Thursday, November 15, 2012
မြန်မာအစိုးရက ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့စွဲနဲ့သတင်း ထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေငြာ လိုက်ပါတယ်။

အမိန့်အပြည့်အစုံကို နိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာမှာ လည်း ဖော်ပြထားပါတယ်။ သို့သော်လည်း အဆိုပါ ကြေငြာချက်တွင် သတင်းထုတ်ပြန်ရေး အဖွဲ့ဝင်များ၏ ဆက်သွယ်ရန် တယ်လီဖုန်း နံပတ်များ၊ အီးမေးလ် လိပ်စာများ ပါဝင်ခြင်း မရှိသေးပေ။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ အမှတ်၊ ၈၁ /၂၀၁၂
၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း၂ရက် (၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်) သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း
၁။ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တ ရာယ် အရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခါအားလျော်စွာ သတင်း များထုတ်ပြန်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ သတင်းထုတ်ပြန် ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က)အရ" သတင်း ထုတ်ပြန်ရေး အဖွဲ့"ကို အောက်ပါ အတိုင်းဖွဲ့စည်းလိုက်သည်-
(က) ဦးအောင်သိမ်း အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး သမ္မတရုံး ဝန်ကြီးဌာန
(ခ) ဦးရဲမင်း အဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူးချုပ် သမ္မတဦးစီးရုံး
(ဂ) ဦးရဲနိုင် အဖွဲ့ဝင် အထွေထွေမန်နေဂျာ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ပြန်ကြားရေးဝန်ကြီးဌာန
(ဃ) ဦးမိုးကျော်အောင် အဖွဲ့ဝင် ညွှန်ကြားရေးမှူး နိုင်ငံတော်သမ္မတရုံး
(င) ဦးအောင်စိုးသိန်း အဖွဲ့ဝင် ညွှန်ကြားရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
(စ) ဦးဉာဏ်ထွန်း အတွင်းရေးမှူး ညွှန်ကြားရေးမှူး နိုင်ငံတော်သမ္မတရုံး
၂။ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာအောက်ပါ အတိုင်း ဖြစ်ပါသည်-
(က) နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ သတင်းများကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးရန်၊
(ခ) အခါအားလျော်စွာ လိုအပ်ချက်ရှိပါက သတင်းစာရှင်းလင်းပွဲများ တာဝန်ယူ ပြုလုပ်ပေးရန်၊
(ဂ) သတင်းထုတ်ပြန်ချက် (Press Statement)များ ထုတ်ပြန်ပေးရန်၊
(ဃ) ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် စပ်လျဉ်း၍ တင်ကူးမီဒီယာ (Preactive Media) လုပ်ငန်းနှင့် တုံ့ပြန် မီဒီယာ (Reactive Media) လုပ်ငန်းများဆောင်ရွက်ရန်၊
(င) ပြည်တွင်း ပြည်ပရှိ သတင်းဌာနများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ သတင်းဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းဖြန့်ချိရန်၊
(စ) ဝန်ကြီးဌာနအသီးသီးမှ ဖွဲ့စည်းထားသော သတင်းထုတ်ပြန်ရေး အဖွဲ့များနှင့် ချိတ်ဆက်၍ အထောက်အကူ ပေးနိုင်ရေး ညှိနှိုင်းဆောင် ရွက်ရန်။
(ပုံ) ဇော်သန်းသင်း အတွင်းရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့
irrawaddy

No comments:
Post a Comment