Thursday, November 15, 2012

လားရှိုးမြို့ တွင် ငွေကျပ် ၁,၆၈၁သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Wednesday, 14 November 2012
၁၃-၁၁-၂ဝ၁၂ ရက်နေ့ ဝ၅၃ဝ အချိန်တွင် ရှမ်းပြည် နယ် လားရှိုး မူးယစ်အထူးအဖွဲ့မှ ရဲအုပ် နိုင်ထန်း မနား ဦးစီးအဖွဲ့သည် သက်သေများနှင့် အတူ လားရှို
းမြို့ ရပ်ကွက် (၁)ဘူတာ လမ်းနှင့် မြဝတီ လမ်းထောင့်တွင် သတင်းအရ စောင့်ဆိုင်းနေ စဉ် မြဝတီလမ်းဘက် မှ ဘူတာလမ်းဘက် သို့ ဆမ် ခွက် (ကျား) (၅ဝ)နှစ်၊ ယာဉ်မောင်း ရပ်ကွက်(၅) မိုင်းမောမြို့ ဝ ဒေသ မောင်းနှင်ပြီး ရှေ့ခန်းတွင် တစ်ရပ်ကွက် တည်းနေ အိုက်ရုန်း(ကျား) (၁၉)နှစ် တောင် ယာလုပ် လိုက်ပါ လာသော ၄ခ/၄၅၃၃ ဖိုးဝှီး ဟိုင်းလတ် ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်နောက်ခန်းတွင် အဖြူရောင် ဆာလာအိတ်ဖြင့်ထည့်လျက် အိန္ဒိယနိုင်ငံထုတ် အက်ဖီဒရင်း ဆေးပြား (၁ဝဝဝ)ပြားစီပါ ပလပ်စတစ်အထုပ် (၁ဝဝ)ထုပ်၊ ဆေးပြား(၁ဝဝဝဝဝ)ပြား၊ အလေးချိန် ၁၅ ကီလိုဂရမ်ခန့် (စုစုပေါင်းတန်ဖိုး ၁ ကီလိုလျှင် ၄၃ သိန်းနှုန်းဖြင့် ၁၅ ကီလို ငွေကျပ် ၆၄၅ သိန်း) အဝါရောင်ဆာလာအိတ်ဖြင့်ထည့်လျက် ပလပ်စတစ် အိတ်ဖြင့်ထုပ်ထားသော ဆူဒိုအက် ဖီဒရင်းဆေးပြား (၁၄ဝဝဝ)ပြားစီပါ အထုပ်(၈)ထုပ်၊ ဆာလာအိတ် (၄)အိတ် အတွင်းမှဆေးပြား (၄၄၈ဝဝဝ)ပြားနှင့် ဆူဒိုအက်ဖီဒရင်း ဆေးပြား ၁၄ဝဝဝ ပြားစီပါ အထုပ်(၅)ထုပ်၊ ဆေးပြား ၇ဝဝဝဝ ပြား၊ စုစုပေါင်း ဆူဒိုအက်ဖီဒရင်းဆေးပြား (၅၁၈ဝဝဝ)ပြား(ဆေးပြား ၁ ပြားလျှင် ၂ဝဝ ကျပ်နှုန်းဖြင့် စုစုပေါင်း
တန်ဖိုး ငွေကျပ် ၁,ဝ၃၆ သိန်း) ယာဉ်ပေါ်ပါ ဆာလာအိတ်(၂)အိတ်အတွင်းမှ အက်ဖီဒရင်းနှင့် ဆူဒို အက်ဖီဒရင်း ဆေးပြားစုစုပေါင်း ၆၁၈ဝဝဝ ပြား၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၁,၆၈၁သိန်း နှင့် ၄င်းတို့ကိုင်ဆော င်သော လက်ကိုင်ဖုန်း(၂)လုံး တို့အား သိမ်းဆည်း ရမိခဲ့သည်။
၁၄၃ဝ အချိန် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ ဆမ်ခွက်နှင့် အိုက်ရုန်းတို့အား လားရှိုးအမှတ်(၁) ရဲစခန်းမယ(ပ)၂၂၁/၁၂ မူး/စိတ် ပုဒ်မ ၁၅/၁၆(ခ)/၂၁(ဆေးသုံးစွဲမှု/ လက်ဝယ်-သယ်ယူ-ဖြန့်ဖြူး-ရောင်းချ မှု/ အားထုတ်ပူးပေါင်းကြံစည်မှု)ဖြင့် တရားခံဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Myanmar Police Force


No comments: