Thursday, November 15, 2012

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ မော်ဝမ်းဗျူဟာကုန်းနှင့် လမောင်ကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွား

Wednesday, 14 November 2012
ကချင်ပြည်နယ်၊ ဖားကန့်ဒေသမော် ၀မ်းဗျူဟာ ကုန်းနှင့် လမောင်းကုန်းကျေးရွာ တွင်နိုဝင် ဘာလ (၁၄) ရက်၊ ည (၁၂နာရီ၊၂၂မိနစ်) အချိန်ခ
န့် တွင်ကေအိုင်အေ (KIA)နှင့် တပ်မတော်ကြား တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။''နှစ် ဖက် ပစ်ခတ်ကြတာပါ။ တပ်မတော်က ဗျူဟာ ကုန်းကနေ လမောင်ကုန်းကို လက်နက်ကြီးတွေနဲ့ ပစ်တာ။ လူကတော့တစ်ဦးမှ မထိပါဘူး'' ဟု ဖားကန့်မြို့မှဒေသခံတစ်ဦးက ပြောကြားခဲ့သည်။ မိုးကောင်း-ဖားကန့်လမ်းပိုင်းမှာ လည်းကေအိုင်အေ ဘက်မှစစ်ဆေးမှုများပြားလျက်ရှိပြီး ကချင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်ထားခြင်းမရှိသော အမျိုးသား များမှာ နိုင်ဝင်ဘာလ (၁၁)ရက်နေ့မှစ၍ တက်ခွင့်မပြုဟု စုံစမ်းသိရှိရသည်။


တက်ခွင့်မရှိသည့် အဓိကအကြောင်းအရင်းမှာ တပ်မတော်သားများက မိုးကောင်းမြို့မှနေ၍ ဖားကန့်ဘက် သို့ ချီတက်သွား၍ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဖားကန့်မြို့သို့ သွားရောက်မည့် တခြားပြည်နယ် /တိုင်းများမှ အလုပ်သမားများ၊ လုပ်ငန်းရှင်များမှာ မြစ်ကြီးနားမြို့နှင့် မိုးကောင်းမြို့များတွင် တက်ရောက် ရန် စောင့်ဆိုင်းနေကြရသည်ဟု သိရသည်။
'' ကားသမားတွေက ဒီလိုလမ်းတွေပိတ်ရင် ခရီးသည်ကိုလည်း ပိုက်ဆံပြန်အမ်းရတယ်။ ဆီဖိုးလည်းရှုံးတယ်။ ကားတွေက တစ်စီးကို (၂) သိန်းစီ ကေအိုင်အေကို ဆက်ကြေးပေးပြီးသားပါ။ အထက်က ဘယ်လိုညွှန်ကြားထားလဲတော့ မသိဘူး။ ဆက်ကြေးမပြည့်သေးတဲ့ ကားတွေလည်း ဟင်း ဖိုးတော့ ပေးနေကြတာပဲ။
လက်နက်ကိုင်အဖွဲ့အစည်းတွေက နိုင်ငံရေးအရ ဘယ်လိုသဘောထားရှိနေရှိနေ ပြည်သူတွေကိုတော့ ဒုက္ခမပေးသင့်ပါဘူး''ဟု ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက နိုဝင်ဘာလ(၁၃) ရက်နေ့ က ပြောကြားခဲ့သည်။
ဖားကန့်ဒေသအတွင်းတွင် စက်တင်ဘာ၊ အောက်တိုဘာလအတွင်းများတွင် တပ်မတော်နှင့် ကေအို င်အေကြား အပစ်အခတ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး အရပ်သားများမှာ တိုက်ပွဲအ တွင်း သေ ဆုံးခြင်း၊မိုင်းနင်းမိခြင်း၊ စသည်တို့ကြောင့် သေဆုံးသူဦးရေ အများအပြားရှိခဲ့ပြီး လက်နက် အဖွဲ့များမှ နှစ် ဖက်ကျဆုံးသူများလည်း အများအပြားရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ စုံစမ်းသိရှိရသည်။

EMG

No comments: