Saturday, November 24, 2012

တွေးမိတိုင်းအရိုးနာ အမျိုးကိုသာဆဲချင်သည်


ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်တွင် အယဉ်ကျေးဆုံးသော ဘာသာတရားဖြစ်သည်ကို အခြားသောဘာသာ   ပေါင်းစုံမှလက်ခံခဲ့ပြီး မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်နိုင်ငံများအနက် သာသနာအထွန်းကားဆုံးသော   နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသောဗုဒ္ဓဘာသာဝင် နိုင်ငံသူ၊   နိုင်ငံသားများသည် လည်း ဟီရိသြတ္တပ္ပတရားကြီးမားစွာဖြင့် ရပ်တည်နေထိုင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုသမိုင်း အခြေခံများနှင့် ပတ်သက်၍လည်း ကမ္ဘာတစ်ဝှမ်းလုံးမှ အသိအမှတ်ပြုရသည်အထိ ယဉ်ကျေးမှုထွန်း ကားသောနိုင်ငံဖြစ်ပါသည်။

အမေရိကန်သမ္မတတစ်ဦး၏ မြန်မာနိုင်ငံအပေါ် သမိုင်းဝင်ခရီးစဉ်နှင့် မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့မှု များအား မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်သံဃာအဖွဲ့တစ်ရပ်အနေဖြင့် လှိုက်လှဲဝမ်းသာစွာ ကြိုဆို   ထောက်ခံပါသည်။ သိုရာတွင် မြန်မာနိုင်ငံ၏ အမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု သမိုင်းအခြေခံများကို သိလျက်နှင့်အမေရိကန်သမ္မတ အိုဘားမားမှ ဒေါ်အောင်ဆန်းစုကြည်အား ပိုမိုပွေ့ဖက်နမ်းရှုပ်ခြင်းမှာ   မြန်မာအမျိုးသမီးတစ်ဦးအား ကမ္ဘာသိ စော်ကားလိုက်ခြင်းဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင်သံဃာများနှင့်   ပြည်သူအပေါင်းမှ မျက်ဝါးထင်ထင် တွေ့မြင်လိုက် ရပါသည်။ ပြည်သူလူထုမှ ယုံကြည်ထောက်ခံခဲ့သော   ဒေါ်အောင်ဆန်းစုကြည်သည်လည်း မိမိ၏ အသက်အရွယ်နှင့် အရှက်သိက္ခာကိုမထိန်းသိမ်းပဲ လွန်ကဲ စွာဖြင့် တုန့်ပြန်ခဲ့ခြင်းမှာ ပြည်သူကိုစော်ကားခဲ့ခြင်း ဖြစ်ပါသည်။
  သမ္မတအိုဘားမားသည် အနောက်နိုင်ငံသား၊ အနောက်တိုင်းယဉ်ကျေးမှုအရ   နှုတ်ဆက်သည်ဆိုသော် လည်း နွေးထွေးစွာပွေ့ဖက်သည့်သဘောသာဖြစ်သင့်ပါသည်။ အိုဘားမားအနေဖြင့် ပထမအကြိမ် သမ္မတ သက်တမ်း တာဝန်ထမ်းဆောင်ခဲ့ပြီးသည်အထိ နိုင်ငံတကာမှ နိုင်ငံရေးခေါင်းဆောင်အမျိုးသမီးများကို လွန်ကဲစွာပွေ့ဖက်နမ်းရှုပ်ခြင်း မရှိခဲ့ကြောင်းတွေ့ရှိရပါသည်။ ထို့အပြင် ထိုင်းဝန်ကြီးချုပ် ယ င်လတ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ ဇနီးတို့အား  ယဉ်ကျေးစွာ နှုတ်ဆက်သွားသည်ကို မြင်တွေ့ရသဖြင့် မိမိနိုင်ငံမှ   နိုင်ငံရေးခေါင်းဆောင်အမျိုးသမီးတစ်ဦး၏ အပြုအမူသည် အရှက်သိက္ခာကင်းမဲ့ခဲ့ကြောင်း ပို၍သေချာစေ ခဲ့ပါသည်။
          အထက်ပါအခြေအနေများအပေါ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ချုပ်ကြီးအနေဖြင့်လည်း လျစ်လျူရှု ၍မနေသင့်ကြောင်း သတိပေးနှိုးဆော်အပ်ပါသည်။ သံဃနာယကအဖွဲ့ကြီးအနေဖြင့် ယဉ်ကျေး မှုဝန်ကြီးဌာနမှတစ်ဆင့် ခေါ်ယူဆုံးမစေရန် တိုက်တွန်းဆန္ဒပြုသင့်ပါသည်။ ရဟန်းသံဃာများနှင့်   ပြည်သူ လူထုအနေဖြင့်လည်း မိမိတို့၏ အမျိုးဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုအား စော်ကားသည့် အပြုအမူဖြစ်  သဖြင့် လက်မခံသင့်ကြောင်း နှိုးဆော်အပ်ပါသည်။
                                                                                                       ဦးစန္ဒာဝရ
                                                                                  ရခိုင်ရဟန်းတော်များအဖွဲ့ (မဲဆောက်)

facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။
         


No comments: