၂၀၁၂
ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၈ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊
အမှတ် (၇) ရပ်ကွက်၊ ရာဇသူရလမ်းပေါ်တွင် NLD ပါတီဝင် လူငယ်များအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ ပါသည်။
ဖြစ်စဉ်ဖြစ်ပွားရခြင်းမှာ တောင်ဥက္ကလာပမြို့နယ် NLD လူငယ်ပါတီဝင်များဖြစ်သော တာဝန်ခံ လင်းထက်အပါအ၀င်၁၅ဦးခန့်မှအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရန်ကုန်တိုင်းဒေသကြီး)၊
တောင်ဥက္ကလာ
ပမြို့နယ်၊ (၇)ရပ်ကွက်၊ ရပ်ကွက်အတွင်းရှိ ပါတီဝင်အပေါင်းအား အသိပေးနှိုး ဆော်ချက်ခေါင်းစဉ်ပါ စာရွက်စာတမ်းများအားလမ်းအတွင်းရှိ နေအိမ်များသို့ လိုက်လံဖြန့်ဝေနေစဉ် မြို့နယ် NLD ပါတီ ညီလာခံ ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ စောနိုင်နှင့် ၄င်း၏တပည့်ဖြစ်သော ကျော်မိုးဝေနှင့် သန့်ဇင်ဦးတို့မှ စာဖြန့်ဝေနေသည့် ပါတီဝင်များ နောက်မှလိုက်လာခဲ့ပြီး ဘာစာတွေ ဝေနေတာလဲ ဟု မေးမြန်းရာ၊ လူငယ် ပါတီဝင်များမှ ပြန်လည်ဖြေကြားခြင်း မရှိသဖြင့် စာဝေပြီးသည့် အိမ်မှစာအား တောင်းယူကြည့်ရန်ထွက်ခွာ သွားစဉ် လင်းထက်ခေါင်းဆောင်သော NLD လူငယ်အဖွဲ့ဝင် များမှ ဒေါက်တာ စောနိုင်နှင့် သန့်ဇင်ဦးတို့ အား ၀ိုင်းဝန်းထိုးကြိတ်ခဲ့ပါသည်။

ထိုကဲ့သို့ ၀ိုင်းဝန်းထိုးကြိတ်မှုကြောင့်
ဒေါက်တာစောနိုင်တွင် ၀ဲဘက်ပါး ပွန်းပဲ့၊ ၀ဲလက်ခုံနာနှင့် ကျောကုန်းနာကျင်ခဲ့ရပြီး သန့်ဇင်ဦးမှာ
ဝဲဘက်မျက်လုံးယောင်ကိုင်းခဲ့သဖြင့် ဒေါက်တာ သန့်ဇင်ဦးမှ ည ၉ နာရီအချိန်တွင် တောင်ဥက္ကလာပ
ရဲစခန်းသို့သွားရောက်ပြီး တိုင်ကြားခဲ့ပါသည်။ အလားတူပင် NLD လူငယ်ပါတီဝင်များမှလည်း
ဒေါက်တာစောနိုင်တို့မှ ပြန်လည်ထိုးကြိတ်ခဲ့ခြင်းနှင့် ပတ်သတ်ပြီး တောင်ဥက္က လာပ ရဲစခန်းတွင်
လာရောက်အမှုဖွင့်ထားကြောင်း သတင်းရရှိပါသည်။
NLD ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင်
မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိခဲ့သော်လည်း ယခုအချိန်တွင် ပါတီတွင်း အာဏာရရှိရေး ပြဿနာများကြောင့်
ပါတီဝင်အများအပြား နှုတ်ထွက်လျှက် ရှိပါသည်။ ပါတီအတွင်း စည်းလုံးညီညွှတ်မှုမရှိပဲ၊ နေရာရရှိရေးအား
အပြိုင်အဆိုင် ကြိုးပမ်းနေကြခြင်း၊ စတင်ဖွဲ့စည်းချိန်တွင်စနစ်တကျမရှိခြင်း၊ပါတီခေါင်းဆောင်ပိုင်းများမှအုပ်ချုပ်ကွပ်ကဲမှုအားနည်းခြင်းတို့ကြောင့် NLD ပါတီဝင်များ အချင်းချင်း သွေးစည်းညီညွှတ်မှုမရှိကြောင်း
သိရှိပါသည်။
No comments:
Post a Comment