုံး တစ်လုံး ကောင်းကင်မှ ပြုတ်ကျခဲ့ပါသည်။ ၄င်း သတ္တုပစ္စည်းများ သည် ကောင်းကင်ရှိ အမျိုးအမည်မသိ ယာဉ်တစ်စီးမှ ပြုတ်ကျခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက   ပြောဆိုနေကြပါသည်။

No comments: